နိုင်ငံရေးလုပ်ချင်ပြီ ဆိုရင် ခေါင်မိုးပေါ်တက်ပြီး အော်လိုက်မယ်လို့ ဆိုတဲ့ ဆိုနုဆု

နိုင်ငံရေးလုပ်ချင်ပြီ ဆိုရင် ခေါင်မိုးပေါ်တက်ပြီး အော်လိုက်မယ်လို့ ဆိုတဲ့ ဆိုနုဆု
International-news

နိုင်ငံရေးလုပ်ချင်ပြီ ဆိုရင် ခေါင်မိုးပေါ်တက်ပြီး အော်လိုက်မယ်လို့ ဆိုတဲ့ ဆိုနုဆု

မောင်ယဿ ( စက်တင်ဘာ ၂၀)

ဘောလီးဝုဒ် ဆယ်လီတစ်ဦးဖြစ်တဲ့ ရုပ်ရှင်မင်းသား ပရဟိတသမား တစ်ဦးဖြစ်တဲ့ ဆိုနုဆုကို အိန္ဒိယ ပါလီမန် အထက်လွှတ်တော်မှာရှိတဲ့ ပါတီတွေက နိုင်ငံရေးလုပ်ဖို့အတွက် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ သူက အဲ့ဒိကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားတယ်လို့ အင်တာဗျူးတွေ မှာဖြေခဲ့ပါတယ်။

ဘာဖြစ်လို့အဲ့လိုကမ်းလှမ်းမှုတွေ လာသလဲဆိုတော့ အင်တာဗျူး တစ်ခုမှာ ရုပ်ရှင်လောက နားရင် ဘာလုပ်မလဲလို့ မေးတာကို သအခုလုပ်နေတဲ့ ပရဟိတလုပ်ငန်းတွေကို အထောက်အကူဖြစ်စေမယ့် နိုင်ငံရေးလောကထဲကို ဝင်မယ်လို့ပြောဖူးတဲ့အတွက် ကြောင့် သူ့ကိုနိုင်ငံရေးပါတီတွေက ကမ်းလှမ်းတာဖြစ်ပါလိမ်မယ် ။

အဲ့ဒိကိစ္စ နဲ့ ပတ်သက်ပြီး သူက အသေးစိတ်မပြောပေမဲ့ NDTV နဲ့ အင်တာဗျူးမှာတော့ “ ကျနော့်ကို ကမ်းလှမ်းထားတဲ့ပါတီ ၂ ခုရှိပါတယ်။ ပြောချင်တာက ကျနော်မှာ နိုင်ငံရေးလုပ်ချင်တဲ့ စိတ်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံ ကို ဦးဆောင်နိုင်ဖို့ အတွက် အဆင့်သင့်မဖြစ်သေးပါဘူး ။

လက်ရှိ ကျနော်ရနေတဲ့ ဘဝလေးကို နှစ်ခြိုက်နေတာလည်း ပါမှာပါ။ ကျနော်အဆင်သင့်ဖြစ်ပြီဆို တာနဲ့ ခေါင်မိုးပေါ်တက်ပြီး အိန္ဒိယ နိုင်ငံအတွက် ကျနော် အဆင်သင့်ဖြစ်ပြီဗျို့ လို့ တက်အော်မှာပါ” လို့ ပြောသွား ပါတယ်၊၊

ဘာဖြစ်လို့သူက ဒီစကားပြောတာလဲဆိုတော့ သူ့အင်တာဗျူး မတိုင်ခင် ၂ရက်လောက်က ဝင်ငွေခွန် ဦးစီးဌာနက သူ့ရဲ့ အိမ် နဲ့ လုပ်ငန်းကို ရှောင်တခင်စစ်ဆေးတဲ့နေရာမှာ အခွန်မဆောင်ထားတဲ့ ကိစ္စတွေ အလုံးအခဲလိုက် ရှိနေတယ်လို့ အခွန်ဌာနက ကြေညာထားတဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။

ဆိုနုဆုက အိန္ဒိယနိုင်ငံ ရွှေ့ပြောင်းလုပ်သား သက်သာချောင်ချိရေးလုပ်ငန်းတွေ နဲ့ ကိုဗစ်တိုက်ဖျက်ရေး လုပ်ငန်း တွေကို ငွေအား လူအားနဲ့ အကူအညီပေးနေပါတယ်။

ဒါပေမဲ့ သူနာမည်နဲ့ နိုင်ငံခြားက အလှူငွေတွေ ကို လက်ခံပြီး တိုက်ရိုက် စီမ့ကွက်ကဲ တဲ့အတွက် နိုင်ငံခြားအလှူငွေ ထိန်းချုပ်ရေး ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် အခွန်ဌာနတွေက အိမ်ရော ရုံးရော သူနဲ့ ပတ်သက်နေတဲ့ သူတွေကို ပါစစ်ဆေးနေပါတယ်။

REF: freepress journal,Photo :Credit  global circulate

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၂၀)








REF: freepress journal
Photo : global circulate

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

စာဖတ်နှေး တဲ့ ကလေးတွေအတွက် စာလုံးကြားကွက်လပ် ကျယ်ကျယ်လုပ်ပေးပါက တိုးတက်မှုမြန်ဆန်
International-news
စာဖတ်နှေး တဲ့ ကလေးတွေအတွက် စာလုံးကြားကွက်လပ် ကျယ်ကျယ်လုပ်ပေးပါက တိုးတက်မှုမြန်ဆန်

စာဖတ်နှေး တဲ့ ကလေးတွေအတွက် စာလုံးကြားကွက်လပ် ကျယ်ကျယ်လုပ်ပေးပါက တိုးတက်မှုမြန်ဆန် မောင်ယဿ ( အောက်တိုဘာ ၂ ) အမေရိကန်နိုင်ငံ က ဒစ္စလီရှား အဖွဲ့အစည်း ရဲ့ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသန အရ ဒစ္စလီရှား ပြဿနာရှိတဲ့ ကလေးတွေကို သူတို့ ဖတ်တဲ့ ပြဌန်းစာအုပ်မှာ စာလုံကြီး ကွက်လပ်ကျယ်ကျယ်လုပ်ပေးပါက သူတို့ရဲ့ စာဖတ်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။ ဒစ္စလီရှား ဆိုတာက မူလတန်းကလေးတွေမှာ အဖြစ်များပြီး အလယ်တန်းနဲ့ အထက်တန်း ကလေးအချို့ မှာလည်း ရံဖန်ရံခါတွေ့ရတဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒစ္စလီရှားပြဿနာတက်နေတဲ့ ကလေးက စာအုပ်ထဲက စာတွေကို ပုံမှန်ကလေးတွေလို သွက်သွက်လက်လက် မရွတ်ဖတ်နိုင်တာပါပဲ။ သူတို့ …

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
International-news
ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ မောင်ယဿ ( အောက်တိုဘာ၂ ) ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ တရုတ်ဗုံးကျဲလေယာဉ်အစင်း ၂၀ ကျော်က ထိုင်ဝမ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာလို့ အမြန်ဆုံးထွက်ခွာပေးဖို့ သတိပေးလိုက် ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ အဆို အရ တရုတ်ဗုံးကျဲလေယာဉ်တွေ က အသုတ် ၂ သုတ်ခွဲပြီး ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပထမအသုတ်က ဗုံးကျဲလေယာဉ် ၂၅ စင်းပါပြီး အဲ့ ဒိလေယာဉ်တွေထဲမှာ နျူကလိယဗုံးတွေတင်တဲ့ လေယာဉ်တွေလည်း ပါပါတယ်။ ဒုတိယအသုတ် လေယာဉ် ၁၃ စင်းပါပြီး ညဖက်မှာဝင်ရောက်လာခဲ့တာလို့ လည်း ဆိုပါတယ်။ အဲ့ဒိလေယာဉ် …

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ
International-news
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ မောင်ယဿ ( အောက်တိုဘာ ၂ ) ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူ ဂါဗင်နယူးဆမ်က ပြည်နယ်အတွင်း ရှိ အစိုးရ ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ ၊ကျောင်းသားတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်မရဘဲဖြစ်နေတဲ့အတွက် ကာကွယ်ဆေး ထိုးပေးဖို့လိုအပ်နေတဲ့အကြောင်း ဒီကနေ့ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။ သူက ကလေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါး အာဏါပိုင် အဖွဲ့ (FDA) အနေနဲ့ ခွင့်ပြုသင့်တဲ့ ကိစ္စတွေကို ခွင့်ပြုလို့ရရင် ခွင့်ပြုဖို့ မလိုအပ်ဘဲ နှောင့်နှေးမှု တွေကို မလုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ အမေရိကားမှာ အခြေခံအဆင့် စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး …