International-news
မောင်ယဿ
Unicode
နာလန်ထ အဆိုတော် pink က ကိုဗစ်-၁၉ တိုက်ဖျက်ဖို့ ကန် ဒေါ်လာ ၁သန်းလှူ
အမေရိကန် အဆိုတော် သီချင်းရေး ဆရာ အကမော်ဒယ် pinkက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးနောက် ပြန်လည် နေကောင်း လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ သောကြာနေ့က သူမဟာ အစိုးရ အရေးပေါ် ရန်ပုံငွေ အဖွဲ့ ၂ ဖွဲ့ကို ဒေါ်လာ ၅သိန်းစီ လှူဒါန်း ခဲ့ကြောင်း ကြေငြာခဲ့ပါတယ် ။ လွန်ခဲ့တဲ့၂ ပတ်က သူမနဲ့ သူမရဲ့ ၃ နှစ်သား ၂ ယောက်လုံး ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တွေ့ခဲ့ပါတယ် ။ သမားတော်တွေရဲ့ ပြုစု စောင့်ရှောက် မှုကြောင့် ၂ ယောက်စလုံး နေပြန် ကောင်းလာပြီး မိသားစုနဲ့ ပြန်နေခွင့်ရပါ ပြီ ။ သူမက “ ပြီးခဲ့တဲ့ ရက်တွေတုန်းက ကျမ တော်တော်လေး ခံစားလိုက်ရတယ် ။ အခု ပိုးရှိမရှိ ပြန်စစ်တာ ၂ ခါ ရှိပါပြီ ။ ပိုးလုံးဝ မတွေ့ရတော့ ပါဘူး ။” လို့ဆိုတယ် ။
အယ်လ်ဘမ် ၈ ချပ်ထုတ်ထားပြီး ဂရမ္မီ ဆုရှင်က ကိုဗစ်ရောဂါ တိုက်ဖျက်ဖို့ အစိုးရသက်သက်နဲ့ အလုပ် မဖြစ်ပါဘူး ။ အားလုံးပါဝင်မှ တိုက်ဖျက်လို့ရမှာပါ ။ ရောဂါဒဏ်က တော်တော်ပြင်းပါတယ်။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ကျန်းမာတဲ့လူဖြစ်ဖြစ် နေမကောင်းတဲ့လူ ဖြစ်ဖြစ် ဆင်းရဲတဲ့လူဖြစ်ဖြစ် ချမ်းသာတဲ့လူဖြစ်ဖြစ် ဘယ်သူမဆိုရောဂါကူးနိုင်တယ် ။
ပြီးတော့ ဆိုးဝါးတဲ့ ရောဂါဒဏ် ကိုခံစားရပါမယ် ။ ကျမတို့ရဲ့ ရင်သွေးငယ်တွေ မိသားစုတွေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လူ့အဖွဲ့အစည်း တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျမတို့ ကိုယ်တိုင် ကျမ တို့ကို လိုအပ်နေပါတယ် ။ သူမက တန်ပယ်တက္ကသိုလ်ဆေးရုံ ရန်ပုံငွေ အတွက် ဒေါ်လာ ၅ သိန်းနဲ့ လော့စ်အိန်ဂျလိ့စ်မြို့တော်ဝန် ရန်ပုံငွေအတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့ ပါတယ် ။
သူမရဲ့မိဘတွေက အဲ့ဒီ့ဆေးတက္ကသိုလ်က ခွဲစိတ်ဆရာဝန်ကြီးတွေပါ။ သူမက ကျန်မာရေးဝန်ထမ်းတွေကို တကယ့်သူရဲကောင်းလို့ချီးကျူးခဲ့ပြီး ပြည်သူတွေကိုအိမ်မှာပဲနေကြဖို့နဲ့ အပြင်မထွက်ကြဖို့ သူမရဲ့တွစ်တာမှတဆင့် လှုံ့ဆော်စည်းရုံးနေပါတယ်။ ကျမတို့တွေ အိမ်အပြင်ကို၂ပတ်လောက ်မထွက်ပဲနေမယ်ဆိုရင် ကျမတို့ရဲ့လွတ်လပ်တဲ့ကိုယ်ပိုင်ဘဝကို ပြန်ရကြမှာပါ။ နည်းနည်းလေး တောင့်ခံကြပါအုန်းလို့ ဆိုပါတယ်။
မောင်ယဿ
ကိုးကား-Upi / ဓာတ်ပုံ-Upi
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …