နာမည္ႀကီး အေမဇုံ ေတာတြင္းသားေခါင္းေဆာင္ ေကာ္႐ိုနာဗိုင္းရက္နဲ႔ကြယ္လြန္

နာမည္ႀကီး အေမဇုံ ေတာတြင္းသားေခါင္းေဆာင္ ေကာ္႐ိုနာဗိုင္းရက္နဲ႔ကြယ္လြန္
International-news

နာမည္ႀကီး အေမဇုံ ေတာတြင္းသားေခါင္းေဆာင္ ေကာ္႐ိုနာဗိုင္းရက္နဲ႔ကြယ္လြန္

ေတာင္အေမရိက တိုက္က မိုးေရခံေတာ အၿမဲစိမ္းေတာ ေတြကို ကာကြယ္ ေစာင့္ေရွာက္သူႀကီးလို႔ နာမည္ႀကီး တဲ့ အေမဇုံ ေတာတြင္းသား လူမ်ိဳး ေခါင္းေဆာင္က ဘရာဇီး ႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါမိၿပီး ကြယ္လြန္ သြားပါတယ္ ။

ကာယာပို လူမ်ိဳးႏြယ္စုေခါင္းေဆာင္ ေပၚလင္ဟိုပရာကန္ က ၁၉၈၀ ခုႏွစ္မ်ား ဆီက တည္ေဆာက္ရန္ ျပင္ဆင္ ခဲ့တဲ့ ဘီလိုမြန္ေတး ေရအားလွ်ပ္စစ္ စီမံကိန္းကို ဦးေဆာင္ၿပီး ဆႏၵျပ ကန႔္ကြက္ခဲ့ သူပါ ။ အေမဇုံ မိုးေရခံေတာ အတြင္းမွာ လာေရာက္ တည္ေဆာက္တဲ့ အဲ့ဒိ စီမံကိန္း ေၾကာင့္ ျဖစ္သြားမယ့္ ဆိုးက်ိဳးေတြကို ပရာကန္က ဂီတ ပညာရွင္ စတန္းနဲ႔ တြဲဖက္ၿပီး ကမာၻက သတိထားမိ သြားေအာင္ လုပ္ခဲ့ပါတယ္ ။ အဲ့ဒိ စီမံကိန္းက စင္ဂူျမစ္ကို ျဖတ္ၿပီး တည္ေဆာက္မယ့္ ကမာၻ႔ တတိယ အႀကီးဆုံး ေရအား လွ်ပ္စစ္ စီမံကိန္း ျဖစ္ပါတယ္ ။

ပရာကန္(၆၆ႏွစ္) က ပါရာျပည္နယ္ ေတာင္ပိုင္းက ရီဒန္ေစာင္ ေဆး႐ုံမွာ ဗုဒၶဟူးေန႔ မနက္ပိုင္းက ကြယ္လြန္ ခဲ့တာပါ ။ ဘရာဇီးမွာ ေကာ္႐ိုနာဗိုင္းရက္ေရာဂါပိုးေတြ႕ရွိ သူ ၉သိန္းခြဲ ေက်ာ္ေနၿပီး ေသဆုံးသူ ၄၆၅၁၀ ဦး ရွိေနပါတယ္ ။

၁၉၉၈ တုန္းက ပရာကန္က ၁၉၉၂ခုႏွစ္တုန္းက ၁၈ႏွစ္အ႐ြယ္ ေက်ာင္းသူေလး တစ္ဦးကို သူ႔ရဲ႕ဇနီးရဲ႕ အကူအညီနဲ႔ မုဒိမ္းက်င့္ခဲ့မႈေၾကာင့္ ေထာင္ ၆ ႏွစ္ က်ခဲ့ပါတယ္ ။ အဲ့ဒိရာဇဝတ္မႈက သူရဲ႕ေက်ာ္ၾကားမႈ ကို အမ်ားႀကီး ထိခိုက္ နစ္နာခဲ့ ပါတယ္ ။ ဘရာဇီးအစိုးရရဲ႕ အေမဇုံေတာကို ဖ်က္ဆီးၿပီး ေရအားလွ်ပ္စစ္ စီမံကိန္း အတြက္ ေရကာတာ ေဆာက္လုပ္တဲ့ ကိစၥကို ကမာၻသိေအာင္ လုပ္ႏိုင္စြမ္းက လူမသိသူမသိေတာထဲ လူမ်ိဳးႏြယ္စု ေခါင္းေဆာင္ တစ္ေယာက္ရဲ႕အေကာင္းဆုံး စြမ္းေဆာင္မႈ တစ္ခုျဖစ္ပါတယ္ ။

ပရာကန္ရဲ႕ ထူးျခားခ်က္ ေနာက္တစ္ခုက ေတာတြင္းက မ်ိဳးႏြယ္စု ေတြကို စီးပြားေရးအရ ေအာင္ျမင္မႈေတြ ရေအာင္ လုပ္ေဆာင္ ေပးႏိုင္တာပါပဲ ။ စီးပြားျဖစ္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရး လုပ္ငန္းကို ေအာင္ျမင္ ေအာင္လုပ္ ေဆာင္ႏိုင္တာပါပဲ ။ သဘာဝ ပတ္ဝန္းက်င္ထိမ္းသိမ္းႏိုင္မႈ အလွကုန္ ပစၥည္းေတြ ထုတ္လုပ္ႏိုင္ခဲ့ တာပါ ။

အလွကုန္ ပစၥည္းထုတ္လုပ္ဖို႔ ဘရာဇီးႏိုင္ငံမိုးေရခံေတာထဲက အခြံမာသီးေတြထဲက အဆီထုတ္တဲ့ စနစ္ကို အေကာင္အထည္ ေဖာ္ႏိုင္ခဲ့တာပါ ။ ေတာတြင္း လူမ်ိဳးႏြယ္စုေတြနဲ႔ ႏိုင္ငံတကာက ဝိုင္းေအာ္ေနတဲ့ ၾကားထဲကေန ဘရားဇီးအစိုးရက၂၀၁၆မွာ ဘီလိုမြန္ေတးကို ရေအာင္လည္ပတ္ခဲ့ပါတယ္ ။ သူတို႔ရဲ႕ တတိယအဆင့္ မဂၢါဝပ္ ၁၁၂၀၀ ကို စတင္ထုတ္ႏိုင္ခဲ့ပါတယ္ ။

ေမာင္ယႆ

REF: dailymail / Photo; dailymail

Unicode

နာမည်ကြီး အမေဇုံ တောတွင်းသားခေါင်းဆောင် ကော်ရိုနာဗိုင်းရက်နဲ့ကွယ်လွန်

တောင်အမေရိက တိုက်က မိုးရေခံတော အမြဲစိမ်းတော တွေကို ကာကွယ် စောင့်ရှောက်သူကြီးလို့ နာမည်ကြီး တဲ့ အမေဇုံ တောတွင်းသား လူမျိုး ခေါင်းဆောင်က ဘရာဇီး နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါမိပြီး ကွယ်လွန် သွားပါတယ် ။

ကာယာပို လူမျိုးနွယ်စုခေါင်းဆောင် ပေါ်လင်ဟိုပရာကန် က ၁၉၈၀ ခုနှစ်များ ဆီက တည်ဆောက်ရန် ပြင်ဆင် ခဲ့တဲ့ ဘီလိုမွန်တေး ရေအားလျှပ်စစ် စီမံကိန်းကို ဦးဆောင်ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ သူပါ ။ အမေဇုံ မိုးရေခံတော အတွင်းမှာ လာရောက် တည်ဆောက်တဲ့ အဲ့ဒိ စီမံကိန်း ကြောင့် ဖြစ်သွားမယ့် ဆိုးကျိုးတွေကို ပရာကန်က ဂီတ ပညာရှင် စတန်းနဲ့ တွဲဖက်ပြီး ကမ္ဘာက သတိထားမိ သွားအောင် လုပ်ခဲ့ပါတယ် ။ အဲ့ဒိ စီမံကိန်းက စင်ဂူမြစ်ကို ဖြတ်ပြီး တည်ဆောက်မယ့် ကမ္ဘာ့ တတိယ အကြီးဆုံး ရေအား လျှပ်စစ် စီမံကိန်း ဖြစ်ပါတယ် ။

ပရာကန်(၆၆နှစ်) က ပါရာပြည်နယ် တောင်ပိုင်းက ရီဒန်စောင် ဆေးရုံမှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ကွယ်လွန် ခဲ့တာပါ ။ ဘရာဇီးမှာ ကော်ရိုနာဗိုင်းရက်ရောဂါပိုးတွေ့ရှိ သူ ၉သိန်းခွဲ ကျော်နေပြီး သေဆုံးသူ ၄၆၅၁၀ ဦး ရှိနေပါတယ် ။

၁၉၉၈ တုန်းက ပရာကန်က ၁၉၉၂ခုနှစ်တုန်းက ၁၈နှစ်အရွယ် ကျောင်းသူလေး တစ်ဦးကို သူ့ရဲ့ဇနီးရဲ့ အကူအညီနဲ့ မုဒိမ်းကျင့်ခဲ့မှုကြောင့် ထောင် ၆ နှစ် ကျခဲ့ပါတယ် ။ အဲ့ဒိရာဇဝတ်မှုက သူရဲ့ကျော်ကြားမှု ကို အများကြီး ထိခိုက် နစ်နာခဲ့ ပါတယ် ။ ဘရာဇီးအစိုးရရဲ့ အမေဇုံတောကို ဖျက်ဆီးပြီး ရေအားလျှပ်စစ် စီမံကိန်း အတွက် ရေကာတာ ဆောက်လုပ်တဲ့ ကိစ္စကို ကမ္ဘာသိအောင် လုပ်နိုင်စွမ်းက လူမသိသူမသိတောထဲ လူမျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်ရဲ့အကောင်းဆုံး စွမ်းဆောင်မှု တစ်ခုဖြစ်ပါတယ် ။

ပရာကန်ရဲ့ ထူးခြားချက် နောက်တစ်ခုက တောတွင်းက မျိုးနွယ်စု တွေကို စီးပွားရေးအရ အောင်မြင်မှုတွေ ရအောင် လုပ်ဆောင် ပေးနိုင်တာပါပဲ ။ စီးပွားဖြစ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကို အောင်မြင် အောင်လုပ် ဆောင်နိုင်တာပါပဲ ။ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းနိုင်မှု အလှကုန် ပစ္စည်းတွေ ထုတ်လုပ်နိုင်ခဲ့ တာပါ ။

အလှကုန် ပစ္စည်းထုတ်လုပ်ဖို့ ဘရာဇီးနိုင်ငံမိုးရေခံတောထဲက အခွံမာသီးတွေထဲက အဆီထုတ်တဲ့ စနစ်ကို အကောင်အထည် ဖော်နိုင်ခဲ့တာပါ ။ တောတွင်း လူမျိုးနွယ်စုတွေနဲ့ နိုင်ငံတကာက ဝိုင်းအော်နေတဲ့ ကြားထဲကနေ ဘရားဇီးအစိုးရက၂၀၁၆မှာ ဘီလိုမွန်တေးကို ရအောင်လည်ပတ်ခဲ့ပါတယ် ။ သူတို့ရဲ့ တတိယအဆင့် မဂ္ဂါဝပ် ၁၁၂၀၀ ကို စတင်ထုတ်နိုင်ခဲ့ပါတယ် ။

မောင်ယဿ

REF: dailymail / Photo; dailymail

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …