
နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕
ဒုတိယ ကမာၻ စစ္အတြင္းမွာ နာဇီပါတီက ပါတီဝင္ေတြက ဂ်ာမဏီစစ္တပ္ တိုက္လို႔ ႏိုင္ခဲ့တဲ့ ၿမိဳ႕ေတြတိုင္းကို အေနာက္က လိုက္လာၿပီး ၿမိဳ႕ထဲက ခ်မ္းသာသူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို လုယက္ယူငင္ခဲ့ပါတယ္။
ဘာလင္ၿမိဳ႕ က်ရႈံးသြားတဲ့အခ်ိန္မွာ ႐ုရွား တပ္နီေတာ္က ဘာလင္ၿမိဳ႕ထဲက အိမ္ေတြမွာ ပိုင္ဆိုင္မႈေတြကို ျပန္လည္ လုယက္ယူ ႏိုင္ေပမဲ့ ဥေရာပတစ္လႊားက အဖိုးတန္ပစၥည္း ေတာ္ေတာ္မ်ားမ်ား ျပန္မရခဲ့ပါဘူး။
ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ပါတယ္။ အဲ့ဒိကိစၥကို စိတ္ဝင္စားေနတဲ့ အေမရိကန္ အေျခစိုက္ ဝိုက္ဆန္သည္ စင္တာက ႏွစ္ေပါင္းမ်ားစြာ ေျခရာခံၿပီး ေနာက္မွာေတာ့ အာဂ်င္တီးနားမွာ နာဇီပါတီဝင္ ၁၂၀၀၀ရဲ႕ ဆြစ္ဘဏ္အေကာင့္ကို စတင္ အနံ႔ခံမိပါတယ္။
ေထာင္ေပါင္းမ်ားစြာေသာ နာဇီပါတီဝင္ေဟာင္းေတြရဲ႕ ဆြစ္ဘဏ္အေကာင့္ မွတ္တမ္းေတြကို အာဂ်င္တီးနားႏိုင္ငံၿမိဳ႕ေတာ္ ဗ်ဴႏိုေအရီ က အေဆာက္ အအုံ တစ္ခုကေန ရခဲ့ပါတယ္။
အဲ့ဒိ အေဆာက္အအုံကို အရင္တုန္းက နာဇီဌာနခ်ဳပ္ ႐ုံးခန္းအျဖစ္ အသုံးျပဳခဲ့ ဖူးပါတယ္။ အဲ့ဒိ မွတ္တမ္းအရ နာဇီေတြက သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ခရက္ဒစ္ ဆြစ္ဆီ ဘစ္ထဲမွာ အပ္ႏွံ ထားခဲ့ၾကပါတယ္။
အပ္ႏွံ ထားတဲ့အရာ ေတြ ပိုက္ဆံေတြက အခုဆိုရင္ ေအးခဲေနတဲ့ ေျမတိုက္ခန္းထဲမွာ ေမ့ေလ်ာ့ခံ ပစၥည္းေတြ ျဖစ္ေနေလာက္ပါၿပီ။ အဲ့ဒိစာရင္းေတြ မွတ္တမ္းေတြက အာဂ်င္တီးနား စုံစမ္းေရးမႉး ပီဒ႐ိုဖိလစ္ပက္ဇီ ဆီက ရခဲ့တာပါ။
အခုေတာ့ သူ႔ကို အဲ့ဒိမွတ္တမ္းေတြ ျပန္လည္ ေပးအပ္လိုက္ပါၿပီ။ ဒီေတြ႕ရွိမႈက အဲ့ဒိတုန္းက အာဂ်င္တီးနား သမၼတေရာ္ဘတ္တို ေအာ့တစ္ နဲ႔ နာဇီပါတီဝင္ေဟာင္းေတြ ၾကားက ဆက္ဆံေရးကို သိခြင့္ရတာပါပဲ။
အာဂ်င္တီးနားသမၼတ က ၁၉၄၃ မွာ အာဏါစြန႔္သြားေတာ့ ဘဏ္နဲ႔ ပတ္သက္တဲ့ စာ႐ြက္ စာတမ္းေတြ ေပ်ာက္ဆုံးသြားပါတယ္။ ဝိုက္ဆန္သည္စင္တာကေတာ့ ဂ်ဴးေတြရဲ႕ ပိုင္ဆိုင္မႈေတြက ခရက္ဒစ္ဆြစ္ဆီ ဘဏ္ထဲမွာရွိေနမွာပါ။
မွတ္တမ္းထဲက အခ်က္အလက္ အခ်ိဳ႕အရ နာဇီပါတီဝင္ ေတာ္ေတာ္မ်ားမ်ားက ဘဏ္က ျပန္ထုတ္တာ မရွိပါဘူးလို႔ ဆိုေနပါတယ္။ ဘဏ္ဒုဥကၠဌ ခရစ္ယန္ေကာင္ ကေတာ့ ဒီကိစၥက ေျဖရွင္းရ ခက္ပါတယ္။
ဒုတိယကမာၻစစ္အတြင္းက နာဇီေတြရဲ႕ လူမ်ိဳူးတုန္း သက္ျဖတ္မႈကို ခံလိုက္ရတဲ့ ဂ်ဴးေတြကို ျပန္လည္ အပ္ႏွင္းသင့္တယ္လို႔ ယူဆရေပမဲ့ အေထာက္အထားေတြက အခက္အခဲ ျဖစ္ေစမွာပါ”လို႔ဆိုတယ္။
ေမာင္ယႆ
REF: upi
Photo; wiki
နာဇီ ၁၂၀၀၀ ရဲ့ဆွစ်ဘဏ် အကောင့်ကို အာဂျင်တီးနားမှာတွေ့
ဒုတိယ ကမ္ဘာ စစ်အတွင်းမှာ နာဇီပါတီက ပါတီဝင်တွေက ဂျာမဏီစစ်တပ် တိုက်လို့ နိုင်ခဲ့တဲ့ မြို့တွေတိုင်းကို အနောက်က လိုက်လာပြီး မြို့ထဲက ချမ်းသာသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ယူငင်ခဲ့ပါတယ်။
ဘာလင်မြို့ ကျရှုံးသွားတဲ့အချိန်မှာ ရုရှား တပ်နီတော်က ဘာလင်မြို့ထဲက အိမ်တွေမှာ ပိုင်ဆိုင်မှုတွေကို ပြန်လည် လုယက်ယူ နိုင်ပေမဲ့ ဥရောပတစ်လွှားက အဖိုးတန်ပစ္စည်း
တော်တော်များများ ပြန်မရခဲ့ပါဘူး။
ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။ အဲ့ဒိကိစ္စကို စိတ်ဝင်စားနေတဲ့ အမေရိကန် အခြေစိုက် ဝိုက်ဆန်သည် စင်တာက နှစ်ပေါင်းများစွာ ခြေရာခံပြီး နောက်မှာတော့ အာဂျင်တီးနားမှာ နာဇီပါတီဝင် ၁၂၀၀၀ရဲ့ ဆွစ်ဘဏ်အကောင့်ကို စတင် အနံ့ခံမိပါတယ်။
ထောင်ပေါင်းများစွာသော နာဇီပါတီဝင်ဟောင်းတွေရဲ့ ဆွစ်ဘဏ်အကောင့် မှတ်တမ်းတွေကို အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေရီ က အဆောက် အအုံ တစ်ခုကနေ ရခဲ့ပါတယ်။
အဲ့ဒိ အဆောက်အအုံကို အရင်တုန်းက နာဇီဌာနချုပ် ရုံးခန်းအဖြစ် အသုံးပြုခဲ့ ဖူးပါတယ်။ အဲ့ဒိ
မှတ်တမ်းအရ နာဇီတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခရက်ဒစ် ဆွစ်ဆီ ဘစ်ထဲမှာ အပ်နှံ ထားခဲ့ကြပါတယ်။
အပ်နှံ ထားတဲ့အရာ တွေ ပိုက်ဆံတွေက အခုဆိုရင် အေးခဲနေတဲ့ မြေတိုက်ခန်းထဲမှာ မေ့လျော့ခံ ပစ္စည်းတွေ ဖြစ်နေလောက်ပါပြီ။ အဲ့ဒိစာရင်းတွေ မှတ်တမ်းတွေက အာဂျင်တီးနား စုံစမ်းရေးမှူး ပီဒရိုဖိလစ်ပက်ဇီ ဆီက ရခဲ့တာပါ။
အခုတော့ သူ့ကို အဲ့ဒိမှတ်တမ်းတွေ ပြန်လည် ပေးအပ်လိုက်ပါပြီ။ ဒီတွေ့ရှိမှုက အဲ့ဒိတုန်းက အာဂျင်တီးနား သမ္မတရော်ဘတ်တို အော့တစ် နဲ့ နာဇီပါတီဝင်ဟောင်းတွေ ကြားက ဆက်ဆံရေးကို သိခွင့်ရတာပါပဲ။
အာဂျင်တီးနားသမ္မတ က ၁၉၄၃ မှာ အာဏါစွန့်သွားတော့ ဘဏ်နဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေ ပျောက်ဆုံးသွားပါတယ်။ ဝိုက်ဆန်သည်စင်တာကတော့ ဂျူးတွေရဲ့ ပိုင်ဆိုင်မှုတွေက ခရက်ဒစ်ဆွစ်ဆီ ဘဏ်ထဲမှာရှိနေမှာပါ။
မှတ်တမ်းထဲက အချက်အလက် အချို့အရ နာဇီပါတီဝင် တော်တော်များများက ဘဏ်က ပြန်ထုတ်တာ မရှိပါဘူးလို့ ဆိုနေပါတယ်။ ဘဏ်ဒုဥက္ကဌ ခရစ်ယန်ကောင် ကတော့ ဒီကိစ္စက ဖြေရှင်းရ ခက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေရဲ့ လူမျိုူးတုန်း သက်ဖြတ်မှုကို ခံလိုက်ရတဲ့ ဂျူးတွေကို ပြန်လည် အပ်နှင်းသင့်တယ်လို့ ယူဆရပေမဲ့ အထောက်အထားတွေက အခက်အခဲ ဖြစ်စေမှာပါ”လို့ဆိုတယ်။
မောင်ယဿ
REF: upi
Photo; wiki
No Comments