နတ္ဘုရား ဝင္စားတဲ့ ဆိတ္ လူမ်က္ႏွာ ျဖစ္ေန
- By : Phoe Linn
- Category : International-news

နတ္ဘုရား ဝင္စားတဲ့ ဆိတ္ လူမ်က္ႏွာ ျဖစ္ေန
အိႏၵိယက ႐ြာေလးတစ္႐ြာမွာ ဗီဇ သေဘာတရား အရ ထြန္းျခင္း ျဖစ္ေပၚေနတဲ့ ဆိတ္ တစ္ေကာင္က လူမ်က္ႏွာနဲ႔ တူေနလို႔ ႐ြာသားေတြက နတ္ဘုရား ဝင္စားတယ္ ဆိုၿပီး ရွိခိုးပူေဇာ္ သကၠာရျပဳ ေနၾကပါတယ္ ။
အိႏၵိယႏိုင္ငံ အေနာက္ ေျမာက္ပိုင္း ရာဇသန္ျပည္နယ္ နီမိုဒီယားေဒသမွာ ဆိတ္ေလး တစ္ေကာင္က မ်က္ႏွာျပားၿပီး လူနဲ႔တူကာ မ်က္လုံး ေတြက လူနဲ႔ပိုလို႔ တူေန ပါတယ္ ။
အဲ့ဒိ ဆိတ္ပိုင္ရွင္ ပရာဂ်ပတ္က “ဆိတ္ကေလးကို ေမြးေတာ့ က်ေနာ္က စြယ္စုံက်မ္း ထဲမွာ ရွာေဖြဖတ္ ၾကည့္ေတာ့ ဗီဇ ေဖာက္ျပန္မႈေၾကာင့္လို႔ သိခဲ့ ရပါတယ္ ။
ဗီဇမွ်ဥ္ေတြ ျပန္တြဲတဲ့ အခါမွာ ကေမာက္ ကမ ျဖစ္စဥ္ တစ္ခုခုေၾကာင့္ ဒီလိုမ်ိဳး ဆိတ္ကဆိတ္နဲ႔ မတူပဲ လူ႐ုပ္ ထြက္ေနတာပါ”လို႔ ရွင္းျပပါ တယ္ ။ ဒါေပမဲ့ နီမိုဒီယားက လူအမ်ားစု ကေတာ့ ဒီလို သိပၸံဆိုင္ရာ အခ်က္ အလက္ေတြက သူတို႔ အတြက္ စိတ္ရႈတ္ စရာ ျဖစ္ေန ပါတယ္ ။
သူတို႔ အတြက္ကေတာ့ လူနဲ႔တူတဲ့ အေကာင္ တစ္ေကာင္ ဆိုရင္ ဒါက ျဗဟၼာႀကီးက ဖန္ဆင္းထားတဲ့ နတ္ဘုရား တစ္ပါးပါး ဝင္စားတာပဲ ျဖစ္လိမ့္ မယ္လို႔ သေဘာထား လိုက္တာ ပါပဲ ။ သူတို႔ အတြက္က လူမ်က္ႏွာနဲ႔ ဆိတ္ကေလးက နတ္ဘုရား တစ္ပါးပါး ပါပဲ။
သူတို႔က ၿပီးခဲ့တဲ့လက အာဂ်င္တီးနားမွာ ဗီဇထြန္းၿပီး လူမ်က္ႏွာ ပုံစံထြက္ လာတဲ့ ႏြားကေလးအေၾကာင္းကို မသိဘူး။ သိခဲ့ရင္လည္း အာဂ်င္တီးနားက ႏြားကေလးကေတာ့ နီမိုးဒီယားမွာမေမြးလို႔ နတ္ဘုရားျဖစ္မွာ မဟုတ္ပါဘူး။
ခက္တာက ဗီဇထြန္းၿပီး ေမြးတဲ့အေကာင္ေတာ္ေတာ္မ်ားမ်ားက ေမြးကာစမွာပဲေသတာမ်ားပါတယ္။ မႏွစ္က ႏိုဝင္ဘာလ ၅ရက္တုန္းကလည္း တ႐ုတ္ႏိုင္ငံက ကူမင္းၿမိဳ႕ရဲ႕ ေရကန္တစ္ကန္မွာ လူမ်က္ႏွာနဲ႔ငါးတစ္ေကာင္ကိုေတြ႕ခဲ့ရပါတယ္။
အဲ့ဒိငါးက လူရဲ႕ေခါင္းနဲ႔ ေတာ္ေတာ္တူတဲ့အျပင္ ႏွာတံပါ ေပၚေနပါတယ္။ ဗီဇထြန္းျခင္းဆိုတဲ့ ကိစၥက အေျခအေန ၄ရပ္ရွိပါတယ္။
၃ ရပ္က DNAနဲ႔ ပတ္သက္ေနၿပီး က်န္တစ္ရပ္ကေတာ့ RNAနဲ႔ ပတ္သက္ ေနပါတယ္။ ဆဲလ္ေတြက မ်ိဳး႐ိုးဆက္ခံတဲ့ ကိစ ၥလုပ္ေနခ်ိန္မွ
ာ ဗီဇမွ်ဥ္ေတြ ျပန္တြဲေတာ့ အမွားမွား အယြင္းယြင္း တြဲမိတဲ့အခါမွာ အဲ့လို ထြန္းျခင္းဆိုတာျဖစ္ေပၚလာ တာပါ။
ေမာင္ယႆ REF: mirror
Unicode
နတ်ဘုရား ဝင်စားတဲ့ ဆိတ် လူမျက်နှာ ဖြစ်နေ
အိန္ဒိယက ရွာလေးတစ်ရွာမှာ ဗီဇ သဘောတရား အရ ထွန်းခြင်း ဖြစ်ပေါ်နေတဲ့ ဆိတ် တစ်ကောင်က လူမျက်နှာနဲ့ တူနေလို့ ရွာသားတွေက နတ်ဘုရား ဝင်စားတယ် ဆိုပြီး ရှိခိုးပူဇော် သက္ကာရပြု နေကြပါတယ် ။
အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်း ရာဇသန်ပြည်နယ် နီမိုဒီယားဒေသမှာ ဆိတ်လေး တစ်ကောင်က မျက်နှာပြားပြီး လူနဲ့တူကာ မျက်လုံး တွေက လူနဲ့ပိုလို့ တူနေ ပါတယ် ။
အဲ့ဒိ ဆိတ်ပိုင်ရှင် ပရာဂျပတ်က “ဆိတ်ကလေးကို မွေးတော့ ကျနော်က စွယ်စုံကျမ်း ထဲမှာ ရှာဖွေဖတ် ကြည့်တော့ ဗီဇ ဖောက်ပြန်မှုကြောင့်လို့ သိခဲ့ ရပါတယ် ။
ဗီဇမျှဉ်တွေ ပြန်တွဲတဲ့ အခါမှာ ကမောက် ကမ ဖြစ်စဉ် တစ်ခုခုကြောင့် ဒီလိုမျိုး ဆိတ်ကဆိတ်နဲ့ မတူပဲ လူရုပ် ထွက်နေတာပါ”လို့ ရှင်းပြပါ တယ် ။ ဒါပေမဲ့ နီမိုဒီယားက လူအများစု ကတော့ ဒီလို သိပ္ပံဆိုင်ရာ အချက် အလက်တွေက သူတို့ အတွက် စိတ်ရှုတ် စရာ ဖြစ်နေ ပါတယ် ။
သူတို့ အတွက်ကတော့ လူနဲ့တူတဲ့ အကောင် တစ်ကောင် ဆိုရင် ဒါက ဗြဟ္မာကြီးက ဖန်ဆင်းထားတဲ့ နတ်ဘုရား တစ်ပါးပါး ဝင်စားတာပဲ ဖြစ်လိမ့် မယ်လို့ သဘောထား လိုက်တာ ပါပဲ ။ သူတို့ အတွက်က လူမျက်နှာနဲ့ ဆိတ်ကလေးက နတ်ဘုရား တစ်ပါးပါး ပါပဲ။
သူတို့က ပြီးခဲ့တဲ့လက အာဂျင်တီးနားမှာ ဗီဇထွန်းပြီး လူမျက်နှာ ပုံစံထွက် လာတဲ့ နွားကလေးအကြောင်းကို မသိဘူး။ သိခဲ့ရင်လည်း အာဂျင်တီးနားက နွားကလေးကတော့ နီမိုးဒီယားမှာမမွေးလို့ နတ်ဘုရားဖြစ်မှာ မဟုတ်ပါဘူး။
ခက်တာက ဗီဇထွန်းပြီး မွေးတဲ့အကောင်တော်တော်များများက မွေးကာစမှာပဲသေတာများပါတယ်။ မနှစ်က နိုဝင်ဘာလ ၅ရက်တုန်းကလည်း တရုတ်နိုင်ငံက ကူမင်းမြို့ရဲ့ ရေကန်တစ်ကန်မှာ လူမျက်နှာနဲ့ငါးတစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။
အဲ့ဒိငါးက လူရဲ့ခေါင်းနဲ့ တော်တော်တူတဲ့အပြင် နှာတံပါ ပေါ်နေပါတယ်။ ဗီဇထွန်းခြင်းဆိုတဲ့ ကိစ္စက အခြေအနေ ၄ရပ်ရှိပါတယ်။
၃ ရပ်က DNAနဲ့ ပတ်သက်နေပြီး ကျန်တစ်ရပ်ကတော့ RNAနဲ့ ပတ်သက် နေပါတယ်။ ဆဲလ်တွေက မျိုးရိုးဆက်ခံတဲ့ ကိစ ္စလုပ်နေချိန်မှ
ာ ဗီဇမျှဉ်တွေ ပြန်တွဲတော့ အမှားမှား အယွင်းယွင်း တွဲမိတဲ့အခါမှာ အဲ့လို ထွန်းခြင်းဆိုတာဖြစ်ပေါ်လာ တာပါ။
မောင်ယဿ REF: mirror
No Comments