ဓာတ္ဆီကို စတင္ ေရာင္းခ်ခဲ့တဲ့ေန႔ ( သို႔ ) ေဖေဖာ္ဝါရီလ ၂ရက္ေန႔ဆိုတာ
- By : Phoe Linn
- Category : International-news

ဓာတ္ဆီကို စတင္ ေရာင္းခ်ခဲ့တဲ့ေန႔ ( သို႔ ) ေဖေဖာ္ဝါရီလ ၂ရက္ေန႔ဆိုတာ
၁၉၂၃ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ ျမန္မာလို ဓာတ္ဆီ လို႔ ေခၚတဲ့ ဂတ္ဆီုလင္ ကို စတင္ေရာင္းခ်တဲ့ေန႔ပါ ။ ပက္ထ႐ိုလီယံ လို႔ေခၚတဲ့ ေရနံစိမ္းကို အဆင့္ဆင့္ ေပါင္းခံရထားတဲ့ ေလာင္စာဆီ တစ္မ်ိဳးျဖစ္ပါတယ္ ။ ဓာတ္ဆီကို အေမရိကန္ေတြက ဂတ္ဆီုလင္လို႔ ေခၚေပမဲ့ ၿဗိတိသွ်ေတြကေတာ့ ပက္ထ႐ို လို႔ေခၚပါတယ္ ။
ေပါက္ကြဲအားကို အသုံးျပဳရတဲ့ အင္ဂ်င္ေတြ အတြက္ မီးကူးအားေကာင္းေအာင္ စီမံျပဳလုပ္ထားတဲ့ အရည္တစ္မ်ိဳးပါ။ ေရနံ သန႔္စင္စက္႐ုံကေန စထုတ္ေတာ့ ေရနံစိမ္း အေမရိကန္ ၄၂ဂါလံ ( ၁၆၀လီတာ )တစ္စည္ကို ဓာတ္ဆီ ၁၉ ဂါလံ ( ၇၂ လီတာ ) ထြက္ပါတယ္ ။
ေနာက္ပိုင္းေတာ့ ေရနံစိမ္းရဲ႕ အရည္ေသြးကိုလိုက္ၿပီးေတာ့ ဓာတ္ဆီထြက္ရွိမႈ ပမာဏ အနည္းအမ်ား ကြာသြားပါတယ္။ ဓာတ္ဆီက ပထမဆုံး အေရာင္မဲ့ ေလာင္စာ အရည္ျဖစ္ခဲ့ပါတယ္။
ဓာတ္ဆီ က ေပါက္ကြဲ အားျမင့္လို အင္ဂ်င္ အ႐ုန္းအဆြဲကို ပိုမိုေကာင္းမြန္ေစလို႔ အဲ့ဒိေခာတ္အခါက လူႀကိဳက္ အလြန္မ်ားခဲ့ပါတယ္။ ဓာတုေဗဒ သေဘာတရား အရဆိုရင္ တက္ထရာ အီသိုင္းေတြမွာပါတဲ့ ေအာက္တိန္းေတြရဲ႕စြမ္းရည္ကိုလိုက္ၿပီး ေလာင္ကြၽမ္းမႈ ပမာဏအားေကာင္း ေစတာပါပဲ။
ေလယာဥ္ဆီနဲ႔ ၿပိဳင္ကားေတြမွာသုံးတဲ့ ဆီေတြက ေအာက္တိန္းပမာဏနဲ႔ သက္ဆိုင္ ေနတာပါပဲ။ ေနာက္ပိုင္းေတာ့ ဓာတ္ဆီရဲ႕ ေပါက္ကြဲအားကိုထိန္းခ်ဳပ္ဖို႔အတြက္ နဲ႔ အင္ဂ်င္အတြင္းခန္းမွာ ၾကပ္ခိုးမစြဲဖို႔အတြက္ အီသေနာလို အျခား ဓာတုျဒပ္ေပါင္းေတြနဲ႔ ေရာစပ္သုံးလာပါတယ္။
ဓာတ္ဆီကို အဲ့ဒိေခာတ္အခ်ိန္တုန္းကေတာ့ တကမာၻလုံး အႀကိဳက္ေတြ႕ သုံးခဲ့ၾကေပမဲ့ သူ႔ကေနထြက္လာတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြေၾကာင့္ သဘာဝပါတ္ဝန္းက်င္က ဆိုးဆိုးဝါးဝါး ထိခိုက္လာတာကို ႏွစ္ ၅၀ေက်ာ္သုံးၿပီးမွာမွ သိလာၾကတယ္။
ဒါေတာင္ ဒီကေန႔ ႏွစ္၁၀၀ ဝန္းက်င္ရွိလာခဲ့တာေတာင္ ကမာၻ႔ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဓာတ္ဆီကို တြင္တြင္ သုံးေနတုန္းပါပဲ။ ဓာတ္ဆီေၾကာင့္ ကမာၻ႔ႀကီးလည္ပတ္မႈ အရွိန္ပိုျမန္ခဲ့တာေတာ့ အမွန္ပါပဲ။ လူသားေတြရဲ႕ နစၥဓူ၀ ကိစၥေတြကို လွ်င္ျမန္လာေအာင္လုပ္ေပးႏိုင္ခဲ့တယ္။ ေႏွးေနတဲ့ ကမာၻကိုျမန္ေအာင္လုပ္ေပးတဲ့ ဓာတ္ဆီကို စေရာင္းခ်တဲ့ေန႔ကေတာ့ ၁၉၂၃ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ပါပဲ။
ေမာင္ယႆ REF: on this day \ photo; pinterest
Unicode
ဓာတ်ဆီကို စတင် ရောင်းချခဲ့တဲ့နေ့ ( သို့ ) ဖေဖော်ဝါရီလ ၂ရက်နေ့ဆိုတာ
၁၉၂၃ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာလို ဓာတ်ဆီ လို့ ခေါ်တဲ့ ဂတ်ဆီုလင် ကို စတင်ရောင်းချတဲ့နေ့ပါ ။ ပက်ထရိုလီယံ လို့ခေါ်တဲ့ ရေနံစိမ်းကို အဆင့်ဆင့် ပေါင်းခံရထားတဲ့ လောင်စာဆီ တစ်မျိုးဖြစ်ပါတယ် ။ ဓာတ်ဆီကို အမေရိကန်တွေက ဂတ်ဆီုလင်လို့ ခေါ်ပေမဲ့ ဗြိတိသျှတွေကတော့ ပက်ထရို လို့ခေါ်ပါတယ် ။
ပေါက်ကွဲအားကို အသုံးပြုရတဲ့ အင်ဂျင်တွေ အတွက် မီးကူးအားကောင်းအောင် စီမံပြုလုပ်ထားတဲ့ အရည်တစ်မျိုးပါ။ ရေနံ သန့်စင်စက်ရုံကနေ စထုတ်တော့ ရေနံစိမ်း အမေရိကန် ၄၂ဂါလံ ( ၁၆၀လီတာ )တစ်စည်ကို ဓာတ်ဆီ ၁၉ ဂါလံ ( ၇၂ လီတာ ) ထွက်ပါတယ် ။
နောက်ပိုင်းတော့ ရေနံစိမ်းရဲ့ အရည်သွေးကိုလိုက်ပြီးတော့ ဓာတ်ဆီထွက်ရှိမှု ပမာဏ အနည်းအများ ကွာသွားပါတယ်။ ဓာတ်ဆီက ပထမဆုံး အရောင်မဲ့ လောင်စာ အရည်ဖြစ်ခဲ့ပါတယ်။
ဓာတ်ဆီ က ပေါက်ကွဲ အားမြင့်လို အင်ဂျင် အရုန်းအဆွဲကို ပိုမိုကောင်းမွန်စေလို့ အဲ့ဒိခောတ်အခါက လူကြိုက် အလွန်များခဲ့ပါတယ်။ ဓာတုဗေဒ သဘောတရား အရဆိုရင် တက်ထရာ အီသိုင်းတွေမှာပါတဲ့ အောက်တိန်းတွေရဲ့စွမ်းရည်ကိုလိုက်ပြီး လောင်ကျွမ်းမှု ပမာဏအားကောင်း စေတာပါပဲ။
လေယာဉ်ဆီနဲ့ ပြိုင်ကားတွေမှာသုံးတဲ့ ဆီတွေက အောက်တိန်းပမာဏနဲ့ သက်ဆိုင် နေတာပါပဲ။ နောက်ပိုင်းတော့ ဓာတ်ဆီရဲ့ ပေါက်ကွဲအားကိုထိန်းချုပ်ဖို့အတွက် နဲ့ အင်ဂျင်အတွင်းခန်းမှာ ကြပ်ခိုးမစွဲဖို့အတွက် အီသနောလို အခြား ဓာတုဒြပ်ပေါင်းတွေနဲ့ ရောစပ်သုံးလာပါတယ်။
ဓာတ်ဆီကို အဲ့ဒိခောတ်အချိန်တုန်းကတော့ တကမ္ဘာလုံး အကြိုက်တွေ့ သုံးခဲ့ကြပေမဲ့ သူ့ကနေထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကြောင့် သဘာဝပါတ်ဝန်းကျင်က ဆိုးဆိုးဝါးဝါး ထိခိုက်လာတာကို နှစ် ၅၀ကျော်သုံးပြီးမှာမှ သိလာကြတယ်။
ဒါတောင် ဒီကနေ့ နှစ်၁၀၀ ဝန်းကျင်ရှိလာခဲ့တာတောင် ကမ္ဘာ့ နေရာတော်တော်များများမှာ ဓာတ်ဆီကို တွင်တွင် သုံးနေတုန်းပါပဲ။ ဓာတ်ဆီကြောင့် ကမ္ဘာ့ကြီးလည်ပတ်မှု အရှိန်ပိုမြန်ခဲ့တာတော့ အမှန်ပါပဲ။ လူသားတွေရဲ့ နစ္စဓူ၀ ကိစ္စတွေကို လျှင်မြန်လာအောင်လုပ်ပေးနိုင်ခဲ့တယ်။ နှေးနေတဲ့ ကမ္ဘာကိုမြန်အောင်လုပ်ပေးတဲ့ ဓာတ်ဆီကို စရောင်းချတဲ့နေ့ကတော့ ၁၉၂၃ ဖေဖော်ဝါရီလ ၂ ရက်နေ့ပါပဲ။
မောင်ယဿ REF: on this day \ photo; pinterest
No Comments