International-news
မောင်ယဿ
Unicode
ဒရုန်းနဲ့ မူးယစ်ဆေးပို့သူ ၄ဦးကို စင်ကာပူရဲတွေ ဖမ်း
မူးယစ်ဆေးဝါး သုံးစွဲတာက မကောင်းဘူးလို့ အစိုးရတွေက လူတွေကို ဘယ်လောက် အသိပေးပေး သတိ ပေးပေး သုံးတဲ့သူက သုံးနေလို့ ရောင်းတဲ့ သူတွေကလည်း သုံးတဲ့ သူတွေဆီကို နည်းမျိုးစုံနဲ့ ရအောင် ပေးပို့ နေပါတယ် ။ ရဲတွေကလည်း မူးယစ်ဆေးဝါး ရောင်းချ သူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီး အရေးယူ နေပေမဲ့လည်း မူးယစ်ဆေး ရောင်းသူတွေက လည်း ရဲတွေ လိုက်မမီနိုင်တဲ့ နည်းတွေနဲ့ မူယစ်ဆေးဝါးတွေကို ဖောက်သည်တွေ ဆီကို ရောက်အောင်ပို့ပေးနေပါတယ် ။ အခုလည်း ဂျိုဟိုးကမူးယစ်ဆေးရောင်းသူတွေက ဒရုန်းကိုသုံးပြီး မူယစ်ဆေးဝါးတွေကို စင်ကာပူ နိုင်ငံထဲကို ပို့နေတဲ့ လူ၄ယောက်ကို ဖမ်းဆီး ရမိလိုက်ပါတယ် ။
ICE လို့ခေါ်တဲ့မူးယစ်ဆေးဝါးတွေကို နယ်စပ်စည်းဖြတ်ပြီး စင်ကာပူ နိုင်ငံထဲကို တင်ပို့နေတာကို ခြေရာခံလိုက် နေတာ အတော်ကြာပေမဲ့ လူကို ဖမ်းမမိနိုင်ခဲ့ ပါဘူး။ ဇွန်လ ၁၇ ရက်နေ့ကတော့ မသကာင်္ဖွယ် ဒရုန်းတွေ ညနေ ၅ နာရီခွဲလောက်မှာ နယ်စပ်ကိုဖြတ်ပြီး ဝင်လာလို့ စကာင်္ပူရဲတွေက ဒရုန်းတွေကို ခြေရာခံလိုက်ရင်းနဲ့က အခုလို ဖမ်းမိခဲ့တာပါ။ ပထမကတော့ ဒရုန်းတွေမှာ လက်နက်တပ်ဆင်ထားခြင်းရှိမရှိ လေ့လာတာပါ ။ သူတို့က လက်နက်တပ်ဆင်ထားတာ မတွေ့ဘဲ အိတ် ကလေးတွေကို သယ်လာတာပဲ တွေ့ခဲ့ရပါတယ် ။ အဲ့ဒိဒရုန်းတွေကို ဘယ်သူ မောင်းနှင်နေတာလဲဆိုတာကို လိုက်လံစုံစမ်းတော့ အသက် ၃၀ ဝန်ကျင် လူ၂ ယောက်ကို သူတို့မှာ ပါလာတဲ့ မက်သမ်ဖီတမင်း လို့ခေါ်တဲ့ အိုက်စ် ၁၇၅ ဂရမ်နဲ့အတူ ဖမ်းဆီးရမိလိုက်တာပါ ။
ဖမ်းဆီးမိရတဲ့သူတွေရဲ့ ကွင်းဆက်ကို လိုက်လံဖော်ထုတ်တော့ ကာရန်ဂျီရေကာတာဥယျာဉ်မှာကာတစ်စီးနဲ့ လူ၂ယောက်ကို ဆက်လက်ဖမ်းမိခဲ့ပါတယ် ။ ကားထဲက အိုက်စ် ၃၅ဂရမ်၊ ဘိန်းဖြူ ၈ ဂရမ် နဲ့ စိတ်ကြွ ဆေးပြား ၁၉၅ပြားကို လည်းဖမ်းဆီးရမိခဲ့ပါတယ် ။ ဗဟိုမူးယစ်ဆေးဝါးဗျူရိုက ဇွန်၁၉ရက်နေ့မှာ အဲ့ဒ်လူ ၄ဦးကို တရားစွဆြိုလိုက်ပြီး စုံးစမ်းမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ နည်းပညာက ကျနော်တို့ကို သက်တောင့် သက်သာဖြစ်အောင်လုပ်ပေ မဲ့ ဒါကို လွဲမှားစွာ အသုံးချနေသူတွေ ကတော့ ရှိနေတာပါပဲ ။
မောင်ယဿ
REF: world of buzz / Photo;straight times
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …