ဒေါ်နယ်ထရမ့်က ၂၀၁၆ တုန်းက နည်းကိုသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူဦးမယ်လို့ သတိပေး

ဒေါ်နယ်ထရမ့်က ၂၀၁၆ တုန်းက နည်းကိုသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူဦးမယ်လို့ သတိပေး
International-news

ဒေါ်နယ်ထရမ့်က ၂၀၁၆ တုန်းက နည်းကိုသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူဦးမယ်လို့ သတိပေး

အမေရိကန် မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူ မိုက်ကယ်မိုး က ဒေါ်နယ်ထရမ့်က ၂၀၁၆ ရွေးကောက်ပွဲတုန်းက လုပ်သလိုမျိုး နည်းလမ်းတွေနဲ့ ၂၀၂၀ ရွေး ကောက်ပွဲမှာ လုပ်ပြီး ဒီမိုကရက်တစ် အုပ်စုကို အနိုင်ယူ ပြလိမ့်မယ်လို့ သတိပေးပြောဆို နေပါတယ်။

နိုင်ငံရေး လေ့လာသူ တစ်ဦးဖြစ်တဲ့ မိုက်ကယ်မိုးက “ ကျနော် ၂၀၁၆ တုန်းကလည်း ဟီလာရီကလင်တန်ကို ဒေါ်နယ်ထရမ့်က အနိုင်ယူ သွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ တကယ်လည်း ဖြစ်သွားခဲ့တယ်။

အခုလည်း ဒီမိုကရက်တစ်က စာရင်းသွင်းထားတဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို အရင်နည်းဟောင်းတွေကို သုံးပြီးတော့ပဲ အနိုင်ယူ သွားပါလိမ့်မယ်လို့ ထပ်ပြီး သတိပေးပါရစေ” လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့်က ၂၀၁၆ တုန်းက နည်းကိုသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူဦးမယ်လို့ သတိပေး1

“ ခင်ဗျားတို့ ထရမ့်ရဲ့ အောင်ပွဲ အတွက် အဆင့်သင့် ဖြစ်နေပြီလား။ ထရမ့်ရဲ့ အောင်မြင်မှုကို လက်ခံပေးဖို့အတွက် ခင်ဗျားတို့ရဲ့ စိတ်ကို ပြင်ဆင် ထားလိုက်ပါ။ သူမှာက ခင်ဗျားတို့ ကျုပ်တို့ကို ဘယ်လို လှည့်ဖျား ရမယ်ဆိုတဲ့ နည်းပရိယာယ် ရှိတယ်။

ခင်ဗျားတို့က ဒီမိုကရက်တစ် အုပ်စုတွေကို ယုံကြည်မှု ရှိတယ်ဆိုတဲ့ သဘောလောက်နဲ့ပဲ ကျေနပ်နေတာလေ။ လက်တွေ့ မှာက အဲ့လိုမဟုတ်ဘူး။ ရောင့်ရဲမှုတစ်ခုနဲ့ ဘာမှ လုပ်မရဘူး”လို့ သူရဲ့ ဖေ့စ်ဘုတ်မှာ ရေးတင်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က ၂၀၁၆ တုန်းက နည်းကိုသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူဦးမယ်လို့ သတိပေး2

“ထရမ့်မှာက အမာခံပရိသတ် သန်း ၆၀ လောက် ရှိနေတယ်။ ၂၀၁၆ တုန်းက ဟီလာရီလုပ်ခဲ့တဲ့ အမှားတစ်ခုက သူမတွက် စိတ်ချရပါတယ် ဆိုတဲ့ ပြည်နယ်တွေကို မသွားခဲ့တာပါပဲ။ မဲစာရင်း သုတေသနလုပ်တော့ အချို့ပြည်နယ်က မဲတွေရဲ့ စာရင်းဇယားအရ အပြတ်အသတ် နိုင်နိုင်တယ် ဆိုတဲ့ အချက်အလက်တွေကို ယုံကြည့်မိ လိုက်တာပါပဲ။

အခုလည်း ဂျိုးဘိုင်ဒန်က ပြည်နယ် တော်တော် များများကို သွားနေတာပါပဲ။ မစ်ချီဂန်လို ပြည်နယ်တွေ ကျန်နေတာ တော်တော် ဆိုးနေပါတယ်။ ဒီမိုကရက်တစ်တွေကို ပြောချင်တာက အချက်အလက်လောက်နဲ့ ရွေးကောက်ပွဲ ကမ်ပိန်းတွေကို လုပ်လို့ မရနိုင်ပါဘူး။

ဒီမိုကရက်တစ်တွေ နိုင်မယ်လို့ သေချာတဲ့ ပြည်နယ်တွေကို ထရမ့်က မျက်နှာသွား ပြမှာပါ။ လက်ရှိ မှန်းချေ စာရင်းအရ ထရမ့်နဲ့ ဘိုင်ဒန်က သူမသာ ကိုယ်မသာ ဖြစ်နေတယ်။ ထရမ့်ကတော့ လူလတ်တန်းစားတွေကို ကိုယ်စားပြုတဲ့ ကမ်ပိန်းတွေကို လုပ်သွားဦးမှာပဲ။

ဒေါ်နယ်ထရမ့်က ၂၀၁၆ တုန်းက နည်းကိုသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူဦးမယ်လို့ သတိပေး3

ဒေတာတွေ အချက်အလက်တွေ ဆိုတာက ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာပဲ ရှိတာလေ။ အဲ့ဒါတွေကလည်း ဘယ်သူမှ မသိလိုက်ဘဲနဲ့ ပြောင်းလဲ သွားနိုင်ပါတယ်။ အခုဆိုရင် ထရမ့်က အမေရိကားမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာနိုင်ဖို့အတွက် သမီးကိုတောင် အစွံထုတ်နေပါတယ်။

နယူဟမ်ရှိုင်းယားမှာ သူပြောသွားတဲ့ မိန့်ခွန်းက ပရိသတ်ကို ဖမ်းစားသွားနိုင်ခဲ့တယ်။ ရီပါ့ပလစ်ကင်လို့ ပြောပေးမဲ့ အမျိုးသမီးသမ္မတ ပေါ်ပေါက်လာရေးလို ပြုပြင်ပြောင်းလဲရေးတွေကို သူကြိုက်တယ်လို့ ဆိုသွားတာက အမျိုးသမီးပရိသတ် တော်တော် ရသွားပါတယ်” လို့ ဆိုသွားပါတယ်။

မောင်ယဿ, REF: guardian, Photo; the gurdian

Zawgyi

ေဒၚနယ္ထရမ့္က ၂၀၁၆ တုန္းက နည္းကိုသုံးၿပီး ေ႐ြးေကာက္ပြဲမွာ အႏိုင္ယူဦးမယ္လို႔ သတိေပး

အေမရိကန္ မွတ္တမ္း႐ုပ္ရွင္ ထုတ္လုပ္သူ မိုက္ကယ္မိုး က ေဒၚနယ္ထရမ့္က ၂၀၁၆ ေ႐ြးေကာက္ပြဲတုန္းက လုပ္သလိုမ်ိဳး နည္းလမ္းေတြနဲ႔ ၂၀၂၀ ေ႐ြး ေကာက္ပြဲမွာ လုပ္ၿပီး ဒီမိုကရက္တစ္ အုပ္စုကို အႏိုင္ယူ ျပလိမ့္မယ္လို႔ သတိေပးေျပာဆို ေနပါတယ္။

ႏိုင္ငံေရး ေလ့လာသူ တစ္ဦးျဖစ္တဲ့ မိုက္ကယ္မိုးက “ က်ေနာ္ ၂၀၁၆ တုန္းကလည္း ဟီလာရီကလင္တန္ကို ေဒၚနယ္ထရမ့္က အႏိုင္ယူ သြားလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ တကယ္လည္း ျဖစ္သြားခဲ့တယ္။

အခုလည္း ဒီမိုကရက္တစ္က စာရင္းသြင္းထားတဲ့ သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ကို အရင္နည္းေဟာင္းေတြကို သုံးၿပီးေတာ့ပဲ အႏိုင္ယူ သြားပါလိမ့္မယ္လို႔ ထပ္ၿပီး သတိေပးပါရေစ” လို႔ ဆိုပါတယ္။

“ ခင္ဗ်ားတို႔ ထရမ့္ရဲ႕ ေအာင္ပြဲ အတြက္ အဆင့္သင့္ ျဖစ္ေနၿပီလား။ ထရမ့္ရဲ႕ ေအာင္ျမင္မႈကို လက္ခံေပးဖို႔အတြက္ ခင္ဗ်ားတို႔ရဲ႕ စိတ္ကို ျပင္ဆင္ ထားလိုက္ပါ။ သူမွာက ခင္ဗ်ားတို႔ က်ဳပ္တို႔ကို ဘယ္လို လွည့္ဖ်ား ရမယ္ဆိုတဲ့ နည္းပရိယာယ္ ရွိတယ္။

ခင္ဗ်ားတို႔က ဒီမိုကရက္တစ္ အုပ္စုေတြကို ယုံၾကည္မႈ ရွိတယ္ဆိုတဲ့ သေဘာေလာက္နဲ႔ပဲ ေက်နပ္ေနတာေလ။ လက္ေတြ႕ မွာက အဲ့လိုမဟုတ္ဘူး။ ေရာင့္ရဲမႈတစ္ခုနဲ႔ ဘာမွ လုပ္မရဘူး”လို႔ သူရဲ႕ ေဖ့စ္ဘုတ္မွာ ေရးတင္ခဲ့ပါတယ္။

“ထရမ့္မွာက အမာခံပရိသတ္ သန္း ၆၀ ေလာက္ ရွိေနတယ္။ ၂၀၁၆ တုန္းက ဟီလာရီလုပ္ခဲ့တဲ့ အမွားတစ္ခုက သူမတြက္ စိတ္ခ်ရပါတယ္ ဆိုတဲ့ ျပည္နယ္ေတြကို မသြားခဲ့တာပါပဲ။ မဲစာရင္း သုေတသနလုပ္ေတာ့ အခ်ိဳ႕ျပည္နယ္က မဲေတြရဲ႕ စာရင္းဇယားအရ အျပတ္အသတ္ ႏိုင္ႏိုင္တယ္ ဆိုတဲ့ အခ်က္အလက္ေတြကို ယုံၾကည့္မိ လိုက္တာပါပဲ။

အခုလည္း ဂ်ိဳးဘိုင္ဒန္က ျပည္နယ္ ေတာ္ေတာ္ မ်ားမ်ားကို သြားေနတာပါပဲ။ မစ္ခ်ီဂန္လို ျပည္နယ္ေတြ က်န္ေနတာ ေတာ္ေတာ္ ဆိုးေနပါတယ္။ ဒီမိုကရက္တစ္ေတြကို ေျပာခ်င္တာက အခ်က္အလက္ေလာက္နဲ႔ ေ႐ြးေကာက္ပြဲ ကမ္ပိန္းေတြကို လုပ္လို႔ မရႏိုင္ပါဘူး။

ဒီမိုကရက္တစ္ေတြ ႏိုင္မယ္လို႔ ေသခ်ာတဲ့ ျပည္နယ္ေတြကို ထရမ့္က မ်က္ႏွာသြား ျပမွာပါ။ လက္ရွိ မွန္းေခ် စာရင္းအရ ထရမ့္နဲ႔ ဘိုင္ဒန္က သူမသာ ကိုယ္မသာ ျဖစ္ေနတယ္။ ထရမ့္ကေတာ့ လူလတ္တန္းစားေတြကို ကိုယ္စားျပဳတဲ့ ကမ္ပိန္းေတြကို လုပ္သြားဦးမွာပဲ။

ေဒတာေတြ အခ်က္အလက္ေတြ ဆိုတာက ကြန္ျပဴတာ မ်က္ႏွာျပင္ေပၚမွာပဲ ရွိတာေလ။ အဲ့ဒါေတြကလည္း ဘယ္သူမွ မသိလိုက္ဘဲနဲ႔ ေျပာင္းလဲ သြားႏိုင္ပါတယ္။ အခုဆိုရင္ ထရမ့္က အေမရိကားမွာ ပထမဆုံး အမ်ိဳးသမီးသမၼတ ျဖစ္လာႏိုင္ဖို႔အတြက္ သမီးကိုေတာင္ အစြံထုတ္ေနပါတယ္။

နယူဟမ္ရႈိင္းယားမွာ သူေျပာသြားတဲ့ မိန႔္ခြန္းက ပရိသတ္ကို ဖမ္းစားသြားႏိုင္ခဲ့တယ္။ ရီပါ့ပလစ္ကင္လို႔ ေျပာေပးမဲ့ အမ်ိဳးသမီးသမၼတ ေပၚေပါက္လာေရးလို ျပဳျပင္ေျပာင္းလဲေရးေတြကို သူႀကိဳက္တယ္လို႔ ဆိုသြားတာက အမ်ိဳးသမီးပရိသတ္ ေတာ္ေတာ္ ရသြားပါတယ္” လို႔ ဆိုသြားပါတယ္။

ေမာင္ယႆ, REF: guardian, Photo; the gurdian

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …