ဒူးရင္းသီး နံ႔ေၾကာင့္ စာတိုက္လုပ္သား ၁၂ ေယာက္ ေဆး႐ုံ တင္လိုက္ရ

ဒူးရင္းသီး နံ႔ေၾကာင့္ စာတိုက္လုပ္သား ၁၂ ေယာက္ ေဆး႐ုံ တင္လိုက္ရ
International-news

ဒူးရင္းသီး နံ႔ေၾကာင့္ စာတိုက္လုပ္သား ၁၂ ေယာက္ ေဆး႐ုံ တင္လိုက္ရ

ႏိုင္ငံျခားကေန သေဘၤာနဲ႔ ပို႔လိုက္တဲ့ ဒူးရင္းသီးနံ႔ေၾကာင့္ ဂ်ာမန္ စာတိုက္လုပ္သား တစ္ဒါဇင္ကို ေဆး႐ုံ သို႔ အေရးေပၚပို႔လိုက္ရၿပီး စာတိုက္ တစ္ခုလုံးကို ရွင္းလင္းၿပီး အနံ႔ ေပ်ာက္ကင္းေအာင္လုပ္လိုက္ ရပါတယ္ ။

ဆြစ္ဝိန္ဖြတ္ၿမိဳ႕က ဘာေဗရီယံ စာတိုက္ဆီကို ရဲေတြ မီးသတ္သမားေတြ နဲ႔ အေရးေပၚဝန္ေဆာင္မႈ လုပ္ငန္းက လူနာတင္ကား ေတြကို ဆင့္ေခၚခံခဲ့ရတဲ့ အေၾကာင္းက စာတိုက္ဝန္ထမ္းေတြက သေဘၤာ အထုတ္ေတြထဲမွာ ထူးထူးဆန္းဆန္း အနံ႔ေတြရခဲ့လို႔ပါပဲ ။ စာတိုက္ဝန္ထမ္းေတြက သေဘၤာက ခ်ေပးခဲ့တဲ့ အထုတ္ေတြမွာ ထူးဆန္းတဲ့အနံ႔တစ္မ်ိဳး ထြက္ေနတယ္ ။ အထုတ္ေတြ စာတိုက္ခန္းထဲ ေရာက္တဲ့အခ်ိန္မွာေတာ့ ဝန္ထမ္းအခ်ိဳ႕က အဲ့ဒိ အနံ႔ေၾကာင့္ မူးေ၀ ေအာ့အန္ ကုန္ၾကပါတယ္ ။

အဲ့ဒိ အနံ႔က အဆိပ္သင့္တဲ့ အနံ႔ထင္လို႔ စာတိုက္မႉးက စာတိုက္ထဲက လူေတြကို အျပင္ထြက္ဖို႔အတြက္ ေဆာ္ၾသ လိုက္ပါတယ္ အဲ့ဒိ ေနာက္မွာေတာ့ သူက ရဲစခန္း မီးသတ္နဲ႔ အေရးေပၚ ဌာနကို ဖုန္းဆက္ၿပီး ေအာ့အန္ေနတဲ့ လူနာ တစ္ဒါဇင္နီးပါးကို ေဆး႐ုံပို႔ဖို႔ အတြက္ စီစဥ္လိုက္ရပါတယ္ ။ စာတိုက္ထဲမွာရွိတဲ့ ဝန္ထမ္းေတြ အပါအဝင္ လူ ၆၀ ေက်ာ္ကို စာတိုက္အျပင္ကို ထုတ္ၿပီး ေနာက္မွာေတာ့ မီးသတ္ေတြက စာတိုက္ကို အနံ႔စုပ္တဲ့စက္ေတြနဲ႔ အနံ႔ စုတ္ၿပီးတဲ့အျပင္ ပါဆယ္ထုတ္ေတြကို အျပင္ကို သယ္ထုတ္ ၾကပါတယ္ ။

ပါဆယ္ထုတ္ေတြကို စစ္ေဆးၿပီး ေနာက္မွာေတာ့ ႏူရင္ဘာဂ္ၿမိဳ႕မွာ ရွိတဲ့ အသက္ ၅၀ အ႐ြယ္ လူတစ္ေယာက္ကို ထိုင္းက သူ႔မိတ္ေဆြက ဒူးရင္းသီး ေလးလုံး ပို႔လိုက္တာကို ေတြ႕ရွိခဲ့ပါတယ္ ။ အေရွ႕ေတာင္အာရွမွာကေတာ့ ဒူးရင္းသီးဆိုတာ လူတိုင္းနီးပါးေလာက္ကို ႀကိဳက္ၾကပါတယ္ ။ သူအသား ရဲ႕ ခ်ိဳၿမိန္ေမႊးပ်ံ႕မႈနဲ႔ အနံ႔ရဲ႕ ဆြဲေဆာင္မႈ က မစားလိုက္ရရင္ဘဲ ဘဝက မျပည့္စုံ သေလာက္ ျဖစ္ရပါတယ္ ။

ဒါေပမဲ့ စကၤာပူမွာကေတာ့ အမ်ား ျပည္သူနဲ႔ ဆိုင္တဲ့ေနရာေတြမွာ ဒူးရင္းသီးကို သယ္ယူစားေသာက္ခြင့္မရွိပါဘူး ။ ဒူးရင္းသီးရဲ႕ အနံ႔ေၾကာင့္ ဟိုတယ္ေတြမွာလည္း တည္ခင္းခြင့္မျပဳပါဘူး ။ မႀကိဳက္တဲ့သူေတြက ဒူးရင္းသီး အနံ႔ကို အပုတ္နံ႔ သို႔မဟုတ္ ညစ္ပတ္တဲ့ ေျခအိတ္နံ႔ ရတယ္လို႔ဆိုပါတယ္ ။

စာတိုက္မွာ ျဖစ္တဲ့ျဖစ္စဥ္မွာ လူ ၁၂ဦး မူးေဝေအာ့အန္ခဲ့ၿပီး ၆ဦးကိုေတာ့ မျဖစ္မေန ေဆး႐ုံပို႔ လိုက္ရပါတယ္ လို႔ ရဲေတြက ဆိုတယ္ ။ မီးသတ္ဌာန သုံးခုက လာၿပီး စာတိုက္ ရွင္းလင္းေရးကိစၥ လာလုပ္ၾကရပါတယ္ ။ ဒူးရင္းသီးေတြကိုေတာ့ မီးသတ္ေတြကပဲ ထုတ္ပိုးၿပီး ႏူရင္းဘာဂ္ လက္ခံမယ္ဆီကို ကားနဲ႔ပို႔လိုက္ၾကရပါတယ္ ။ ဒူးရင္းသီးျပႆနာက ဒါက ပထမဆုံး အႀကိမ္ မဟုတ္ပါဘူး ။

မႏွစ္ကလည္း ကန္ဘာရာတကၠသိုလ္မွာ ဒူးရင္းအနံ႔ ရလိုပဆိုၿပီး တကၠသိုလ္ စာၾကည့္တိုက္ တစ္ခုလုံးကို အနံ႔ စုပ္စက္နဲ႔ စုပ္ ခဲ့ရဖူးပါတယ္ ။ ၂၀၁၈ ႏိုဝင္ဘာလတုန္းကလည္း အင္ဒိုနီးရွား ေလေၾကာင္းလိုင္းတစ္ခုက ကုန္တင္ခန္းကေန ဒူးရင္းသီး အနံ႔ ထြက္လာလို႔ ခရီးသယ္ေတြ မူးေဝေအာ့အန္တဲ့ အတြက္ေၾကာင့္ ေလယာဥ္ကို အေရးေပၚ ဆင္းသက္ ခဲ့ရပါတယ္ ။

ေမာင္ယႆ ref; cnn photo cnn

Unicode

ဒူးရင်းသီး နံ့ကြောင့် စာတိုက်လုပ်သား ၁၂ ယောက် ဆေးရုံ တင်လိုက်ရ

နိုင်ငံခြားကနေ သင်္ဘောနဲ့ ပို့လိုက်တဲ့ ဒူးရင်းသီးနံ့ကြောင့် ဂျာမန် စာတိုက်လုပ်သား တစ်ဒါဇင်ကို ဆေးရုံ သို့ အရေးပေါ်ပို့လိုက်ရပြီး စာတိုက် တစ်ခုလုံးကို ရှင်းလင်းပြီး အနံ့ ပျောက်ကင်းအောင်လုပ်လိုက် ရပါတယ် ။

ဆွစ်ဝိန်ဖွတ်မြို့က ဘာဗေရီယံ စာတိုက်ဆီကို ရဲတွေ မီးသတ်သမားတွေ နဲ့ အရေးပေါ်ဝန်ဆောင်မှု လုပ်ငန်းက လူနာတင်ကား တွေကို ဆင့်ခေါ်ခံခဲ့ရတဲ့ အကြောင်းက စာတိုက်ဝန်ထမ်းတွေက သင်္ဘော အထုတ်တွေထဲမှာ ထူးထူးဆန်းဆန်း အနံ့တွေရခဲ့လို့ပါပဲ ။ စာတိုက်ဝန်ထမ်းတွေက သင်္ဘောက ချပေးခဲ့တဲ့ အထုတ်တွေမှာ ထူးဆန်းတဲ့အနံ့တစ်မျိုး ထွက်နေတယ် ။ အထုတ်တွေ စာတိုက်ခန်းထဲ ရောက်တဲ့အချိန်မှာတော့ ဝန်ထမ်းအချို့က အဲ့ဒိ အနံ့ကြောင့် မူးေ၀ အော့အန် ကုန်ကြပါတယ် ။

အဲ့ဒိ အနံ့က အဆိပ်သင့်တဲ့ အနံ့ထင်လို့ စာတိုက်မှူးက စာတိုက်ထဲက လူတွေကို အပြင်ထွက်ဖို့အတွက် ဆော်သြ လိုက်ပါတယ် အဲ့ဒိ နောက်မှာတော့ သူက ရဲစခန်း မီးသတ်နဲ့ အရေးပေါ် ဌာနကို ဖုန်းဆက်ပြီး အော့အန်နေတဲ့ လူနာ တစ်ဒါဇင်နီးပါးကို ဆေးရုံပို့ဖို့ အတွက် စီစဉ်လိုက်ရပါတယ် ။ စာတိုက်ထဲမှာရှိတဲ့ ဝန်ထမ်းတွေ အပါအဝင် လူ ၆၀ ကျော်ကို စာတိုက်အပြင်ကို ထုတ်ပြီး နောက်မှာတော့ မီးသတ်တွေက စာတိုက်ကို အနံ့စုပ်တဲ့စက်တွေနဲ့ အနံ့ စုတ်ပြီးတဲ့အပြင် ပါဆယ်ထုတ်တွေကို အပြင်ကို သယ်ထုတ် ကြပါတယ် ။

ပါဆယ်ထုတ်တွေကို စစ်ဆေးပြီး နောက်မှာတော့ နူရင်ဘာဂ်မြို့မှာ ရှိတဲ့ အသက် ၅၀ အရွယ် လူတစ်ယောက်ကို ထိုင်းက သူ့မိတ်ဆွေက ဒူးရင်းသီး လေးလုံး ပို့လိုက်တာကို တွေ့ရှိခဲ့ပါတယ် ။ အရှေ့တောင်အာရှမှာကတော့ ဒူးရင်းသီးဆိုတာ လူတိုင်းနီးပါးလောက်ကို ကြိုက်ကြပါတယ် ။ သူအသား ရဲ့ ချိုမြိန်မွှေးပျံ့မှုနဲ့ အနံ့ရဲ့ ဆွဲဆောင်မှု က မစားလိုက်ရရင်ဘဲ ဘဝက မပြည့်စုံ သလောက် ဖြစ်ရပါတယ် ။

ဒါပေမဲ့ စင်္ကာပူမှာကတော့ အများ ပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ဒူးရင်းသီးကို သယ်ယူစားသောက်ခွင့်မရှိပါဘူး ။ ဒူးရင်းသီးရဲ့ အနံ့ကြောင့် ဟိုတယ်တွေမှာလည်း တည်ခင်းခွင့်မပြုပါဘူး ။ မကြိုက်တဲ့သူတွေက ဒူးရင်းသီး အနံ့ကို အပုတ်နံ့ သို့မဟုတ် ညစ်ပတ်တဲ့ ခြေအိတ်နံ့ ရတယ်လို့ဆိုပါတယ် ။

စာတိုက်မှာ ဖြစ်တဲ့ဖြစ်စဉ်မှာ လူ ၁၂ဦး မူးဝေအော့အန်ခဲ့ပြီး ၆ဦးကိုတော့ မဖြစ်မနေ ဆေးရုံပို့ လိုက်ရပါတယ် လို့ ရဲတွေက ဆိုတယ် ။ မီးသတ်ဌာန သုံးခုက လာပြီး စာတိုက် ရှင်းလင်းရေးကိစ္စ လာလုပ်ကြရပါတယ် ။ ဒူးရင်းသီးတွေကိုတော့ မီးသတ်တွေကပဲ ထုတ်ပိုးပြီး နူရင်းဘာဂ် လက်ခံမယ်ဆီကို ကားနဲ့ပို့လိုက်ကြရပါတယ် ။ ဒူးရင်းသီးပြဿနာက ဒါက ပထမဆုံး အကြိမ် မဟုတ်ပါဘူး ။

မနှစ်ကလည်း ကန်ဘာရာတက္ကသိုလ်မှာ ဒူးရင်းအနံ့ ရလိုပဆိုပြီး တက္ကသိုလ် စာကြည့်တိုက် တစ်ခုလုံးကို အနံ့ စုပ်စက်နဲ့ စုပ် ခဲ့ရဖူးပါတယ် ။ ၂၀၁၈ နိုဝင်ဘာလတုန်းကလည်း အင်ဒိုနီးရှား လေကြောင်းလိုင်းတစ်ခုက ကုန်တင်ခန်းကနေ ဒူးရင်းသီး အနံ့ ထွက်လာလို့ ခရီးသယ်တွေ မူးဝေအော့အန်တဲ့ အတွက်ကြောင့် လေယာဉ်ကို အရေးပေါ် ဆင်းသက် ခဲ့ရပါတယ် ။

မောင်ယဿ ref; cnn photo cnn

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …