
ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္
က်ေနာ္တို႔ စားေနတဲ့ ဒူးရင္းသီးနဲ႔ ပိႏၷဲသီးက စမတ္ဖုန္းေတြလို အားသြင္းသုံးရတဲ့ ပစၥည္းေတြအတြက္ အားျပန္ျဖည့္လို႔ရတဲ့ လွ်ပ္စစ္ သိုေလွာင္ႏိုင္တဲ့ အစြမ္းရွိတယ္ ဆိုတာကို သိရင္ အံ့အားသင့္ေနမလား။
ၾသစေတးလွ် ႏိုင္ငံက သိပၸံ ပညာရွင္ အုပ္စု တစ္စုကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိမႈကို သက္ေသျပဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ဒူးရင္းသီးနဲ႔ ပိႏၷဲသီး အူတိုင္ေတြမွာ အလြန္ အစြမ္းထက္တဲ့ လွ်ပ္သို စြမ္းအားေတြ ရွိတယ္ ဆိုတာကို ေတြ႕ ရွိေနပါတယ္။
ေနာက္ၿပီးေတာ့ တကယ္ အားျပန္ျဖည့္လြယ္တဲ့ ပါဝါဘန႔္ေတြ ျဖစ္ေနတယ္ ဆိုတာကိုလည္း ေတြ႕ရွိ ခဲ့ၾကပါတယ္။
ဒူရင္းသီးတို႔ ပိႏၷဲသီးတို႔ဆိုတာ ျမန္မာျပည္မွာေတာ့ အားလုံးႀကိဳက္တဲ့ အစားအစာ တစ္ခုပါ။ အခ်ိဳ႕ကေတာ့ ဒူးရင္းသီးရဲ႕ အနံ႔ကို နံတယ္ဆိုၿပီး မႀကိဳက္တဲ့သူေတြလည္း ရွိပါတယ္။
ဒါေပမဲ့ အမ်ားစုကေတာ့ အနံ႔ေလးမ်ား ရရင္ သြားၾကားထဲက အရည္ေလးေတြ ထြက္က် လာတဲ့အထိ ဒူးရင္းသီးအနံ႔က ဆြဲေဆာင္မႈ ေကာင္းပါတယ္။ ဒူရင္သီးကို ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ အခုေတြ႕ရွိမႈကေတာ့ အလန္းစား ေတြ႕ရွိမႈပါပဲ။
သည္စတား သတင္းစာမွာ ေဖာ္ျပထားတာက ၾသစေတးလွ်ႏိုင္ငံ ဆစ္ဒနီတကၠသိုလ္က ပါေမာကၡ ဗင္ဆင့္ဂုမ္း ဦးေဆာင္တဲ့အဖြဲ႕ တစ္ဖြဲ႕က ဒူးရင္းသီးနဲ႔ ပိႏၷဲသီး တို႔ရဲ႕ အူတိုင္မွာ လွ်ပ္စစ္ကို သိုေလွာင္ႏိုင္တဲ့ သတၱိရွိတယ္ ဆိုတာကို မေမွ်ာ္လင့္ပဲ ေတြ႕ခဲ့ရတယ္။
သူတို႔ေတြ႕ရွိတဲ့ အဲ့ဒိအသီးေတြရဲ႕ လွ်ပ္သိုပမာဏက သာမန္ပါဝါဘန႔္ေတြ ထက္ကို အမ်ားႀကီး ပိုသိုေလွာင္ႏိုင္တာကို ေတြ႕ခဲ့ရတာပါ။ အဲ့ဒိအသီးေတြက ဘတ္ထရီထက္ေတာင္ ပိုၿပီး လွ်ပ္စစ္သိုေလွာင္ႏိုင္တယ္ ဆိုတာကို ဘယ္လို သိပၸံပညာရွင္ေတြက စဥ္းစားမိပါ့မလဲ။
အဲ့ဒိအသီးေတြမွာ သိုေလွာင္ထားတဲ့ လွ်ပ္စစ္က က်ေနာ္တို႔ရဲ႕ စမတ္ဖုန္းေတြကို အားအျမန္ ျပန္သြင္းေပးႏိုင္သလို သူတို႔ကို ထပ္ကာထပ္ကာ သုံးလို႔ လည္းရတာကို ေတြ႕ရတယ္လို႔ ပါေမာကၡဗင့္ဆင္က ဆိုတယ္။
အဲ့လို ထပ္ကာထပ္ကာ သုံးလို႔လည္း အသီးေတြမွာ သိုေလွာင္လွ်ပ္စစ္ပမာဏ က်သြားတာမ်ိဳး မေတြ႕ရဘူးတဲ့။ တစ္ခုျပႆနာရွိေနတာက အဲ့ဒိဒူးရင္းသီးနဲ႔ ပိႏၷဲသီးေတြက ေဈးႀကီးတာပဲျဖစ္ပါတယ္။
အဲ့ဒါေတြကို ဘယ္လို အလြယ္တကူရေအာင္ အသုံးခ်ရမယ္ဆိုတဲ့ နည္းလမ္းကို ရွာေဖြေနပါတယ္တဲ့။ ပါေမာကၡဗင္ဆင့္ကေတာ့ သူတို႔ေတြ႕ရွိမႈကို ေရွ႕တိုး ေလ့လာၿပီးရင္ ကမာၻ႔စြမ္းအင္ မလုံေလာက္မႈ တစ္စိတ္တစ္ပိုင္း ကို ေျဖရွင္း ႏိုင္ေတာ့မယ္လို႔ ဆိုပါတယ္။
ေမာင္ယႆ REF: world of buzz
Photo; goasia plus
Unicode
ဒူးရင်းသီးကို ပါဝါဘန့် အဖြစ် သုံးနိုင်တော့မယ်
ကျနော်တို့ စားနေတဲ့ ဒူးရင်းသီးနဲ့ ပိန္နဲသီးက စမတ်ဖုန်းတွေလို အားသွင်းသုံးရတဲ့ ပစ္စည်းတွေအတွက် အားပြန်ဖြည့်လို့ရတဲ့ လျှပ်စစ် သိုလှောင်နိုင်တဲ့ အစွမ်းရှိတယ် ဆိုတာကို သိရင် အံ့အားသင့်နေမလား။
သြစတေးလျှ နိုင်ငံက သိပ္ပံ ပညာရှင် အုပ်စု တစ်စုကတော့ သူတို့ရဲ့ တွေ့ရှိမှုကို သက်သေပြဖို့အတွက် ကြိုးစားနေပါတယ်။ ဒူးရင်းသီးနဲ့ ပိန္နဲသီး အူတိုင်တွေမှာ အလွန် အစွမ်းထက်တဲ့ လျှပ်သို စွမ်းအားတွေ ရှိတယ် ဆိုတာကို တွေ့ ရှိနေပါတယ်။
နောက်ပြီးတော့ တကယ် အားပြန်ဖြည့်လွယ်တဲ့ ပါဝါဘန့်တွေ ဖြစ်နေတယ် ဆိုတာကိုလည်း တွေ့ရှိ ခဲ့ကြပါတယ်။
ဒူရင်းသီးတို့ ပိန္နဲသီးတို့ဆိုတာ မြန်မာပြည်မှာတော့ အားလုံးကြိုက်တဲ့ အစားအစာ တစ်ခုပါ။ အချို့ကတော့ ဒူးရင်းသီးရဲ့ အနံ့ကို နံတယ်ဆိုပြီး မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ အများစုကတော့ အနံ့လေးများ ရရင် သွားကြားထဲက အရည်လေးတွေ ထွက်ကျ လာတဲ့အထိ ဒူးရင်းသီးအနံ့က ဆွဲဆောင်မှု ကောင်းပါတယ်။ ဒူရင်သီးကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခုတွေ့ရှိမှုကတော့ အလန်းစား တွေ့ရှိမှုပါပဲ။
သည်စတား သတင်းစာမှာ ဖော်ပြထားတာက သြစတေးလျှနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က ပါမောက္ခ ဗင်ဆင့်ဂုမ်း ဦးဆောင်တဲ့အဖွဲ့ တစ်ဖွဲ့က ဒူးရင်းသီးနဲ့ ပိန္နဲသီး တို့ရဲ့ အူတိုင်မှာ လျှပ်စစ်ကို သိုလှောင်နိုင်တဲ့ သတ္တိရှိတယ် ဆိုတာကို မမျှော်လင့်ပဲ တွေ့ခဲ့ရတယ်။
သူတို့တွေ့ရှိတဲ့ အဲ့ဒိအသီးတွေရဲ့ လျှပ်သိုပမာဏက သာမန်ပါဝါဘန့်တွေ ထက်ကို အများကြီး ပိုသိုလှောင်နိုင်တာကို တွေ့ခဲ့ရတာပါ။ အဲ့ဒိအသီးတွေက ဘတ်ထရီထက်တောင် ပိုပြီး လျှပ်စစ်သိုလှောင်နိုင်တယ် ဆိုတာကို ဘယ်လို သိပ္ပံပညာရှင်တွေက စဉ်းစားမိပါ့မလဲ။
အဲ့ဒိအသီးတွေမှာ သိုလှောင်ထားတဲ့ လျှပ်စစ်က ကျနော်တို့ရဲ့ စမတ်ဖုန်းတွေကို အားအမြန် ပြန်သွင်းပေးနိုင်သလို သူတို့ကို ထပ်ကာထပ်ကာ သုံးလို့ လည်းရတာကို တွေ့ရတယ်လို့ ပါမောက္ခဗင့်ဆင်က ဆိုတယ်။
အဲ့လို ထပ်ကာထပ်ကာ သုံးလို့လည်း အသီးတွေမှာ သိုလှောင်လျှပ်စစ်ပမာဏ ကျသွားတာမျိုး မတွေ့ရဘူးတဲ့။ တစ်ခုပြဿနာရှိနေတာက အဲ့ဒိဒူးရင်းသီးနဲ့ ပိန္နဲသီးတွေက ဈေးကြီးတာပဲဖြစ်ပါတယ်။
အဲ့ဒါတွေကို ဘယ်လို အလွယ်တကူရအောင် အသုံးချရမယ်ဆိုတဲ့ နည်းလမ်းကို ရှာဖွေနေပါတယ်တဲ့။ ပါမောက္ခဗင်ဆင့်ကတော့ သူတို့တွေ့ရှိမှုကို ရှေ့တိုး လေ့လာပြီးရင် ကမ္ဘာ့စွမ်းအင် မလုံလောက်မှု တစ်စိတ်တစ်ပိုင်း ကို ဖြေရှင်း နိုင်တော့မယ်လို့ ဆိုပါတယ်။
မောင်ယဿ REF: world of buzz
Photo; goasia plus
No Comments