ဒီလိုေတာ့ မလုပ္သင့္ပါဘူး ဟက္ကာရယ္
- By : Phoe Linn
- Category : International-news

ဒီလိုေတာ့ မလုပ္သင့္ပါဘူး ဟက္ကာရယ္
ေဖာက္ခံလိုက္ရတဲ့ ဆိုင္းဘုတ္
ကန္တက္စကီက လွ်ပ္စစ္လမ္းၫႊန္ ဆိုင္းဘုတ္ တစ္ခုက မူလ စာသားေတြ အတိုင္း မဟုတ္ဘဲ ေပါက္တက္ကရ စာသားေတြအျဖစ္ အဟတ္ ခံလိုက္ရတယ္လို႔ ေဒသခံ ရဲေတြက ေျပာပါတယ္ ။ ကန္တက္စကီ သယ္ယူပို႔ေဆာင္ေရး ေဒသခံ အာဏါပိုင္ ေတြက လမ္းေတြမွာ လမ္းၫႊန္ ဆိုင္းဘုတ္ေတြကို ယာဥ္ေမာင္း သူမ်ား ေန႔ေရာ ညပါ ရွင္းလင္း ျပတ္သားေအာင္ ျမင္ရဖို႔ အတြက္ မူလ ေဆးေရးဆိုင္းဘုတ္ေတြ အစား လွ်ပ္စစ္ ဆိုင္းဘုတ္ေတြကို ေျပာင္းလဲ တပ္ဆင္ဖို႔အတြက္ ဆုံးျဖတ္ခဲ့ ၾကတယ္ ။
အဲ့ဒိ အတြက္ ကုမၸဏီ ေတြကို တင္ဒါ ေပးၿပီး တပ္ဆင္ခိုင္းလိုက္ ပါတယ္ ။ တပ္ဆင္ၿပီး သိပ္မၾကာပါဘူး ။ ဆိုင္းဘုတ္ တစ္ခုက စၿပီး အဟတ္ခံ လိုက္ရပါတယ္ ။ ဆိုင္းဘုတ္မွာ ေရးထားတဲ့ ဝစ္ေနေကာင္တီသို႔ ၉၂ မိုင္ ဆိုတဲ့ စာသား ေနရာမွာ လုံးတီးပုံေတြ ပို႔လိုက္ပါ ဆိုတဲ့ စာသားအျဖစ္ ေျပာင္းေနတာကိုေတြ႕လိုက္ ရပါတယ္ ။ ယာဥ္ေမာင္း ေတြက အဲ့ဒိ လမ္းၫႊန္ဆိုင္းဘုတ္ကို ေတြ႕ေတာ့ ဟာသ ျဖစ္ၿပီး ကန္တက္စကီ သယ္ယူ ပို႔ေဆာင္ေရး အာဏါပိုင္ ဝက္ဘ္ဆိုက္ ထဲကို လုံးတီးပုံေတြ ပို႔ၾကပါတယ္ ။
ေဒသခံ အာဏါပိုင္ေတြက အစက ဘာျဖစ္လို႔ သူတို႔ ဝက္ဘ္ဆိုက္ထဲကို အမ်ိဳးသား အမ်ိဳးသမီး လုံးတီး ပုံေတြ ပို႔ေပးၾက တာလဲဆိုတာ နားမလည္ ေပမဲ့ ေနာက္ေတာ့ အဲ့ဒိ ဆိုင္းဘုတ္ေၾကာင့္ ဆိုတာ သိလာခဲ့ ရပါတယ္ ။ ဒီေန႔ မနက္ေတာ့ တာဝန္ခံ အရာရွိက ကုမၸဏီကို ေျပာၿပီး ျပင္ခိုင္း လိုက္ရပါတယ္ ။ ကန္တက္ စကီ ခ႐ိုင္ ၈ မွ အုပ္ခ်ဳပ္ေရးမႉး အန္ဘာ ေဟးလ္က “ဆိုင္းဘုတ္ ေတြကို သယ္ယူပို႔ေဆာင္ေရး ႐ုံးက ထိန္းခ်ဳပ္ခန္းမွာ ထားတာပါ ။ ဟတ္ကာသမား တစ္ေယာက္ေယာက္က လႈိ႕ဝွက္နံပါတ္ ရသြားလို႔နဲ႔ တူပါတယ္ ။ ဆိုင္းဘုတ္ကို ေနာက္သလို ေျပာင္သလို လုပ္သြားတာပါ” လို႔ဆိုတယ္ ။
ေမာင္ယႆ REF: UPI
Unicode
ဒီလိုတော့ မလုပ်သင့်ပါဘူး ဟက်ကာရယ်
ဖောက်ခံလိုက်ရတဲ့ ဆိုင်းဘုတ်
ကန်တက်စကီက လျှပ်စစ်လမ်းညွှန် ဆိုင်းဘုတ် တစ်ခုက မူလ စာသားတွေ အတိုင်း မဟုတ်ဘဲ ပေါက်တက်ကရ စာသားတွေအဖြစ် အဟတ် ခံလိုက်ရတယ်လို့ ဒေသခံ ရဲတွေက ပြောပါတယ် ။ ကန်တက်စကီ သယ်ယူပို့ဆောင်ရေး ဒေသခံ အာဏါပိုင် တွေက လမ်းတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေကို ယာဉ်မောင်း သူများ နေ့ရော ညပါ ရှင်းလင်း ပြတ်သားအောင် မြင်ရဖို့ အတွက် မူလ ဆေးရေးဆိုင်းဘုတ်တွေ အစား လျှပ်စစ် ဆိုင်းဘုတ်တွေကို ပြောင်းလဲ တပ်ဆင်ဖို့အတွက် ဆုံးဖြတ်ခဲ့ ကြတယ် ။
အဲ့ဒိ အတွက် ကုမ္ပဏီ တွေကို တင်ဒါ ပေးပြီး တပ်ဆင်ခိုင်းလိုက် ပါတယ် ။ တပ်ဆင်ပြီး သိပ်မကြာပါဘူး ။ ဆိုင်းဘုတ် တစ်ခုက စပြီး အဟတ်ခံ လိုက်ရပါတယ် ။ ဆိုင်းဘုတ်မှာ ရေးထားတဲ့ ဝစ်နေကောင်တီသို့ ၉၂ မိုင် ဆိုတဲ့ စာသား နေရာမှာ လုံးတီးပုံတွေ ပို့လိုက်ပါ ဆိုတဲ့ စာသားအဖြစ် ပြောင်းနေတာကိုတွေ့လိုက် ရပါတယ် ။ ယာဉ်မောင်း တွေက အဲ့ဒိ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့တော့ ဟာသ ဖြစ်ပြီး ကန်တက်စကီ သယ်ယူ ပို့ဆောင်ရေး အာဏါပိုင် ဝက်ဘ်ဆိုက် ထဲကို လုံးတီးပုံတွေ ပို့ကြပါတယ် ။
ဒေသခံ အာဏါပိုင်တွေက အစက ဘာဖြစ်လို့ သူတို့ ဝက်ဘ်ဆိုက်ထဲကို အမျိုးသား အမျိုးသမီး လုံးတီး ပုံတွေ ပို့ပေးကြ တာလဲဆိုတာ နားမလည် ပေမဲ့ နောက်တော့ အဲ့ဒိ ဆိုင်းဘုတ်ကြောင့် ဆိုတာ သိလာခဲ့ ရပါတယ် ။ ဒီနေ့ မနက်တော့ တာဝန်ခံ အရာရှိက ကုမ္ပဏီကို ပြောပြီး ပြင်ခိုင်း လိုက်ရပါတယ် ။ ကန်တက် စကီ ခရိုင် ၈ မှ အုပ်ချုပ်ရေးမှူး အန်ဘာ ဟေးလ်က “ဆိုင်းဘုတ် တွေကို သယ်ယူပို့ဆောင်ရေး ရုံးက ထိန်းချုပ်ခန်းမှာ ထားတာပါ ။ ဟတ်ကာသမား တစ်ယောက်ယောက်က လှို့ဝှက်နံပါတ် ရသွားလို့နဲ့ တူပါတယ် ။ ဆိုင်းဘုတ်ကို နောက်သလို ပြောင်သလို လုပ်သွားတာပါ” လို့ဆိုတယ် ။
မောင်ယဿ REF: UPI
No Comments