ဒီမိုကရေစီအရေး လှုံ့ဆော်သူ ၆ဦးကို ဖမ်းဝရမ်းထုတ်

ဒီမိုကေရစီအေရး လႈံ႕ေဆာ္သူ ၆ဦးကို ဖမ္းဝရမ္းထုတ္
International-news

ဒီမိုကရေစီအရေး လှုံ့ဆော်သူ ၆ဦးကို ဖမ်းဝရမ်းထုတ်

တရုတ်အစိုးရ သတင်းစာတစ်စောင်ရဲ့အဆိုအရ ဟောင်ဟောင်ကျွန်းပေါ်ကို လာရောက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုပြုနေတဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားအခြေစိုက် လှုံ့ဆော်သူ ၆ဦးကို ဟောင်ကောင်လုံခြုံရေး တပ်ဖွဲ့က အခု အသစ်ပြဌန်းလိုက်တဲ့ လုံခြုံရေး ဥပဒေအရ ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သိရပါတယ်။

ဒီမိုကေရစီအေရး လႈံ႕ေဆာ္သူ ၆ဦးကို ဖမ္းဝရမ္းထုတ္1

ဖမ်းဝရမ်းထုတ်ခံရတဲ့ သူတွေမှာ အမေရိကန်နိုင်ငံသားနဲ့ ဟောင်ကောင်ကနေ ထွက်ပြေးပြီး လန်ဒန်မှာ ခိုအောင်းနေတဲ့ လွှတ်တော်အမတ် တစ်ဦးလည်း ပါပါတယ်။ အဲ့ဒိ ဖမ်းဝရမ်းက ဟောင်ကောင်ကျွန်းကို ဇွန်လ ၃၀ရက်နေ့ကနေ စပြီး ပြဋ္ဌန်းတဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို ပထမဆုံး အသုံးပြုပြီး ထုတ်ပြန်တဲ့ အမိန့်တစ်ရပ် ဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံခြားကနေ ဟောင်ကောင်ကျွန်း အရေးကိစ္စတွေကို စီစဉ်နေတဲ့ လှုံ့ဆော်သူတွေကို စတင်ဖမ်းဆီးဖို့ ထုတ်ပြန်တဲ့ အမိန့်လည်းဖြစ်တယ်။

တရုတ်နိုင်ငံသားလည်းမဟုတ် ဟောင်ကောင် ကျွန်းသားလည်း မဟုတ်တဲ့ နိုင်ငံခြားသားတွေက ဟောင်ကောင်ကျွန်းရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင် ပတ်သက်နေရင် ဥပဒေကို ဖောက်ဖျက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း ၊ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း နဲ့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်းဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး ဖမ်းဆီး ထိန်းသိမ်းခံရမယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရပိုင် CCTV ရုပ်သံလိုင်းက အဲ့ဒိ ပြစ်မှုကျူးလွန်သူလို့ ယူဆထားတဲ့ သူတွေကိုဖော်ပြပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ခြင်း မရှိခဲ့သလို ဟောင်ကောင် ရဲတွေကလည်း အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေကို တစ်စုံတစ်ရာ ရှင်းလင်းချက် မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဒီမိုကေရစီအေရး လႈံ႕ေဆာ္သူ ၆ဦးကို ဖမ္းဝရမ္းထုတ္2

ဝါရှင်တန် ဒီစီ အခြေစိုက် ဟောင်ကောင်ကျွန်း ဒီမိုကရေစီ ကောင်စီရဲ့ အကြီးတန်း ပြောခွင့်ရသူကတော့ တရုတ်တို့ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေက နိုင်ငံရပ်ခြား ဒီမိုကရေစီအရေး လှုတ်ရှားသူတွေကို စတင်ပစ်မှတ်ထားပြီး တိုက်ခိုက် နေပါပြီလို့ ဆိုတယ်။

ဟောင်ကောင်အစိုးရကတော့ အဲ့ဒိဖမ်းဝရမ်းက ဟောင်ကောင်ကျွန်း လုံခြုံရေးအတွက် ထုတ်ပြန်တာဖြစ်ပြီး လူနည်းစုကလေးရဲ့ ခြိမ်းခြောက်မှု ကို ကာကွယ်တာ လို့လည်း ဆိုပါတယ်။

ဟောင်ကောင်ကျွန်းပေါ်မှာ ဖြစ်နေတဲ့ မင်းမဲ့စရိုက်ဆန်ဆန် လှုပ်ရှားမှုတွေနဲ့ ဆန္ဒပြမှုတွေကို အထောက်အပံ့ပေး လှုံ့ဆော်နေတဲ့ နောက်ကြိုးကို ရှင်းပစ်တာဖြစ်ကြောင်း၊ ဟောင်ကောင်ကို ဥပဒေနဲ့အညီ ဘေးကင်စွာ တည်ရှိအောင်နဲ့ အခြေခံဥပဒေကို ဖော်ဆောင်နိုင်ဖို့အတွက် လုံခြုံရေး ဥဒေကို အသုံးပြုရကြောင်း ဆိုပါတယ်။

မောင်ယဿ, REF: CNN, photo : cnn

Zawgyi

ဒီမိုကေရစီအေရး လႈံ႕ေဆာ္သူ ၆ဦးကို ဖမ္းဝရမ္းထုတ္

တ႐ုတ္အစိုးရ သတင္းစာတစ္ေစာင္ရဲ႕အဆိုအရ ေဟာင္ေဟာင္ကြၽန္းေပၚကို လာေရာက္ၿပီး ဒီမိုကေရစီအေရး လႈပ္ရွားမႈျပဳေနတဲ့ အေမရိကန္ႏိုင္ငံသားတစ္ဦး အပါအဝင္ ႏိုင္ငံျခားအေျခစိုက္ လႈံ႕ေဆာ္သူ ၆ဦးကို ေဟာင္ေကာင္လုံၿခဳံေရး တပ္ဖြဲ႕က အခု အသစ္ျပဌန္းလိုက္တဲ့ လုံၿခဳံေရး ဥပေဒအရ ဖမ္းဝရမ္း ထုတ္လိုက္ေၾကာင္း သိရပါတယ္။

ဒီမိုကေရစီအေရး လႈံ႕ေဆာ္သူ ၆ဦးကို ဖမ္းဝရမ္းထုတ္3

ဖမ္းဝရမ္းထုတ္ခံရတဲ့ သူေတြမွာ အေမရိကန္ႏိုင္ငံသားနဲ႔ ေဟာင္ေကာင္ကေန ထြက္ေျပးၿပီး လန္ဒန္မွာ ခိုေအာင္းေနတဲ့ လႊတ္ေတာ္အမတ္ တစ္ဦးလည္း ပါပါတယ္။ အဲ့ဒိ ဖမ္းဝရမ္းက ေဟာင္ေကာင္ကြၽန္းကို ဇြန္လ ၃၀ရက္ေန႔ကေန စၿပီး ျပ႒န္းတဲ့ အမ်ိဳးသားလုံၿခဳံေရး ဥပေဒကို ပထမဆုံး အသုံးျပဳၿပီး ထုတ္ျပန္တဲ့ အမိန႔္တစ္ရပ္ ျဖစ္ပါတယ္။

ေနာက္ၿပီး ႏိုင္ငံျခားကေန ေဟာင္ေကာင္ကြၽန္း အေရးကိစၥေတြကို စီစဥ္ေနတဲ့ လႈံ႕ေဆာ္သူေတြကို စတင္ဖမ္းဆီးဖို႔ ထုတ္ျပန္တဲ့ အမိန႔္လည္းျဖစ္တယ္။

တ႐ုတ္ႏိုင္ငံသားလည္းမဟုတ္ ေဟာင္ေကာင္ ကြၽန္းသားလည္း မဟုတ္တဲ့ ႏိုင္ငံျခားသားေတြက ေဟာင္ေကာင္ကြၽန္းရဲ႕ ဒီမိုကေရစီအေရး လႈပ္ရွားမႈမွာ ပါဝင္ ပတ္သက္ေနရင္ ဥပေဒကို ေဖာက္ဖ်က္ျခင္း၊ အဖ်က္အေမွာင့္လုပ္ျခင္း ၊ ျပည္တြင္းေရးကို ဝင္ေရာက္စြတ္ဖက္ျခင္း နဲ႔ အၾကမ္းဖက္လုပ္ငန္းမ်ား လုပ္ေဆာင္ျခင္းဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ရာဇဝတ္မႈ က်ဴးလြန္တယ္ဆိုၿပီး ဖမ္းဆီး ထိန္းသိမ္းခံရမယ္လို႔ ဆိုပါတယ္။

တ႐ုတ္အစိုးရပိုင္ CCTV ႐ုပ္သံလိုင္းက အဲ့ဒိ ျပစ္မႈက်ဴးလြန္သူလို႔ ယူဆထားတဲ့ သူေတြကိုေဖာ္ျပၿပီး အေသးစိတ္ အခ်က္အလက္ေတြကို ထုတ္ေဖာ္ျခင္း မရွိခဲ့သလို ေဟာင္ေကာင္ ရဲေတြကလည္း အဲ့ဒိကိစၥနဲ႔ ပတ္သက္ၿပီး မီဒီယာေတြကို တစ္စုံတစ္ရာ ရွင္းလင္းခ်က္ မေပးႏိုင္ဘူးလို႔ ဆိုပါတယ္။

ဝါရွင္တန္ ဒီစီ အေျခစိုက္ ေဟာင္ေကာင္ကြၽန္း ဒီမိုကေရစီ ေကာင္စီရဲ႕ အႀကီးတန္း ေျပာခြင့္ရသူကေတာ့ တ႐ုတ္တို႔ရဲ႕ အမ်ိဳးသားလုံၿခဳံေရး ဥပေဒက ႏိုင္ငံရပ္ျခား ဒီမိုကေရစီအေရး လႈတ္ရွားသူေတြကို စတင္ပစ္မွတ္ထားၿပီး တိုက္ခိုက္ ေနပါၿပီလို႔ ဆိုတယ္။

ေဟာင္ေကာင္အစိုးရကေတာ့ အဲ့ဒိဖမ္းဝရမ္းက ေဟာင္ေကာင္ကြၽန္း လုံၿခဳံေရးအတြက္ ထုတ္ျပန္တာျဖစ္ၿပီး လူနည္းစုကေလးရဲ႕ ၿခိမ္းေျခာက္မႈ ကို ကာကြယ္တာ လို႔လည္း ဆိုပါတယ္။

ေဟာင္ေကာင္ကြၽန္းေပၚမွာ ျဖစ္ေနတဲ့ မင္းမဲ့စ႐ိုက္ဆန္ဆန္ လႈပ္ရွားမႈေတြနဲ႔ ဆႏၵျပမႈေတြကို အေထာက္အပံ့ေပး လႈံ႕ေဆာ္ေနတဲ့ ေနာက္ႀကိဳးကို ရွင္းပစ္တာျဖစ္ေၾကာင္း၊ ေဟာင္ေကာင္ကို ဥပေဒနဲ႔အညီ ေဘးကင္စြာ တည္ရွိေအာင္နဲ႔ အေျခခံဥပေဒကို ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ လုံၿခဳံေရး ဥေဒကို အသုံးျပဳရေၾကာင္း ဆိုပါတယ္။

ေမာင္ယႆ, REF: CNN, photo : cnn

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …