Entertainment
ဒိုနီယန် ရဲ့ ကွန်ဖူးပညာကို မြင်လိုက်တဲ့ မူလန်ဒါရိုက်တာ အံ့အားသင့်1
ဒိုနီယန် ရဲ့ ကွန်ဖူးပညာကို မြင်လိုက်တဲ့ မူလန်ဒါရိုက်တာ အံ့အားသင့်2
မောင်ယဿ REF: Asiaone
Photo; disney
Unicode
ဒိုနီယန် ရဲ့ ကွန်ဖူးပညာကို မြင်လိုက်တဲ့ မူလန်ဒါရိုက်တာ အံ့အားသင့်
ဒစ္စနေးရုပ်ရှင် ကုမ္ပဏီက တရုတ်နိုင်ငံက နာမည်ကျော် မူလန်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်နေပါတယ်။ ဇာတ်လမ်းထဲမှာ ဟောင်ကောင် မင်းသား ဒိုနီယန်က အိုင်ပီ တရုတ်သိုင်းကားကို ထားခဲ့ပြီးနောက်မှာတော့ စစ်ဗိုလ်ချုပ်တန် အဖြစ်သရုပ်ဆောင်ရမှာပါ။
ရိုက်ကွင်းမှာ ဒိုနီယန်က သူ့ရဲ့ သိုင်းစွမ်းရည်ကို ပြလို့ ဒါရိုက်တာ နီကီကာရိုက အလွန်အံအားသင့်ခဲ့ရတယ်လို့ဆိုတယ်။ စစ်ဗိုလ်ချုပ်က သူ့ရဲ့ စစ်သားတွေကို တိုက်ခိုက်ရေး စွမ်းရည်ပြတာကို ကင်မရာနဲ့ လိုက်ချိန်ရိုက်တာ တော်တော်မြန်လို့ မမြင်လိုက်ရဘူး ဖြစ်သွားတယ်။
အဲ့ဒါနဲ့ ကင်မရာကို အနှေးပြကွက်နဲ့ ကြည့်မှ မင်းသားဒိုနီယန်ရဲ့ လှုပ်ရှားမှုကို အသေးစိတ်မြင်လိုက်ရပါတယ်။
ဒိုနီယန် ရဲ့ ကွန်ဖူးပညာကို မြင်လိုက်တဲ့ မူလန်ဒါရိုက်တာ အံ့အားသင့်4
သူမက အေးရှဝမ်းရုပ်သံကို “ ကျမ ကင်မရာထဲမှာ ကြည့်နေ့ရင်းနဲ့ လန့်တောင်လန့် သွားမိတယ်။ သူလှံကို ဘယ်လို ကစား သွားလဲ ဆိုတာကို မြင်တောင် မမြင်လိုက်ရဘူး။
ကျမအကြိုက်ဆုံး လှုပ်ရှားမှုကို ပြောပါဆိုရင် ဒိုနီယန် ကွန်ဖူးကစားတာကို အပြင်မှာ မြင်လိုက် လိုက်ချင်း မှာပါပဲ။ ကျမ မေးစေ့တွေတောင် မြေကြီးပေါ် ပြုတ်ကျသွားသလားမသိအောင် အံ့အားသင့်မိပါတယ်”လို့ဆိုတယ်။
“သူ ဓားကစားတာကို ကြည့်ရင်းက ကိုယ်တိုင်တောင် ဓားကစား ချင်လာတယ်။ အရမ်းမြန်တာပဲ။ အပြင်မှာ ဓားကစားတာတွေ က သိပ်အသက်ဝင်တာပါပဲ။ ဒီလို တိုက်ခိုက်ရမယ် ဆိုတာကို သူဘယ်လိုလုပ် သိနေရတာလဲ။ သိပ်ကောင်းတာပဲ”လို့ ဆိုတယ်။
ဒိုနီယန် ရဲ့ ကွန်ဖူးပညာကို မြင်လိုက်တဲ့ မူလန်ဒါရိုက်တာ အံ့အားသင့်5
၁၉၉၈ က မူလန်ကို ဒစ္စနေက ကာတွန်းကားအဖြစ် ရိုက်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူက မူလန်ကို တကယ့် လူနဲ့သရုပ်ဆောင် ချင်နေကြ တယ်။ ဒစ္စနေကနေ ဇာတ်ညွှန်း ဝယ်တဲ့လူတွေတောင် ရှိနေပါတယ်။ ဒစ္စနေကုမ္ပဏီက နောက်ဆုံးမှာ သူကိုယ်တိုင်ရိုက်ဖို့အတွက် ဆုံဖြတ်လိုက်တာပါ။
ဒိုနီယန်အပြင် ဟောင်ကောင် နာမည်ကြီးတွေဖြစ်တဲ့ ဂျက်လီ ဂေါင်းလီ ချန်ပိုင်ပိုင် အစရှိတဲ့ နာမည်ကျော်တွေ အများကြီး ပါပါတယ်။ ကာရို အတွက်ကတော့ တရုတ်သိုင်းမင်းသားတွေ သိုင်းမင်းသမီးတွေရဲ့ သိုင်းကစားဟန်တွေကို ကြည့်ပြီး ရင်သပ်ရှု့မောဖြစ်နေရပါတယ်။
မူလန်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး လျူယီဖိုင် ကတော့ အံ့မခန်းပါပဲ လို့ သူမပြောပါတယ်။ “ကျမက ရုပ်ရှင်ရိုက်ဖို့အတွက် ပထမအကြိမ် လူရွေးပွဲအတွက် တရုတ်ကို ခရီးထွက်ခဲ့တုန်းက မူလန်နဲ့လိုက်မယ့် အမျိုးသမီးတွေ အများကြီး တွေ့ခဲ့ပါတယ်။
အခု ယီဖိုင်ကို တွေ့တော့မှ တကယ့်မူလန်ကို တွေ့ရတာပါ။ သူမက လော့စ်အိန်ဂျလိ့စ်အထိ လိုက်လာပြီး ကျမနဲ့ တရက်လုံးလုံး မအိပ်မနေ ဆွေးနွေးခဲ့တာပါ”လို့ ဆိုတယ်။
မောင်ယဿ REF: Asiaone
Photo; disney
No Comments
Leave a Reply
Your email address will not be published.
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။
Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …