ဒိုင္ယာနာ ရဲ႕ ကိုယ္ေရး အတၳဳပၸတၱိ ႐ုပ္ရွင္မွာ ခရစၥတန္စတီးဝတ္ သ႐ုပ္ေဆာင္

ဒိုင္ယာနာ ရဲ႕ ကိုယ္ေရး အတၳဳပၸတၱိ ႐ုပ္ရွင္မွာ ခရစၥတန္စတီးဝတ္ သ႐ုပ္ေဆာင္
International-news

ဒိုင္ယာနာ ရဲ႕ ကိုယ္ေရး အတၳဳပၸတၱိ ႐ုပ္ရွင္မွာ ခရစၥတန္စတီးဝတ္ သ႐ုပ္ေဆာင္

Twilight ေသြးစုတ္ဖုတ္ေကာင္ ဇာတ္လမ္းထဲက မင္းသမီး ခရစၥတန္စတီးဝတ္က မၾကာခင္မွာ ႐ိုက္ကူးမယ့္ ကြယ္လြန္သြားၿပီ ျဖစ္တဲ့ ၿဗိတိန္ ေဝလနယ္စားကေတာ္ ဒိုင္ယာနာရဲ႕ အတၳဳပၸတၱိ ႐ုပ္ရွင္မွာ ဒိုင္ယာနာ အျဖစ္ သ႐ုပ္ေဆာင္မယ္လို႔ သိရပါတယ္ ။ Spencer လို႔ အမည္ရတဲ့ ဇာတ္ကားမွာ ေဝလမင္းသား ခ်ားလ္ နဲ႔ မင္းသမီးဒိုင္ယာနာတို႔ရဲ႕ လက္ထပ္ ထိမ္းျမား ၿပီးေနာက္ အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့ အကြဲအၿပဲ ဇာတ္အိမ္ကို အေျခခံၿပီးေတာ့ ႐ိုက္ကူးမွာပါ ။ ေဟာလီးဝုဒ္ စတား ခရစၥတန္စတီဝတ္ရဲ႕ ကြၽမ္းက်င္တဲ့ ဇာတ္လမ္းမ်ိဳး ျဖစ္တဲ့အတြက္ ၾကည့္လို႔ေကာင္းမွာကေတာ့ ေသခ်ာပါတယ္ ။

မင္းသမီး ဒိုင္ယာနာကေတာ့ က်ေနာ္တို႔ အတြက္ အမွတ္တရေတြ အမ်ားႀကီး ထားခဲ့တဲ့ သူတစ္ဦးပါ ။ ကမာၻ႔ လူသားမ်ားစြာရဲ႕ လူသားဆန္မႈ ျပယုဂ္ တစ္ခုအျဖစ္ရွိခဲ့တဲ့ သူတစ္ဦးျဖစ္ၿပီး ဒီကေန႔အထိ သူမကို ၾကည္ညိဳ ေလးစား ေနတဲ့သူေတြ အမ်ားႀကီး ရွိေနတုႏ္ုးပါပဲ ။ ဒီ႐ုပ္ရွင္က ၿဗိတိသွ် နန္းေတာ္ထဲမွာ သာမာန္ အရပ္သူတစ္ဦး ဘယ္လို က်င္လည္ရတယ္ ဆိုတာကို အတြင္းက်က် ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းပါ ။ ဘာကင္ဟမ္ နန္းေတာ္ႀကီး ထဲက သာမန္အရပ္သူတစ္ဦးရဲ႕ ခံစားခ်က္နဲ႔ လက္ေတြ႕ ေနထိုင္ရတဲ့ အတြင္းဇာတ္လမ္း ေတြကို သိရမွာပါ ။

ခ်ားလ္မင္းသားနဲ႔ မေတြ႕ခင္က သာမန္ အရပ္သူဘဝကို လြမ္းဆြတ္ ေနရတဲ့ နန္းေတာ္ ေပၚကတာဝန္ေတြနဲ႔ အမ်ိဳးသမီး တစ္ေယာက္ကို ရွာေဖြ ေတြ႕ရွိမွာပါ ။ ဇာတ္ၫႊန္းကို စတီဖင္ႏိုက္ကေရးၿပီး ပတ္ဘလိုလာရိန္းက ဒါ႐ိုက္တာ လုပ္မွာပါ ။ “တစ္ေယာက္ေယာက္က ဘုရင္မ မလုပ္ခ်င္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တဲ့ အခါမွာ ကိုယ့္ကိုယ္ကို ဘယ္သူ ျဖစ္ေနတယ္ ဆိုတာကို ရွာေဖြေတြ႕ရွိသြားမွာပါ ။ လက္ေတြ႕ ဘဝနဲ႔ စိတ္ကူးယဥ္စရာ နတ္သမီးပုံျပင္ေတြက အကြာႀကီး ကြာတယ္ဆိုတာကို ျမင္လိုက္ ရမွာပါ ။

ဒီဇာတ္ကားကို ႐ိုက္ရမယ္လို႔ သိလိုက္ရတဲ့အခ်ိန္မွာ ဒါက အလြန္ႀကီးေလးတဲ့ တာဝန္ျဖစ္တယ္ဆိုတာကို အလိုလို သိလိုက္ရတယ္ ။ နန္းေတာ္ထဲက ဓေလ့ထုံးစံေတြ သူတို႔ရဲ႕တာဝန္ေတြနဲ႔ သူတို႔ရဲ႕ ပုံရိပ္ေတြ ကို မထိခိုက္ေအာင္ လုပ္ၿပီး ႐ိုက္ရေတာ့မယ္ ဆိုတာေၾကာင့္ပါ ။ ဒါက ဒီ ႐ုပ္ရွင္ရဲ႕ အဓိကေပးမယ့္ အႏွစ္သာရပါ”လို႔ ဒါ႐ိုက္တာ လာရိန္းကဆိုတယ္ ။

႐ုပ္ရွင္႐ိုက္ဖို႔ အတြက္ မင္သားႀကီးခ်ားလ္ရယ္ သားေတာ္ေတြျဖစ္တဲ့ ဝီလွ်ံ နဲ႔ဟာရီ တို႔နဲ႔ စကား အၾကမ္း ေဆြးေႏြးၿပီးပါၿပီ ။ ဇာတ္ကား နာမည္ကို စပြန္ဆာလို႔ ေပးရတဲ့ အေၾကာင္းကေတာ့ ဒိုင္ယာနာရဲ႕ ငယ္နာမည္ကို ယူၿပီး ေပးထားတာပါ ။ နန္းေတာ္ထဲကို ေရာက္ၿပီး မွာ သာမန္ အရပ္သူတစ္ေယာက္ဘဝကို ျပန္တမ္းတတဲ့ ဟန္ျဖစ္ေအာင္လို႔ အဲ့ဒိ နာမည္ေပးထားတာပါလို႔ လာရိန္းက ဆိုတယ္ ။

ေမာင္ယႆ

REF; world of buzz Photo; IMDP

Unicode

ဒိုင်ယာနာ ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ ရုပ်ရှင်မှာ ခရစ္စတန်စတီးဝတ် သရုပ်ဆောင်

Twilight သွေးစုတ်ဖုတ်ကောင် ဇာတ်လမ်းထဲက မင်းသမီး ခရစ္စတန်စတီးဝတ်က မကြာခင်မှာ ရိုက်ကူးမယ့် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဗြိတိန် ဝေလနယ်စားကတော် ဒိုင်ယာနာရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်မှာ ဒိုင်ယာနာ အဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ် ။ Spencer လို့ အမည်ရတဲ့ ဇာတ်ကားမှာ ဝေလမင်းသား ချားလ် နဲ့ မင်းသမီးဒိုင်ယာနာတို့ရဲ့ လက်ထပ် ထိမ်းမြား ပြီးနောက် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကွဲအပြဲ ဇာတ်အိမ်ကို အခြေခံပြီးတော့ ရိုက်ကူးမှာပါ ။ ဟောလီးဝုဒ် စတား ခရစ္စတန်စတီဝတ်ရဲ့ ကျွမ်းကျင်တဲ့ ဇာတ်လမ်းမျိုး ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းမှာကတော့ သေချာပါတယ် ။

မင်းသမီး ဒိုင်ယာနာကတော့ ကျနော်တို့ အတွက် အမှတ်တရတွေ အများကြီး ထားခဲ့တဲ့ သူတစ်ဦးပါ ။ ကမ္ဘာ့ လူသားများစွာရဲ့ လူသားဆန်မှု ပြယုဂ် တစ်ခုအဖြစ်ရှိခဲ့တဲ့ သူတစ်ဦးဖြစ်ပြီး ဒီကနေ့အထိ သူမကို ကြည်ညို လေးစား နေတဲ့သူတွေ အများကြီး ရှိနေတုန်ုးပါပဲ ။ ဒီရုပ်ရှင်က ဗြိတိသျှ နန်းတော်ထဲမှာ သာမာန် အရပ်သူတစ်ဦး ဘယ်လို ကျင်လည်ရတယ် ဆိုတာကို အတွင်းကျကျ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ ။ ဘာကင်ဟမ် နန်းတော်ကြီး ထဲက သာမန်အရပ်သူတစ်ဦးရဲ့ ခံစားချက်နဲ့ လက်တွေ့ နေထိုင်ရတဲ့ အတွင်းဇာတ်လမ်း တွေကို သိရမှာပါ ။

ချားလ်မင်းသားနဲ့ မတွေ့ခင်က သာမန် အရပ်သူဘဝကို လွမ်းဆွတ် နေရတဲ့ နန်းတော် ပေါ်ကတာဝန်တွေနဲ့ အမျိုးသမီး တစ်ယောက်ကို ရှာဖွေ တွေ့ရှိမှာပါ ။ ဇာတ်ညွှန်းကို စတီဖင်နိုက်ကရေးပြီး ပတ်ဘလိုလာရိန်းက ဒါရိုက်တာ လုပ်မှာပါ ။ “တစ်ယောက်ယောက်က ဘုရင်မ မလုပ်ချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ ကိုယ့်ကိုယ်ကို ဘယ်သူ ဖြစ်နေတယ် ဆိုတာကို ရှာဖွေတွေ့ရှိသွားမှာပါ ။ လက်တွေ့ ဘဝနဲ့ စိတ်ကူးယဉ်စရာ နတ်သမီးပုံပြင်တွေက အကွာကြီး ကွာတယ်ဆိုတာကို မြင်လိုက် ရမှာပါ ။

ဒီဇာတ်ကားကို ရိုက်ရမယ်လို့ သိလိုက်ရတဲ့အချိန်မှာ ဒါက အလွန်ကြီးလေးတဲ့ တာဝန်ဖြစ်တယ်ဆိုတာကို အလိုလို သိလိုက်ရတယ် ။ နန်းတော်ထဲက ဓလေ့ထုံးစံတွေ သူတို့ရဲ့တာဝန်တွေနဲ့ သူတို့ရဲ့ ပုံရိပ်တွေ ကို မထိခိုက်အောင် လုပ်ပြီး ရိုက်ရတော့မယ် ဆိုတာကြောင့်ပါ ။ ဒါက ဒီ ရုပ်ရှင်ရဲ့ အဓိကပေးမယ့် အနှစ်သာရပါ”လို့ ဒါရိုက်တာ လာရိန်းကဆိုတယ် ။

ရုပ်ရှင်ရိုက်ဖို့ အတွက် မင်သားကြီးချားလ်ရယ် သားတော်တွေဖြစ်တဲ့ ဝီလျှံ နဲ့ဟာရီ တို့နဲ့ စကား အကြမ်း ဆွေးနွေးပြီးပါပြီ ။ ဇာတ်ကား နာမည်ကို စပွန်ဆာလို့ ပေးရတဲ့ အကြောင်းကတော့ ဒိုင်ယာနာရဲ့ ငယ်နာမည်ကို ယူပြီး ပေးထားတာပါ ။ နန်းတော်ထဲကို ရောက်ပြီး မှာ သာမန် အရပ်သူတစ်ယောက်ဘဝကို ပြန်တမ်းတတဲ့ ဟန်ဖြစ်အောင်လို့ အဲ့ဒိ နာမည်ပေးထားတာပါလို့ လာရိန်းက ဆိုတယ် ။

မောင်ယဿ

REF; world of buzz Photo; IMDP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …