ဒယ်နီရယ်ခရိတ်နဲ့ ဂျိမ်းစ်ဘွန် ဇတ်လမ်းပြတ်ပြီ

ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္ ဇတ္လမ္းျပတ္ၿပီ
Cele News

ဒယ်နီရယ်ခရိတ်နဲ့ ဂျိမ်းစ်ဘွန် ဇတ်လမ်းပြတ်ပြီ

နှစ် ၆၀နီးပါးရှိလာပြီဖြစ်တဲ့ ဂျိမ်းစ်ဘွန် ဇာတ်လမ်းတွဲက ၂၅ ကား ရှိခဲ့ပါပြီ။ နောက်ဆုံး ဂျိမ်းစ်ဘွန်းမင်းသား ဒယ်နီရယ်ခရိတ်က ရုပ်ရှင်ကား ၅ကားကို သရုပ်ဆောင်ပြီး နောက်မှာတော့ သူက ဂျိမ်းစ်ဘွန်းနဲ့ လမ်းခွဲတော့မှာပါ။

ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္ ဇတ္လမ္းျပတ္ၿပီ3

 

လာမယ့် နိုဝင်ဘာလလောက်မှာ ရုံတင်နိုင်လိမ့်မယ်လို့ ယူဆရတဲ့ No Time To Die ရုပ်ရှင်ကားကို ဖေဖော်ဝါရီလ လောက်မှာ ရုံတင်နိုင်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ကြောင့် ရွေ့ဆိုင်းခဲ့ရပါတယ်။ ဒီကား ရုံတင်ပြီးရင်တော့ ဒယ်နီရယ်ခရိတ်နဲ့ ဂျိမ်းစ်ဘွန်းက အပြီးလမ်းခွဲ ရတော့မှာပါ။

သူက ဂျိမ်းစ်ဘွန်း ဇာတ်လမ်းတွဲအဖြစ် Casino Royal (၂၀၀၆ )နဲ့ စတင်ခဲ့တာပါ။ အဲ့ဒိနောက် Quantum of Solace (၂၀၀၈)၊ Sky Fall (၂၀၁၂) ၊ Spectre ( ၂၀၁၅) နဲ့ No Time To Die (၂၀၂၀) တို့ကို ရိုက်ကူးခဲ့ပါတယ်။

လက်ရှိ ရိုက်ကူးထားပြီး ရုံတင်ဖို့ စောင့်နေတဲ့ No Time To Die မှာက အရင်ကားတွေရဲ့ ဂျိမ်းစ်ဘွန်း ဇာတ်လမ်း အားနည်းချက်တွေကို တော်တော် ပြင်ထားပါတယ်။ နောက်လာမယ့် ဂျိမ်းစ်ဘွန်း နဲ့ ပတ်သက်ပြီး ရုပ်ရှင်ကုမ္ပဏီက ဘာမှ ပြင်ဆင်ထားတာ မရှိသေးပါဘူး။

ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္ ဇတ္လမ္းျပတ္ၿပီ2

“ ဂျိမ်းစ်ဘွန်း မင်းသားသစ်နဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လိုဖြစ်မယ် ဆိုတာကတော့ ကျနော်မသိပါဘူး။ ကျနော်ထက် အသက်ပိုငယ်မှာလား ၊ ပိုကြီး မလား ဆိုတာကိုပါ။ ဒါပေမဲ့ဗျာ ကျနော်ပြောနိုင်တာက ဂျိမ်းစ်ဘွန်းဆိုတာ တော်တော်စမ်းသက်ခံရတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။

အရေးကြီးဆုံးက တော်တော် ဒဏ်ခံနိုင်မှ ဖြစ်မှာဗျ။”လို့ ဂျီကျူ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

“တော် တော် ဝေဖန် ခံရတာဗျ။ Spectre တုန်းကဆိုရင် လူတွေက တော်တော် ဝေဖန်တာဗျ။ ဂျိမ်းစဘွန်းရဲ့ ဌာနကလည်း ပြောင်းသွားတယ်ဆိုတော့ ကိုယ်က ဇာတ်ရုပ်နဲ့ လိုက်အောင်သရုပ်ဆောင်ရင်းကိုက လူတွေရဲ့ မှတ်ဉာဏ်ထဲက ဂျိမ်းစ်ဘွန်နဲ့ လွဲလွဲ သွားတတ်တယ်။

ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္ ဇတ္လမ္းျပတ္ၿပီ1

အဲ့ဒိတုန်းက တော်တော် စိတ်ပျက်ခဲ့ရပါတယ်။ နောက်တစ်ကား ရိုက်ဖို့ကိုတောင် တော်တော် အားယူခဲ့ရတယ်”လို့ အင်ပါယာမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

သူက Spectre ကား ရိုက်ပြီး ကတည်းက ဂျိမ်းစ်ဘွန်း ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တာကို ရပ်ဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမဲ့ အကောင်းဆုံး ပုံစံတစ်ခုကို ရိုက်ပြခဲ့ပြီးမှ အနားယူမယ်လို့ ဆုံးဖြတ်ချက်ကြောင့် ဆက်ရိုက် ဖြစ်ခဲ့ရတာပါ။ အခုကားမှာ သူ့ရဲ့ အကောင်းဆုံး ဂျိမ်းစ်ဘွန်း ဟုတ်မဟုတ်ကတော့ ကြည့်ပြီးမှပဲ ဆုံးဖြတ်ရမှာပါ။

မောင်ယဿ, REF: screenrant .com, Photo; the sun

Zawgyi

ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္ ဇတ္လမ္းျပတ္ၿပီ

ႏွစ္ ၆၀နီးပါးရွိလာၿပီျဖစ္တဲ့ ဂ်ိမ္းစ္ဘြန္ ဇာတ္လမ္းတြဲက ၂၅ ကား ရွိခဲ့ပါၿပီ။ ေနာက္ဆုံး ဂ်ိမ္းစ္ဘြန္းမင္းသား ဒယ္နီရယ္ခရိတ္က ႐ုပ္ရွင္ကား ၅ကားကို သ႐ုပ္ေဆာင္ၿပီး ေနာက္မွာေတာ့ သူက ဂ်ိမ္းစ္ဘြန္းနဲ႔ လမ္းခြဲေတာ့မွာပါ။

ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္ ဇတ္လမ္းျပတ္ၿပီ4

လာမယ့္ ႏိုဝင္ဘာလေလာက္မွာ ႐ုံတင္ႏိုင္လိမ့္မယ္လို႔ ယူဆရတဲ့ No Time To Die ႐ုပ္ရွင္ကားကို ေဖေဖာ္ဝါရီလ ေလာက္မွာ ႐ုံတင္ႏိုင္ဖို႔ စီစဥ္ခဲ့ေပမဲ့ ကိုဗစ္-၁၉ ေၾကာင့္ ေ႐ြ႕ဆိုင္းခဲ့ရပါတယ္။ ဒီကား ႐ုံတင္ၿပီးရင္ေတာ့ ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္းက အၿပီးလမ္းခြဲ ရေတာ့မွာပါ။

သူက ဂ်ိမ္းစ္ဘြန္း ဇာတ္လမ္းတြဲအျဖစ္ Casino Royal (၂၀၀၆ )နဲ႔ စတင္ခဲ့တာပါ။ အဲ့ဒိေနာက္ Quantum of Solace (၂၀၀၈)၊ Sky Fall (၂၀၁၂) ၊ Spectre ( ၂၀၁၅) နဲ႔ No Time To Die (၂၀၂၀) တို႔ကို ႐ိုက္ကူးခဲ့ပါတယ္။

လက္ရွိ ႐ိုက္ကူးထားၿပီး ႐ုံတင္ဖို႔ ေစာင့္ေနတဲ့ No Time To Die မွာက အရင္ကားေတြရဲ႕ ဂ်ိမ္းစ္ဘြန္း ဇာတ္လမ္း အားနည္းခ်က္ေတြကို ေတာ္ေတာ္ ျပင္ထားပါတယ္။ ေနာက္လာမယ့္ ဂ်ိမ္းစ္ဘြန္း နဲ႔ ပတ္သက္ၿပီး ႐ုပ္ရွင္ကုမၸဏီက ဘာမွ ျပင္ဆင္ထားတာ မရွိေသးပါဘူး။

“ ဂ်ိမ္းစ္ဘြန္း မင္းသားသစ္နဲ႔ ပတ္သက္ၿပီး ဘာေတြ ဘယ္လိုျဖစ္မယ္ ဆိုတာကေတာ့ က်ေနာ္မသိပါဘူး။ က်ေနာ္ထက္ အသက္ပိုငယ္မွာလား ၊ ပိုႀကီး မလား ဆိုတာကိုပါ။ ဒါေပမဲ့ဗ်ာ က်ေနာ္ေျပာႏိုင္တာက ဂ်ိမ္းစ္ဘြန္းဆိုတာ ေတာ္ေတာ္စမ္းသက္ခံရတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ပါပဲ။

ဒယ္နီရယ္ခရိတ္နဲ႔ ဂ်ိမ္းစ္ဘြန္ ဇတ္လမ္းျပတ္ၿပီ5

အေရးႀကီးဆုံးက ေတာ္ေတာ္ ဒဏ္ခံႏိုင္မွ ျဖစ္မွာဗ်။”လို႔ ဂ်ီက်ဴ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားပါတယ္။

“ေတာ္ ေတာ္ ေဝဖန္ ခံရတာဗ်။ Spectre တုန္းကဆိုရင္ လူေတြက ေတာ္ေတာ္ ေဝဖန္တာဗ်။ ဂ်ိမ္းစဘြန္းရဲ႕ ဌာနကလည္း ေျပာင္းသြားတယ္ဆိုေတာ့ ကိုယ္က ဇာတ္႐ုပ္နဲ႔ လိုက္ေအာင္သ႐ုပ္ေဆာင္ရင္းကိုက လူေတြရဲ႕ မွတ္ဉာဏ္ထဲက ဂ်ိမ္းစ္ဘြန္နဲ႔ လြဲလြဲ သြားတတ္တယ္။

အဲ့ဒိတုန္းက ေတာ္ေတာ္ စိတ္ပ်က္ခဲ့ရပါတယ္။ ေနာက္တစ္ကား ႐ိုက္ဖို႔ကိုေတာင္ ေတာ္ေတာ္ အားယူခဲ့ရတယ္”လို႔ အင္ပါယာမဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

သူက Spectre ကား ႐ိုက္ၿပီး ကတည္းက ဂ်ိမ္းစ္ဘြန္း ဇာတ္လမ္းတြဲေတြမွာ သ႐ုပ္ေဆာင္တာကို ရပ္ဖို႔ အႀကိမ္ႀကိမ္ စဥ္းစားခဲ့ေပမဲ့ အေကာင္းဆုံး ပုံစံတစ္ခုကို ႐ိုက္ျပခဲ့ၿပီးမွ အနားယူမယ္လို႔ ဆုံးျဖတ္ခ်က္ေၾကာင့္ ဆက္႐ိုက္ ျဖစ္ခဲ့ရတာပါ။ အခုကားမွာ သူ႔ရဲ႕ အေကာင္းဆုံး ဂ်ိမ္းစ္ဘြန္း ဟုတ္မဟုတ္ကေတာ့ ၾကည့္ၿပီးမွပဲ ဆုံးျဖတ္ရမွာပါ။

ေမာင္ယႆ, REF: screenrant .com, Photo; the sun

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ
Cele News
အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ

အယ်လင့်ကို ထောက်ခံလိုက်တဲ့ ကေတီပယ်ရီ ကမ္ဘာကျော် အယ်လင်ရှိုးဆိုတာ နာမည်ကြီး ဆယ်လီတွေနဲ့ ပါရမီရှင်တွေကို အင်တာဗျူး လုပ်ပြီး ဖြေဖျော်တင်ဆက်တဲ့ ရုပ်သံ အစီအစဉ် တစ်ခုပါ။ အဲ့ဒိ အစီအစဉ်ကို တင်ဆက်သူကတော့ အယ်လင် ဒီဂျင်နာရက်ပါ။ ၂၀၀၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အဲ့ဒိရှိုးကို ဒီနှစ်မတ်လမှာ အစီအစဉ်ကို ခေတ္တရပ်နားတာနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူတွေ အလုပ်သမားတွေနဲ့ သူမနဲ့ ကြားမှာ စကားများစရာတွေ ဖြစ်လာပါတယ်။ အဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့ အစီအစဉ် ရပ်နားမှုကို ဟောလီးဝုဒ်က ဆယ်လီတစ်ဦး ဖြစ်တဲ့ ကေတီပယ်ရီက သူမဖက်က ထောက်ခံကြောင်းကို တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။ “ကျမ ကြုံတွေ့ခဲ့ရသလိုမျိုး အခြာသူတစ်ဦး ကြုံတွေ့ခဲ့ …

ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ
Cele News
ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ

ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားကနေ သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် စီစဉ်နေ ကော်ရိုနာဗိုင်းရက် ကာလအတွင်း သြစတေးလျှမှာ ပိတ်မိပြီး နောက်မှာတော့ ဟောလီးဝုဒ်က ကိုလူချော ဇတ်အက်ဖရွန်က အမေရိကားမှာထက် သြစတေးလျှမှာ အခြေချ နေထိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။ TMZ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သြစတေးလျှက နယူးဆောက်ဝေးက ဘိုင်ရွန်ဘေးမှာ သူ အိမ်တစ်လုံး ဝယ်ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဟောလီးဝုဒ်မှာ နေထိုင်ရတာ ငြီးငွေ့လာပြီ ဖြစ်လာတဲ့အပြင် သြစတေးလျှမှာနေရတာ ပိုပြီးတော့ နှစ်ခြိုက်စရာ ကောင်းတယ်လို့ ဆိုတယ်။ ဇတ်အက်ဖရွန် (၃၂နှစ်)က “ကျနော်က ဖျော်ဖြေရေးလုပ်ငန်းတွေထဲက ထွက်ခွာမှာ မဟုတ်ပါဘူး။ အခု …

တန္ခိုးႀကီးေသာ နတ္နဂါး ျဖစ္သြားတဲ့ ခ်စ္သူက ေစာင့္ေရွာက္ေပးေနေၾကာင္း ကိုယ္ေတြ႕ ျဖစ္ရပ္မွန္ကိုေျပာတဲ့ ေဆာင္းအိ‌ေျႏၵထြန္း (မမေဆာင္း)
Cele News
တန်ခိုးကြီးသော နတ်နဂါး ဖြစ်သွားတဲ့ ချစ်သူက စောင့်ရှောက်ပေးနေကြောင်း ကိုယ်တွေ့ ဖြစ်ရပ်မှန်ကိုပြောတဲ့ ဆောင်းအိ‌န္ဒြေထွန်း (မမဆောင်း)

တန်ခိုးကြီးသော နတ်နဂါး ဖြစ်သွားတဲ့ ချစ်သူက စောင့်ရှောက်ပေးနေကြောင်း ကိုယ်တွေ့ ဖြစ်ရပ်မှန်ကိုပြောတဲ့ ဆောင်းအိ‌န္ဒြေထွန်း (မမဆောင်း) သေဆုံးတဲ့ ချစ်သူက ဘေးကနေ စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ အဖြစ်မျိုးကို လူတော်တော်များများက ရုပ်ရှင်ဇာတ်ကားအနေနဲ့ ပဲ မြင်တွေ့ဖူးကြမှာပါ။ သဘာဝလွန် ဖြစ်ရပ်တွေ ကို ယုံကြည်သူတွေကတော့ ဒီလိုအဖြစ်မျိုး အပြင်မှာ တကယ်ရှိကြောင်း ယုံကြည်ကြပါတယ်။ ယခုအခါမှာလည်း အချစ်ရေးနဲ့ ပတ်သက်ပြီး လူပြောများနေတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက သေဆုံးသွားတဲ့ သူမချစ်သူက တန်ခိုးကြီးတဲ့ နတ်နဂါးအဖြစ်နဲ့ သူမကို စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်းရဲ့ ကိုယ်တွေ့ဖြစ်ရပ်အကြောင်းကို Super သတင်းစုံက မေးမြန်းစူးစမ်းခဲ့ပါတယ်။ Super – မမဆောင်း အခုလိုကာလ မှာ ကြော်ငြာနဲ့ MTV …