ဒယ်တာပိုးပြန့်လာလို့ တရုတ်အရာရှိ အချို့ ကို အစိုးရက အပြစ်ပေး
- By : Kaung Khant
- Category : Cele News, International-news

ဒယ်တာပိုးပြန့်လာလို့ တရုတ်အရာရှိ အချို့ ကို အစိုးရက အပြစ်ပေး
မောင်ယဿ ( သြဂုတ် ၉ )
တရုတ်နိုင်ငံအရှေ့ပိုင်း က ယန်ကျိုးမြို့မှာ ကို ဗစ် -၁၉ရဲ့မျိုးကွဲတစ်မျိုး ဖြစ်တဲ့ ဒယ်တာပို ပြန့်နှံ့ လာတဲ့ အတွက်ကြောင့် ရောဂါပိုး ထိန်းချုပ်ရန် ပျက်ကွက်မှုနဲ့ ဒေသဆိုင်ရာ အရာရှိအချို့ကို အစိုးရက အပြစ်ပေး လိုက်တယ်လို့ ဘေဂျင်းထုတ် ဂလိုဘယ်တိုင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
တစ်လအတွင်း ရောဂါပိုးကူးစက်ခံရသူ ၉၀၀ ကျော်သွားတဲ့အတွက် ဒေသခံအာဏါပိုင်တွေအနေနဲ့ စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။ ရောဂါပိုးပြန့်နှံ့မှုက ရပ်တန့်မှု မရှိဘူးဖြစ်နေလို့ တာဝန်ခံထားတဲ့ အရာရှိ ၅ ဦးကို အလုပ်က ဖြုတ်ပစ်လိုက်ပါတယ်။
အဲ့ဒိမြို့ က တရုတ်အရှေ့ပိုင်းမြို့တော် နန်ကျင်းနဲ့ နီးပါတယ်။ နန်ကျင်းဆီကိုသာ ကူးစက်သွားရင် ဘယ်လိုမှ ထိန်းချုပ်လို့ မဖြစ်နိုင်တော့ပါဘူး။
ဒီကနေ့ဆေးဒစစ်မှုအရ ၃၀၈ ဦး ရောဂါကူးစက်ခံထားရတာကိုတွေ့ ရှိထားပါတယ်။ အဲ့ဒိထဲမှာ ၆ဦးက အရေးပေါ်မှာ တင်ထားရပါတယ်။ မပြောကောင်းမဆိုကောင်း အဲ့ဒိထဲက တစ်ဦးဦးများ သေဆုံးသွားရင် တရုတ် နိုင်ငံက ၆ လအတွင်း ကိုဗစ်ကြောင့်သေဆုံး သူ လူနာပြန်လည် ပေါ်ထွက် လာတာဖြစ်သွားမှာပါ။
တရုတ်အစိုးရက မြို့တော်ဝန် ၊ ဒေသန္တရ ကျန်းမာရေးအရာရှိ က အစ ဆေးရုံအုပ် နဲ့ လေဆိပ်အကြီးအကဲ အဆုံး ဝန်ထမ်း ၃၀ ကျော်ကို အလုပ်ကနေ ဖြုတ် ပစ်လိုက်ပါတယ်။
ဒေသတွင်း ရောဂါပြန်နှံ့မှု ဖြစ်လာရတဲ့ အကြောင်း အရင်းက အဲ့ဒိအရာရှိတွေ နမော်နမဲ့နိုင်မှု ကိုင်တွယ်ထိန်းချုပ်မှု ညံဖျင်းတဲ့အတွက်ကြောင့်လို့ အစိုးရပိုင်းက စွတ်စွဲထားပါတယ်။
REF: Bangkok post,Photo:Credit APnews
Zawgyi

မောင်ယဿ ( သြဂုတ် ၉ )
REF: Bangkok post
Photo: APnews
No Comments