- By : Kaung Khant
- Category : Article

Photo ; buzz street time
Unicode
ဒက်ဘိုးရက်နာနီ ပြက္ခဒိန်က အိုင်ဒီယာ ခိုးချတယ်ဆိုပြီး အပြစ်ပြောခံရ
အိန္ဒိယနိုင်ငံက ဒက်ဘိုး ပြက္ခဒိန်က နာမည်ကြီး ပြက္ခဒိန် တစ်ခုပါ ။ အိုင်ဒီယာ လန်းလန်း တွေနဲ့ ဘောလီးဝုဒ် မင်းသား မင်းသမီး ပုံတွေကို ရိုက်နှိပ် ထုတ် ဝေတာပါ ။
ဒီနှစ်ထုတ်ဝေ တဲ့ ပြက္ခဒိန်မှာ မင်းသမီး ကီရာရာအက်ဗာနီ ရဲ့ ဓာတ်ပုံက သူများ ဓာတ်ပုံ အိုင်ဒီယာ ခိုးချထား တယ် လို့ ဝေဖန်ခံ နေရပါတယ် ။ အွန်လိုင်း အသုံးပြုသူတွေက နိုင်ငံတကာ ဓာတ်ပုံဆရာ မာရီဘာရှ် ရဲ့ ဓာတ်ပုံ အိုင်ဒီယာကို ခိုးချထားတယ် လို့ ဝိုင်းဝန်း ဝေဖန်ပြောဆိုမှု တွေရှိနေပါတယ် ။
ဖိုတိုရှော့ လုပ်တာက ဒီဇိုင်း မျိုးစုံ လုပ်လို့ ရရဲ့သားနဲ့ ပုံစံတူ နေတာက သိက္ခာ ပိုင်းဆိုင်ရာ မှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုကြ ပါတယ် ။ နိုင်ငံတကာ ဓာတ်ပုံဆရာမ မာရီ ကတော့ ပြက္ခဒိန်က သူမရဲ့ အိုင်ဒီယာ နဲ့ ပတ်သက်လို့ သူမရဲ့ ဖေ့စ်ဘုတ်မှာ အဲ့ဒီပုံကို စခရင်ရှော့ခ် ရိုက်ပြီး ကျမကတော်တော် စိတ်ပျက် ပါတယ် ။
ဒါပေမဲ့ ထားလိုက် ပါတော့ပဲ ပြောလိုက်မယ် နော် ဆိုပြီး အရွန်းဖောက် လိုက်ပါတယ် ။ အချို့ အွန်လိုင်းသုံး သူတွေက ဖိုတိုရှော့ တွေသုံးပြီး အဲ့ဒီ ပုံတွေကို ပြောင်လှောင်ကာ လိုင်းပေါ် တင်ကြပါတယ် ။ ၂၀၂၀ ဒက်ဘိုးရက်နာနီ ပြက္ခဒိန်က အစိမ်းရောင် သဘာဝ ပတ်ဝန်းကျင်ကို ကိုယ်စားပြု တဲ့သဘော တွေကို ထည့်ထား ပါတယ် ။
ကိုယ်လုံးတီး နဲ့ မင်းသမီးက အစိမ်းရောင် သစ်ရွက် အကာ အကွယ် ယူထား တဲ့ပုံပါ ။ ဆိုလိုရင်းက သဘာဝတွင် နေထိုင်ကြတဲ့ လူသားတွေက အစိမ်းရောင် သစ်ပင်တွေရဲ့ အကူ အညီ အထောက် အပံ့ နဲ့ ရှင်သန် နေကြတာပါလို့ ဆိုလိုတာပါ ။
အဲ့ဒီပြက္ခဒိန် ထွက်ထွက်ချင်း မှာပဲ လိုင်းပေါ်မှာ ဆူညံသွားပါတယ် ။ တွစ်တာက စာမျက်နှာ တော်တော်များများ မှာလည်း အဲ့ဒီဓာတ်ပုံတွေ ချည်းပဲ ဖြစ်နေပါတယ် ။ မင်းသမီး ကီရာရာ အတွက် ပြက္ခဒိန် ရိုက်တာ ပထမဆုံး ဖြစ်ပါတယ် ။
ဟင်ဒီ ရုပ်ရှင် လောကကို ၂၀၁၄က မှဝင်ရောက် ခဲ့ပေမဲ့ အချိန်တို အတွင်း နာမည်ကြီး ခဲ့သူပါ ။ ဟာသကား တွေနဲ့ နာမည်ကျော်ခဲ့သူ လည်းဖြစ်ပါတယ် ။
မောင်ယဿ REF : india times
Photo ; buzz street time
No Comments