ဒက်ခ်ျ ဘုရင်ကြီးက အင်ဒိုနီးရှားနိုင်ငံသားတွေကို တောင်းပန်
ဒက်ခ်ျ ဘုရင်ကြီးက အင်ဒိုနီးရှားနိုင်ငံသားတွေကို တောင်းပန်
International-news
ဒက်ခ်ျ ဘုရင်ကြီးက အင်ဒိုနီးရှားနိုင်ငံသားတွေကို တောင်းပန်
ဒက်ခ်ျတွေက အင်ဒိုနီးရှားကို နှစ်ပေါင်း ၃၅၀ ကြာအောင် ကိုလိုနီ ပြုခဲ့ပါတယ် ။ ဒက်ခ်ျဘုရင်နဲ့မိဖုရား မက်ဆီမာကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဇနီး အီရီယာနာတို့ က ဧည့်ခံ ကြိုဆိုခဲ့ပြီး ဂျာကာတာမြို့ပြင်က ကိုလိုနီခေတ်လက်ရာ သမ္မတနန်းတော်ရာမှာ အခမ်းအနားနဲ့ တွေ့ဆုံခဲ့ပါတယ် ။
မောင်ယဿ
REF: euronews / Photo; AP
Unicode
ဒက်ချ် ဘုရင်ကြီးက အင်ဒိုနီးရှားနိုင်ငံသားတွေကို တောင်းပန်
နယ်သာလန်နိုင်ငံ ဘုရင်ကြီး ဝီလမ်အလက်ဇန်းဒါးက အင်ဒိုနီးရှား နိုင်ငံကို ကိုလိုနီအဖြစ်သိမ်းပိုက်ခဲ့စဉ်က ဒက်ချ်စစ်သားတွေကြောင့် သေကြေ ခဲ့ကြတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေအတွက် စိတ်မကောင်း ဖြစ်ရပါကြောင်း ဒီကနေ့ ( အင်္ဂါနေ့ ) မှာ တောင်းပန်ခဲ့ပါတယ် ။ သူက အင်ဒိုနီးရှာနိုင်ငံကို ပထမဆုံး အလည်အပတ် အဖြစ် ကိုယ်တိုင် လာရောက်ကာ တောင်းပန်ခဲ့ခြင်း ဖြစ်ပါတယ် ။
၁၉၄၉ခုနှစ်မှာ အင်ဒိုနီးရှားကို လွတ်လပ်ရေး ပေးခဲ့ပြီးနောက် ၂၀၁၃ခုနှစ်အထိ ဒီကိစ္စ တွေကို နယ်သာလန်ဘုရင်တွေ မသိခဲ့ပါ ။ ၂၀၁၃ ခုနှစ်ရောက်မှ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးက လွတ်လပ်ရေး တိုက်ပွဲ ကာလအတွင်းက ဒက်ချ်စစ်သား တွေက ဂျာဗားနဲ့ ဆူလာဝစီ ကျွန်းတွေမှာ အမျိုးသားရေး လှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ အင်ဒိုသားတွေကို ရက်ရက် စက်စက် နှိပ်ကွပ် ခဲ့တဲ့ အကြောင်း ကို ဘုရင့်ကို တင်ပြနိုင်ခဲ့ ပါတယ် ။
ဒက်ချ်တွေက အင်ဒိုနီးရှားကို နှစ်ပေါင်း ၃၅၀ ကြာအောင် ကိုလိုနီ ပြုခဲ့ပါတယ် ။ ဒက်ချ်ဘုရင်နဲ့မိဖုရား မက်ဆီမာကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဇနီး အီရီယာနာတို့ က ဧည့်ခံ ကြိုဆိုခဲ့ပြီး ဂျာကာတာမြို့ပြင်က ကိုလိုနီခေတ်လက်ရာ သမ္မတနန်းတော်ရာမှာ အခမ်းအနားနဲ့ တွေ့ဆုံခဲ့ပါတယ် ။
“နယ်သာလန် အစိုးရ အဖွဲ့ တစ်ခုလုံးရဲ့ ကိုယ်စား အရင်ဆုံး ပြောချင်တဲ့ စကားကတော့ ကျနော် ဝမ်းနည်း ရပါကြောင်း နဲ့ အဲ့ဒိ ခေတ်တုန်း က ဒက်ချ်စစ်သားတွေ အလွန်အကျွံ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေ အတွက် ဒီမှာရှိတဲ့ သူတွေရော အင်ဒိုနီးရှားတစ်နိုင်ငံ လုံးမှာ ရှိတဲ့ ပြည်သူတွေ အားလုံးကို တောင်းပန်ပ ါတယ်လို့ ဆိုပါရစေ ။ နာကျင်မှုတွေနဲ့ ဝမ်းနည်းမှုတွေသက်ရောက် ခံခဲ့ရတဲ့ မိသားစုတွေ နဲ့ မျိုးဆက် တွေကို လစ်လျူရှု သလို ပြုမှုမိတဲ့ အတွက် တောင်းပန်ပါတယ် ” လို့ နယ်သာလန် ဘုရင်ကြီးက ဆိုပါတယ် ။
အင်ဒိုနီးရှားမှာ ၁၉၄၅ သြဂုတ်လ ၁၇ ရက်နေ့ အမျိုးသားရေး လှုပ်ရှားမှု ကာလအတွင်း အင်ဒိုနီးရှား အမျိုးသားရေးသမား ၄၀၀၀၀ကျော် အသတ်ခံခဲ့ ရပါတယ် ။ အဲ့ဒိဖြစ်စဉ်ကို ဘယ်သူမှ ထုတ်ဖေ ာ်ပြောကြားခဲ့ခြင်း မရှိခဲ့ချေ ။ နယ်သာလန်က အင်ဒိုနီးရှားက ရုန့်ရင့် ဆန်ခတ် အခြေအနေကို ကောင်းစွာ ထိန်းသိမ်း လိုက်တယ်လို့ပဲ ဖော်ပြ ပါရှိပါတယ် ။ အင်ဒိုဘက်က ၄၀၀၀၀ ကျော်လို့ ပြောပေမဲ့ နယ်သာလန် သမိုင်း မှာတော့ ၁၅၀၀ ပဲ စာရင်းပေါက်ပါတယ် ။\
သူတို့က အကြမ်းဖက်သမာတွေနဲ့ ပျောက်ကျား စစ်တပ်တွေကို နှိမ်နင်းတယ်လို့ပဲ ဖော်ပြထားပါတယ် ။ ဘုရင်ကြီးကတော့ အင်ဒိုနီးရှားကို အဲ့ဒိအပြစ်ကျွေးအတွက် နိုင်ငံရေးအရရော စိတ်ဓာတ်ရေးရာအရပါ အကူအညီပေးသွားမယ်လို့ ကတိကဝတ် ပြုခဲ့ပါတယ် ။
မောင်ယဿ
REF: euronews / Photo; AP
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …