ထူးေပ့ဆန္းေပ့ သတင္းမ်ား

ထူးေပ့ဆန္းေပ့ သတင္းမ်ား
Life Style

ထူးေပ့ဆန္းေပ့ သတင္းမ်ား

၁။သန္လွခ်ည္လားဗ်ာ

ဂ်ာမဏီက အမ်ိဳးသမီး တစ္ဦးက ဒယ္အိုးေတြကို လက္နဲ႔ လိမ္ၿပီး လိပ္တာ ၁မိနစ္အတြင္းမွာ ၇ အိုးေတာင္ လိပ္ႏိုင္တယ္ ဆိုၿပီး ဂင္းနစ္စံခ်ိန္ တင္သြားတယ္ ။

ကတ္လန္ခ႐ူစီဆိုတဲ့ အမ်ိဳးသမီးက တ႐ုတ္ႏိုင္ငံမွာ အလူမီနီယံ ဒယ္အိုး ၇လုံး ကို လက္ဗလာနဲ႔ လိပ္ျပတာပါဗ်ာ ။ သူမက ၂၀၁၄ တုန္းက ၆လုံး လိပ္ျပၿပီး ကမာၻစံခ်ိန္ တင္ခဲ့တာ ။ အခု ကိုယ္စံခ်ိန္ကို ကိုယ္ျပန္ခ်ိဳးတာပါပဲ ။

၂။စြမ္းလွခ်ည္လားဗ်ာ

အိႏၵိယ ကာရာလာျပည္နယ္က ဆရက္အာလာဗီ ဆိုတဲ့ သူက လူ ၇၅ ေယာက္ကို ေခါင္းေပၚ နာနတ္သီးေတြ တင္ခိုင္ၿပီး ဓားတဲ့ လိုက္ပိုင္းတာ စကၠန႔္ ၃၀ပဲ ၾကာတယ္တဲ့ဗ်ာ ။

သူ႔က ဂင္းနစ္စံခ်ိန္တင္ခ်င္လို႔တဲ့ ။ ၂၀၁၉ ဒီဇင္ဘာလတုန္းက သူက စကၠန႔္ ၃၀ ကို ၆၁ လုံးပဲ ပိုင္းႏိုင္တာကို မေက်နပ္လို႔ အခု ၇၅ လုံးပိုင္းျပတာတဲ့ ။ ေအာက္မွာ နာနတ္သီးကိုင္ၿပီး ေနရတဲ့ သူေတြက သက္သက္ ကူညီ တာတဲ့ဗ်ာ ။

၃။အိမ္သာဘယ္လိုတက္လဲ

အာယန္နာဝီလွ်ံဆိုတဲ့ အမ်ိဳးသမီးက ႏွစ္၂၀ တိုင္တိုင္ လက္သည္းမညပ္ဘဲ ထားခဲ့လို႔ အခုဆိုရင္ သူမရဲ႕ လက္သည္း စုစုေပါင္း အရွည္က ၁၈ေပ နဲ႔ ၁၀လက္မေတာင္ ရွိေနပါၿပီ ။

လက္သည္းနီတစ္ခါ ဆိုးရင္ ၃အိုးေတာင္ ကုန္တယ္တဲ့ ။ လက္သည္း ေတြကို ေပၚလစ္တင္ရင္ နာရီ ၂၀ေတာင္ၾကာပါတယ္ ။ ကမာၻ႔လက္သည္း အရွည္ဆုံး စံခ်ိန္တင္ထားပါတယ္ ။

၄။အသည္းယားစရာႀကီး

အိႏၵိယက ပ်ားလူသားလို႔ ေခၚတဲ့ သူက သူ႔တစ္ကိုယ္လုံးမွာ ပ်ားေတြလာစြဲတာ ၄နာရီခြဲ ၾကာေအာင္ ေတာင့္ခံႏိုင္တယ္တဲ့ ။ ပ်ားေတြက တစ္ေခါင္းလုံး အျပည့္ အုံဖြဲ႕ေနတာပါ ။

၂၀၁၇ ဒီဇင္ဘာတုန္းက သူက ၁နာရီ သာသာနဲ႔ ကမာၻ႔စံခ်ိန္ တင္ခဲ့ပါတယ္ ။ အခု တစ္ခါေတာ့ ၄နာရီေက်ာ္ကို ေတာင့္ခံျပသြားႏိုင္တယ္ ။

၅။လွ်ာရွည္လိုက္တာဗ်ာ

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယား ျပည္နယ္က နစ္စတိုဘရယ္ ဆိုတဲ့ သူက သူ႔ရဲ႕ ကမာၻ႔စံခ်ိန္တင္ လွ်ာကို ထုတ္ျပခဲ့ပါတယ္ ။ ႏႈတ္ခမ္းဝကေန တိုင္းတာ ၁၀စင္တီမီတာေတာင္ ရွည္တယ္တဲ့ ။

၂၀၁၂ တုန္းက ၉စင္တီမီတာပဲ ရွိတယ္ ။ အဲ့ဒီတုန္းကလည္း ကမာၻ႔စံခ်ိန္တင္ပါပဲ ။ သူက သားက လွ်ာရွည္တဲ့ သူမို႔လို႔ သူ႔အေဖက သူ႔သားကို လွ်ာထုတ္ၿပီးေတာင္ ျပစားခဲ့ေသးတယ္ ။

ေမာင္ယႆ REF;Guinness record

Photo;connie

Unicode Version

ထူးပေ့ဆန်းပေ့ သတင်းများ

၁။သန်လှချည်လားဗျာ

ဂျာမဏီက အမျိုးသမီး တစ်ဦးက ဒယ်အိုးတွေကို လက်နဲ့ လိမ်ပြီး လိပ်တာ ၁မိနစ်အတွင်းမှာ ၇ အိုးတောင် လိပ်နိုင်တယ် ဆိုပြီး ဂင်းနစ်စံချိန် တင်သွားတယ် ။

ကတ်လန်ခရူစီဆိုတဲ့ အမျိုးသမီးက တရုတ်နိုင်ငံမှာ အလူမီနီယံ ဒယ်အိုး ၇လုံး ကို လက်ဗလာနဲ့ လိပ်ပြတာပါဗျာ ။ သူမက ၂၀၁၄ တုန်းက ၆လုံး လိပ်ပြပြီး ကမ္ဘာစံချိန် တင်ခဲ့တာ ။ အခု ကိုယ်စံချိန်ကို ကိုယ်ပြန်ချိုးတာပါပဲ ။

၂။စွမ်းလှချည်လားဗျာ

အိန္ဒိယ ကာရာလာပြည်နယ်က ဆရက်အာလာဗီ ဆိုတဲ့ သူက လူ ၇၅ ယောက်ကို ခေါင်းပေါ် နာနတ်သီးတွေ တင်ခိုင်ပြီး ဓားတဲ့ လိုက်ပိုင်းတာ စက္ကန့် ၃၀ပဲ ကြာတယ်တဲ့ဗျာ ။ သူ့က ဂင်းနစ်စံချိန်တင်ချင်လို့တဲ့ ။

၂၀၁၉ ဒီဇင်ဘာလတုန်းက သူက စက္ကန့် ၃၀ ကို ၆၁ လုံးပဲ ပိုင်းနိုင်တာကို မကျေနပ်လို့ အခု ၇၅ လုံးပိုင်းပြတာတဲ့ ။ အောက်မှာ နာနတ်သီးကိုင်ပြီး နေရတဲ့ သူတွေက သက်သက် ကူညီ တာတဲ့ဗျာ ။

၃။အိမ်သာဘယ်လိုတက်လဲ

အာယန်နာဝီလျှံဆိုတဲ့ အမျိုးသမီးက နှစ်၂၀ တိုင်တိုင် လက်သည်းမညပ်ဘဲ ထားခဲ့လို့ အခုဆိုရင် သူမရဲ့ လက်သည်း စုစုပေါင်း အရှည်က ၁၈ပေ နဲ့ ၁၀လက်မတောင် ရှိနေပါပြီ ။

လက်သည်းနီတစ်ခါ ဆိုးရင် ၃အိုးတောင် ကုန်တယ်တဲ့ ။ လက်သည်း တွေကို ပေါ်လစ်တင်ရင် နာရီ ၂၀တောင်ကြာပါတယ် ။ ကမ္ဘာ့လက်သည်း အရှည်ဆုံး စံချိန်တင်ထားပါတယ် ။

၄။အသည်းယားစရာကြီး

အိန္ဒိယက ပျားလူသားလို့ ခေါ်တဲ့ သူက သူ့တစ်ကိုယ်လုံးမှာ ပျားတွေလာစွဲတာ ၄နာရီခွဲ ကြာအောင် တောင့်ခံနိုင်တယ်တဲ့ ။ ပျားတွေက တစ်ခေါင်းလုံး အပြည့် အုံဖွဲ့နေတာပါ ။ ၂၀၁၇ ဒီဇင်ဘာတုန်းက သူက ၁နာရီ သာသာနဲ့ ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ် ။ အခု တစ်ခါတော့ ၄နာရီကျော်ကို တောင့်ခံပြသွားနိုင်တယ် ။

၅။လျှာရှည်လိုက်တာဗျာ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်က နစ်စတိုဘရယ် ဆိုတဲ့ သူက သူ့ရဲ့ ကမ္ဘာ့စံချိန်တင် လျှာကို ထုတ်ပြခဲ့ပါတယ် ။ နှုတ်ခမ်းဝကနေ တိုင်းတာ ၁၀စင်တီမီတာတောင် ရှည်တယ်တဲ့ ။

၂၀၁၂ တုန်းက ၉စင်တီမီတာပဲ ရှိတယ် ။ အဲ့ဒီတုန်းကလည်း ကမ္ဘာ့စံချိန်တင်ပါပဲ ။ သူက သားက လျှာရှည်တဲ့ သူမို့လို့ သူ့အဖေက သူ့သားကို လျှာထုတ်ပြီးတောင် ပြစားခဲ့သေးတယ် ။

မောင်ယဿ REF;Guinness record

Photo;connie

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …