ထူးဆန္း ေထြလာ သတင္း ပေဒသာ
- By : Phoe Linn
- Category : International-news, Knowledge

ထူးဆန္း ေထြလာ သတင္း ပေဒသာ
– ထိုင္းႏိုင္ငံ အလယ္ပိုင္းက ခ်ာခ်ိဳအန္ေဆာင္ၿမိဳ႕က မိသားစု တစ္စုရဲ႕ အိမ္ေမြး ေခြးက ေခြးကေလး ၂ ေကာင္ ေပါက္တာမွာ တစ္ေကာင္က ပုံမွန္ ေမြးေပမဲ့ တစ္ေကာင္ကေတာ့ ေခါင္း အလယ္တည့္တည့္မွာ မ်က္လုံး တစ္လုံး တည္းပါၿပီး ပါစပ္ကလည္း ေမ်ာက္ပါးစပ္ ပုံစံနဲ႔ ေမြးလာပါတယ္။ အေကာင္ေလးက အရွင္ေလး ေမြးလာလို႔ ပိုင္ရွင္ျဖစ္တဲ့ ဖန္မာမန္း က ေခြးေလး မေသေအာင္ ဂ႐ုစိုက္ၿပီး ႏို႔ဗူးတိုက္ေကြၽး ေနပါတယ္။ ေခြးေပါက္ေလးကို ေကဗင္လို႔ နာမည္ ေပးထားပါတယ္။ photo; viral press
– အေမရိကန္သမၼတ ဂြၽန္အက္ဖ္ကေနဒီ လုပ္ႀကံ ခံရမယ္လို႔ ၇ ႏွစ္ အလိုကတည္းက ေဟာေျပာခဲ့တဲ့ ေရွးျဖစ္ေဟာ ဆရာမ ဂ်င္းနီဒစ္ ဆင္က ၂၀၂၀ မွာ စစ္ပြဲႀကီး ျဖစ္ၿပီး ကမာၻပ်က္မယ္လို႔ ေဟာေျပာ ေနပါတယ္။ သူမက ဂြၽန္ဖက္ကေနဒီ ကိစၥတင္ မကပါဘူး ၁၉၇၂ က ျမဴးနစ္ အိုလံပစ္ပြဲမွာ အၾကမ္းဖက္သမားေတြ ဝင္စီးၿပီး လူ အေျမာက္အမ်ား အသတ္ ခံရမယ္ ဆိုတာရယ္ ေအာ္ပရာဝင္ေဖးက နာမည္ ေက်ာ္ ၾကားၿပီး ခ်မ္းသာလာမယ္ ဆိုတာရယ္ အလာစကားမွာ ေရနံတင္ သေဘၤာေမွာက္ၿပီး ေရနံေတြ ဖိတ္စင္ကာ ေရေန သတၱဝါ ေတြ သိန္းေပါင္း မ်ားစြာ ေသဆုံးမယ္ ဆိုတာေတြကို ေဟာေျပာခဲ့ပါတယ္။ photo; bettmann archive
– ႏြားမႀကီးက ႏြားကေလး ေမြးတဲ့ေန႔မွာပဲ မေတာ္တဆျဖစ္ၿပီး ေသသြားလို႔ ႏြားေပါက္ကေလးကို
ဂ်ာမန္သိုးထိန္း မိသားစုက ေမြးထားရာ ႏြားေပါက္ကေလးက ေခြးေတြနဲ႔ ႀကီးျပင္းလာရာ အခုေတာ့သူက ေခြးစိတ္ ေပါက္ေနပါတယ္။ ႏြားေပါက္ကေလးက သူ႔ရဲ႕ ေခြးညီအကို ေမာင္ႏွမေတြနဲ႔ေျပးတမ္း လိုက္တမ္း ကစားတယ္။ ေခြးေတြလို အၿမီးႏွံ႔တယ္။ တေရး ႏိုးတိုင္း ေခြးလို ထ ထ ၿပီး ႏြားသံနဲ႔ ေဟာင္ ပါတယ္။ေခြးမႀကီးက ေခြး ၁၁ ေကာင္ေပါက္ထားေပမယ့္ ဘာဒါလို႔ နာမည္ေပးထားတဲ့ႏြားေပါက္ကေတာ့ ၁၂ေကာင္ေျမာက္သားျဖစ္ ေနပါတယ္။ ၆ပတ္သား ႏြားကေလးက ေခြးေတြလို ပစၥည္းပစ္ရင္ သြားေကာက္တာကိုလည္း လုပ္တတ္ေနပါတယ္။ သူပိုင္ရွင္က ဘာဒါကို ႏြားက သူ႔ကိုယ္သူ ႏြားလို႔မထင္ဘဲ ေခြးလို႔ ထင္ေနတယ္လို႔ ဆိုပါတယ္။ photo ; mercury press
ေမာင္ယႆ REF: the mirror .uk
Unicode
ထူးဆန်း ထွေလာ သတင်း ပဒေသာ
– ထိုင်းနိုင်ငံ အလယ်ပိုင်းက ချာချိုအန်ဆောင်မြို့က မိသားစု တစ်စုရဲ့ အိမ်မွေး ခွေးက ခွေးကလေး ၂ ကောင် ပေါက်တာမှာ တစ်ကောင်က ပုံမှန် မွေးပေမဲ့ တစ်ကောင်ကတော့ ခေါင်း အလယ်တည့်တည့်မှာ မျက်လုံး တစ်လုံး တည်းပါပြီး ပါစပ်ကလည်း မျောက်ပါးစပ် ပုံစံနဲ့ မွေးလာပါတယ်။ အကောင်လေးက အရှင်လေး မွေးလာလို့ ပိုင်ရှင်ဖြစ်တဲ့ ဖန်မာမန်း က ခွေးလေး မသေအောင် ဂရုစိုက်ပြီး နို့ဗူးတိုက်ကျွေး နေပါတယ်။ ခွေးပေါက်လေးကို ကေဗင်လို့ နာမည် ပေးထားပါတယ်။ photo; viral press
– အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံ ခံရမယ်လို့ ၇ နှစ် အလိုကတည်းက ဟောပြောခဲ့တဲ့ ရှေးဖြစ်ဟော ဆရာမ ဂျင်းနီဒစ် ဆင်က ၂၀၂၀ မှာ စစ်ပွဲကြီး ဖြစ်ပြီး ကမ္ဘာပျက်မယ်လို့ ဟောပြော နေပါတယ်။ သူမက ဂျွန်ဖက်ကနေဒီ ကိစ္စတင် မကပါဘူး ၁၉၇၂ က မြူးနစ် အိုလံပစ်ပွဲမှာ အကြမ်းဖက်သမားတွေ ဝင်စီးပြီး လူ အမြောက်အများ အသတ် ခံရမယ် ဆိုတာရယ် အော်ပရာဝင်ဖေးက နာမည် ကျော် ကြားပြီး ချမ်းသာလာမယ် ဆိုတာရယ် အလာစကားမှာ ရေနံတင် သင်္ဘောမှောက်ပြီး ရေနံတွေ ဖိတ်စင်ကာ ရေနေ သတ္တဝါ တွေ သိန်းပေါင်း များစွာ သေဆုံးမယ် ဆိုတာတွေကို ဟောပြောခဲ့ပါတယ်။ photo; bettmann archive
– နွားမကြီးက နွားကလေး မွေးတဲ့နေ့မှာပဲ မတော်တဆဖြစ်ပြီး သေသွားလို့ နွားပေါက်ကလေးကို
ဂျာမန်သိုးထိန်း မိသားစုက မွေးထားရာ နွားပေါက်ကလေးက ခွေးတွေနဲ့ ကြီးပြင်းလာရာ အခုတော့သူက ခွေးစိတ် ပေါက်နေပါတယ်။ နွားပေါက်ကလေးက သူ့ရဲ့ ခွေးညီအကို မောင်နှမတွေနဲ့ပြေးတမ်း လိုက်တမ်း ကစားတယ်။ ခွေးတွေလို အမြီးနှံ့တယ်။ တရေး နိုးတိုင်း ခွေးလို ထ ထ ပြီး နွားသံနဲ့ ဟောင် ပါတယ်။ခွေးမကြီးက ခွေး ၁၁ ကောင်ပေါက်ထားပေမယ့် ဘာဒါလို့ နာမည်ပေးထားတဲ့နွားပေါက်ကတော့ ၁၂ကောင်မြောက်သားဖြစ် နေပါတယ်။ ၆ပတ်သား နွားကလေးက ခွေးတွေလို ပစ္စည်းပစ်ရင် သွားကောက်တာကိုလည်း လုပ်တတ်နေပါတယ်။ သူပိုင်ရှင်က ဘာဒါကို နွားက သူ့ကိုယ်သူ နွားလို့မထင်ဘဲ ခွေးလို့ ထင်နေတယ်လို့ ဆိုပါတယ်။ photo ; mercury press
မောင်ယဿ REF: the mirror .uk
No Comments