ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ

မောင်ယဿ ( ဇူလိုင် ၁၉ )

ကိုဗစ်ရောဂါ ကုသရေးနဲ့ ထိန်းချုပ်မှု ဆိုင်ရာတွေမှာ အားနည်းတဲ့ ထိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်လို့ နဂိုရ်ကတည်းက အစိုးရကို မကျေနပ်တဲ့ သူတွေက လမ်းပေါ်တက် ဆန္ဒပြတာကို ထိုင်းရဲတွေက မီးသတ်ပိုက်တွေ နဲ့ ပတ် ၊ ရာဘာတုတ်တွေနဲ့ ရိုက် ၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ပြီး မနေ့က နှိမ်နင်းခဲ့ ပါတယ်။

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ1

ဘန်ကောက်အစိုးရက ၅ယောက်ထက်ပိုမစုရလို့ ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းနဲ့ မညီဘဲ ဆန္ဒပြတဲ့ သူတွေကို နှိမ်နင်းတာလို့ ထိုင်းရဲတွေက ဆိုပါတယ်။

ဆန္ဒပြသမားတွေကတော့ ဆန္ဒပြမှုကို ကားတွေ မော်တော်ဆိုင်ကယ်တွေနဲ့ ဆက်လုပ်နေပါတယ်။ အဲ့ဒိဆန္ဒပြသမားတွေကို တားဆီးဖို့အတွက် ထိုင်းအစိုးရက အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့ဝင် ၁၅၀၀ ကျော်ကို မြို့ရဲ့ အဓိကနေရာတွေမှာ တပ်ဖြန့်ထားပါတယ်။

ဆန္ဒပြတဲ့သူတွေကတော့ ဝန်ကြီးချုပ် ပရာယုချန်အိုချာ ကိုရာထူးကနေ နှုတ်ထွက်ပေးဖို့၊ ထိုင်းဘုရင် မင်းဆက်အတွက် သုံးတဲ့ ငွေတွေလျှော့ချပေးဖို့ ၊ ကပ်ရောဂါ ကာလအတွင်း စစ်အသုံးစရိတ်လျှော့ချဖို့ နဲ့ ကိုဗစ် တိုက်ဖျက်ရေး အတွက် လိုအပ်တဲ့ ဆေးဝါး နဲ့ ကာကွယ်ဆေးတွေကို ဝယ်ယူပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ရော်ဘာကျည်တွေ နဲ့ စပစ်ပြီ

မနေ့က ဆန္ဒပြနေစဉ်မှာပဲ တစ်ရက်ထဲ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၁၁၄၀၀ အထိ ခုန်တက်သွားပါတယ်။ ထိုင်နိုင်ငံမှာ ကိုဗစ်ရောဂါပြန့်နှံမှုကို တိုးသထက်တိုး လာနေပါတယ်။

ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတဲ့ အပြင် အချို့သော နေရာတွေကို လော့ခ်ဒေါင်းချထားပါတယ်။
ပြည်သူတွေကလည်း စီးပွားရေးဆိုင်ရာ အကျပ်အတည်းနဲ့ ကြုံတွေ့နေရပါ တယ်။

ထိုင်းအစိုးရ က တရုတ်ကိုဗစ်ကာကွယ်ဆေး စီနိုဖမ်းကို ဝယ်ပြီး ကာကွယ်ဆေးထိုးနှံပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်တဲ့အတွက် ဝေဖန်မှုတွေခံနေရပါတယ်။

စီနိုဖမ်းဆေးကလည်း ကိုဗစ်တတိယလှိုင်းရဲ့ ဒယ်လ်တာ ပိုး ကို ကောင်းကောင်း မကာကွယ်နိုင်ဘူးလို့ ပညာရှင်အချို့ရဲ့ သုံးသပ်မှုတွေ ကလည်းထွက်နေပါတယ်။

ထိုင်းဘုရင်ပိုင် ဆေးထုတ်စက်ရုံကလည်း အယ်ထရာဇန်နီကာဆေးကို ဇွန်လက မှ စထုတ်ပြီး ပမာဏ အနည်းငယ်ကိုသာထုတ်ပေးနိုင်လို့ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းကို ကောင်းကောင်း မလုပ်နိုင်ပါ။
မနေ့က ဆန္ဒပြမှုကို FREE YOUTH ကျောင်းသားလူငယ်အဖွဲ့က ဦးဆောင်ခဲ့ တာပါ။

REF: the,Photo;credit  perthnow

zawgyi

ထိုင္းအစိုးရ ဆန႔္က်င္ေရး ဆႏၵျပသမားေတြကို ေရာ္ဘာက်ည္ေတြ နဲ႔ စပစ္ၿပီ

ေမာင္ယႆ ( ဇူလိုင္ ၁၉ )

ကိုဗစ္ေရာဂါ ကုသေရးနဲ႔ ထိန္းခ်ဳပ္မႈ ဆိုင္ရာေတြမွာ အားနည္းတဲ့ ထိုင္းအစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မေက်နပ္လို႔ နဂိုရ္ကတည္းက အစိုးရကို မေက်နပ္တဲ့ သူေတြက လမ္းေပၚတက္ ဆႏၵျပတာကို ထိုင္းရဲေတြက မီးသတ္ပိုက္ေတြ နဲ႔ ပတ္ ၊ ရာဘာတုတ္ေတြနဲ႔ ႐ိုက္ ၊ ေရာ္ဘာက်ည္ေတြနဲ႔ ပစ္ခတ္ၿပီး မေန႔က ႏွိမ္နင္းခဲ့ ပါတယ္။

ဘန္ေကာက္အစိုးရက ၅ေယာက္ထက္ပိုမစုရလို႔ ထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းကမ္းနဲ႔ မညီဘဲ ဆႏၵျပတဲ့ သူေတြကို ႏွိမ္နင္းတာလို႔ ထိုင္းရဲေတြက ဆိုပါတယ္။

ဆႏၵျပသမားေတြကေတာ့ ဆႏၵျပမႈကို ကားေတြ ေမာ္ေတာ္ဆိုင္ကယ္ေတြနဲ႔ ဆက္လုပ္ေနပါတယ္။ အဲ့ဒိဆႏၵျပသမားေတြကို တားဆီးဖို႔အတြက္ ထိုင္းအစိုးရက အဓိက႐ုဏ္း ႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္ ၁၅၀၀ ေက်ာ္ကို ၿမိဳ႕ရဲ႕ အဓိကေနရာေတြမွာ တပ္ျဖန႔္ထားပါတယ္။

ဆႏၵျပတဲ့သူေတြကေတာ့ ဝန္ႀကီးခ်ဳပ္ ပရာယုခ်န္အိုခ်ာ ကိုရာထူးကေန ႏႈတ္ထြက္ေပးဖို႔၊ ထိုင္းဘုရင္ မင္းဆက္အတြက္ သုံးတဲ့ ေငြေတြေလွ်ာ့ခ်ေပးဖို႔ ၊ ကပ္ေရာဂါ ကာလအတြင္း စစ္အသုံးစရိတ္ေလွ်ာ့ခ်ဖို႔ နဲ႔ ကိုဗစ္ တိုက္ဖ်က္ေရး အတြက္ လိုအပ္တဲ့ ေဆးဝါး နဲ႔ ကာကြယ္ေဆးေတြကို ဝယ္ယူၿပီး က်ယ္က်ယ္ ျပန႔္ျပန႔္ လုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။

မေန႔က ဆႏၵျပေနစဥ္မွာပဲ တစ္ရက္ထဲ ကိုဗစ္ေရာဂါပိုးေတြ႕လူနာ ၁၁၄၀၀ အထိ ခုန္တက္သြားပါတယ္။ ထိုင္ႏိုင္ငံမွာ ကိုဗစ္ေရာဂါျပန႔္ႏွံမႈကို တိုးသထက္တိုး လာေနပါတယ္။

ညမထြက္ရအမိန႔္ကို ထုတ္ျပန္ထားတဲ့ အျပင္ အခ်ိဳ႕ေသာ ေနရာေတြကို ေလာ့ခ္ေဒါင္းခ်ထားပါတယ္။
ျပည္သူေတြကလည္း စီးပြားေရးဆိုင္ရာ အက်ပ္အတည္းနဲ႔ ႀကဳံေတြ႕ေနရပါ တယ္။

ထိုင္းအစိုးရ က တ႐ုတ္ကိုဗစ္ကာကြယ္ေဆး စီႏိုဖမ္းကို ဝယ္ၿပီး ကာကြယ္ေဆးထိုးႏွံေပးမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ မလုပ္ေဆာင္တဲ့အတြက္ ေဝဖန္မႈေတြခံေနရပါတယ္။

စီႏိုဖမ္းေဆးကလည္း ကိုဗစ္တတိယလႈိင္းရဲ႕ ဒယ္လ္တာ ပိုး ကို ေကာင္းေကာင္း မကာကြယ္ႏိုင္ဘူးလို႔ ပညာရွင္အခ်ိဳ႕ရဲ႕ သုံးသပ္မႈေတြ ကလည္းထြက္ေနပါတယ္။

ထိုင္းဘုရင္ပိုင္ ေဆးထုတ္စက္႐ုံကလည္း အယ္ထရာဇန္နီကာေဆးကို ဇြန္လက မွ စထုတ္ၿပီး ပမာဏ အနည္းငယ္ကိုသာထုတ္ေပးႏိုင္လို႔ ကာကြယ္ေဆးထိုးႏွံမႈ လုပ္ငန္းကို ေကာင္းေကာင္း မလုပ္ႏိုင္ပါ။
မေန႔က ဆႏၵျပမႈကို FREE YOUTH ေက်ာင္းသားလူငယ္အဖြဲ႕က ဦးေဆာင္ခဲ့ တာပါ။

REF: the
Photo; perthnow

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို
Uncategorized
နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို

နီကိုတင်ပါတဲ့ ဆေးပြောင်း ရှုခြင်း ( vaping ) ကသွေးခဲပြီး သွေးကြောလေးတွေ ပျက်စီးတယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၈ ) ဆွီဒင်နိုင်ငံ ဟယ်ဆင်ဘော့ဂ် ဆေးရုံက ပညာရှင်တွေ စုပြီးလုပ်တဲ့ သုတေသနအရ ဗိတ်ပင် ( ဆေးပြောင်း ရှုးခြင်း ) လုပ်တဲ့ သူတွေမှာ သွေးခဲ တဲ့ ဖြစ်စဉ် ဖြစ်တတ်ပြီး ဆံချည်မျှင်သွေးလွှတ်ကြောတွေ ပျက်စီးတယ်လို့ ဆိုလာပါတယ်။ အဲ့ဒါအပြင် နလုံးခုန်နှုန်မြန်တာတွေ သွေးတိုးတာတွေ လည်းဖြစ်တယ်လို့ ဆိုပါတယ်။ နီကိုတင်း ပါတဲ့ အီးစီးကရက်ရှုခြင်း က သာမန် ရိုးရာစီးကရက်သောက်တာနဲ့ မထူးပါဘူး။ ဆိုးကျိုး သက်ရောက်မှုက အတူတူပါပဲ။ …

ာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်
Uncategorized
အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ်

အာဖဂန်က ထွက်လိုသူတွေကို ရသလောက် ကယ်ထုတ်ဖို့ အမေရိကန်စစ်တပ်က လေကြောင်းလိုင်းတွေကို အမိန့်ထုတ် မောင်ယဿ ( သြဂုတ် ၂၃ ) အမေရိကန်စစ်ဌာနချုပ် ( ပင်တာဂွန်) က အမေရိကန် လေကြောင်းလိုင်းတွေကို အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမေရိကန် အရပ်သားတွေနဲ့ အာဖဂန် နိုင်ငံသားတွေကို ရသလောက် အကုန် ကယ်ထုတ်ပေးဖို့အတွက် မနေ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ဒုက္ခသည်တွေကို ခရီးသည်တင် လေယာဉ် ၈ စင်းနဲ့ သယ်ထုတ်ပေးမှာ ဖြစ်ပြီး ယူနိုက်တက်အဲယားလိုင်း က ၄ စီး ၊ ဒယ်တာ နဲ့အက်တလက် အဲယားလိုင်း နဲ့ အွန်မနီအဲယား လိုင်းတွေက တစ်စီးစီနဲ့ ဟာဝိုင်နီယံ …

ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ
Uncategorized
ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ

ပြင်သစ် ကိုဗစ်ထောက်ခံစာ အမိန့်ကြောင့် နယ်စပ်က စားသောက်ဆိုင်တွေအကုန်ထိ မောင်ယဿ ( သြဂုတ် ၁၃ ) ပြင်သစ်နိုင်ငံမှာ ကိုဗစ်ကူး စက်မှု မြင့်တက်လာတာကို ထိန်းချုပ်ဖို့ အတွက် သမ္မတမာခွန်က လူစုလူဝေး ရှိတဲ့နေရာတွေမှာ ကိုဗစ်စည်းကမ်းကို လိုက်နာရမယ်၊ စားသောက်ဆိုင်တွေ ယဉ်ကျေးမှု အဆောက်အအုံတွေ ကို လာရောက်လည်ပတ်သူတွေ အားလုံး ၄၈ နာရီအတွင်း ရောဂါပိုး ကင်းစင်ကြောင် စစ်ဆေးမှု ထောက်ခံစာ ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား ထောက်ခံစာ တွေရှိမှ သွားရောက်ခွင့် ရှိရမယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်လလုံး စနေ တနင်္ဂနွေ လို အားလပ်ရက်တိုင်း မှာ အဲ့ဒိအမိန့်ကို ဆန့်ကျင်တဲ့ …