ထိုင်းနိုင်ငံမှာ ဖျားနေတဲ့ ကလေးကို ကာကွယ်ဆေး ထိုးပေးမိလို့ သေဆုံး
- By : Phoe Linn
- Category : International-news
- Tags: international news

ထိုင်းနိုင်ငံမှာ ဖျားနေတဲ့ ကလေးကို ကာကွယ်ဆေး ထိုးပေးမိလို့ သေဆုံး
ထိုင်းနိုင်ငံမှာ တလောက ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးပါ။ ကြေကွဲစရာကောင်းလို့ သေဆုံး သွားတဲ့ ကလေးမလေးရဲ့ အမေဖြစ်သူက ရင်ထုမနာဖြစ်ပြီး လိုင်ပေါ် တင်ပြီး ဖွင့်ချခဲ့တာပါ ။ သူမက ဘယ်သူ ဘယ်သူ့ကို မှ မနစ်နာစေလိုပေမဲ့ မတော်တဆရယ်လို့ သဘောမထားဘဲ အများပြည်သူ သတိထားမိ အောင်လို့ သူမတို့ မိသားစုရဲ့ သေကွဲ ကွဲရတဲ့ အဖြစ်ကို တင်ခဲ့တာပါ။
ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စာသင်ကျောင်းတွေမှာ သာအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို အခမဲ့ ထိုးပေးနေပါတယ်။ အထူးအဖြင့် ၁၁နှစ်အရွယ် ဂရိတ်ဖိုက် ကျောင်းသူတွေကို ရည်ရွယ်ပြီး ကာကွယ်ဆေးကို ထိုးပေးနေတာပါ။ ပျိုဖော် မဝင်သေးချိန်မှာ ကာကွယ်ဆေး ထိုး ထားတာက ကလေးတွေရဲ့ အနာဂတ်ကို စိတ်ချ သေချာစေချင်တာပါ။
သြဂုတ်လ ၃၀ရက်နေ့ တော့ ဖေ့စ်ဘုတ်ပေါ်ကို သတင်းဆိုး တစ်ခု တက်လာပါတယ်။ ကာကွယ်ဆေး ထိုးခံလိုက်ရတဲ့ ကလေး က သေဆုံးသွားတယ်ဆိုတဲ့ သတင်းပါ။ အဲ့ဒိပို့စ်ကို တင်တဲ့အမေရဲ့ ရှင်းပြချက်အရ သူမရဲ့ သမီးက နေမကောင်း ဖြစ်နေပေမဲ့ ကျောင်းသွားခဲ့ပါတယ်တဲ့။
ကျောင်းမှာက မိန်းကလေးတွေကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးပေးဖို့ ဆရာဝန်တစ်ယောက်ကို ခေါ်ထားပါတယ်။ တစ်ယောက်ပြီး တစ်ယောက် ကာကွယ်ဆေး ကို ထိုးပြီးနောက်မှာတော့ သူမရဲ့ သမီးအလှည့် ရောက်လာပါတယ်။ ဆရာဝန်က သူမကို ကိုယ်ပူချိန်တွေ မတိုင်းဘဲ အဖျားသွေး ရှိနေတာကို မသိဘဲ ကာကွယ်ဆေး ထိုးပေးလိုက်ပါတယ်။
ကာကွယ်ဆေး ထိုးပေးပြီး သိပ်မကြာခင်မှာပဲ ကောင်မလေးက ရင်ခေါင်း အောင့်လာပါတယ်။ နလုံး ကြွက်သားတွေက အောက်စီဂျင်ပါတဲ့ သွေးတွေကို ကောင်းကောင်းမရလို့ ရင်ခေါင့်အောင့်လာတာပါ။ ပြီးတော့ ကောင်းမလေးက အန်ချလိုက်ပြီး ကွယ်လွန်သွားပါတော့တယ်။
ကောင်မလေးအမေက “ ကျမကလေးမှာ ဘာထူးထူးခြားခြား ရောဂါတွေ မရှိပါဘူး။ ပုံမှန်အတိုင်းပါပဲ ။ သူမက ကျန်းမာပါတယ်။ အခုတော့ သူမ ကွယ်လွန် သွားခဲ့ပါပြီ။ ဒီအကြောင်းကို အများသိအောင် ဝိုင်းပြီး ရှယ်ပေးကြပါ” လို့ ရေးတင်ခဲ့ပါတယ်။
လိုင်းပေါ်မှာကတော့ ကာကွယ်ဆေး ထိုးပေးတဲ့ ဆရာဝန်ရဲ့ နမော်နမဲ့ နိုင်မှု နဲ့ ကလေးတွေကို ဂရုမစိုက်တဲ့ ကျောင်းကို ပစ်တင် ဝေဖန်မှုတွေ ပြုနေကြပါတယ်။ ဆုံးသွားတဲ့ ကလေးမလေးရဲ့ မိဘတွေကတော့ ဆရာဝန်နဲ့ ကျောင်းကို မဖော်ပြဘဲ ဖြစ်စဉ်ကို အားလုံး သိရှိအောင် ဖော်ပြခဲ့တာပါ။
မောင်ယဿ, REF: world of buzz, Photo; facebook
Zawgyi
ထိုင္းႏိုင္ငံမွာ ဖ်ားေနတဲ့ ကေလးကို ကာကြယ္ေဆး ထိုးေပးမိလို႔ ေသဆုံး
ထိုင္းႏိုင္ငံမွာ တေလာက ျဖစ္သြားတဲ့ အျဖစ္အပ်က္ကေလးပါ။ ေၾကကြဲစရာေကာင္းလို႔ ေသဆုံး သြားတဲ့ ကေလးမေလးရဲ႕ အေမျဖစ္သူက ရင္ထုမနာျဖစ္ၿပီး လိုင္ေပၚ တင္ၿပီး ဖြင့္ခ်ခဲ့တာပါ ။ သူမက ဘယ္သူ ဘယ္သူ႔ကို မွ မနစ္နာေစလိုေပမဲ့ မေတာ္တဆရယ္လို႔ သေဘာမထားဘဲ အမ်ားျပည္သူ သတိထားမိ ေအာင္လို႔ သူမတို႔ မိသားစုရဲ႕ ေသကြဲ ကြဲရတဲ့ အျဖစ္ကို တင္ခဲ့တာပါ။
ထိုင္းႏိုင္ငံက်န္းမာေရး ဝန္ႀကီးဌာနက တစ္ႏိုင္ငံလုံး အတိုင္းအတာ အေနနဲ႔ စာသင္ေက်ာင္းေတြမွာ သာအိမ္ေခါင္း ကင္ဆာ ကာကြယ္ေဆးကို အခမဲ့ ထိုးေပးေနပါတယ္။ အထူးအျဖင့္ ၁၁ႏွစ္အ႐ြယ္ ဂရိတ္ဖိုက္ ေက်ာင္းသူေတြကို ရည္႐ြယ္ၿပီး ကာကြယ္ေဆးကို ထိုးေပးေနတာပါ။ ပ်ိဳေဖာ္ မဝင္ေသးခ်ိန္မွာ ကာကြယ္ေဆး ထိုး ထားတာက ကေလးေတြရဲ႕ အနာဂတ္ကို စိတ္ခ် ေသခ်ာေစခ်င္တာပါ။
ၾသဂုတ္လ ၃၀ရက္ေန႔ ေတာ့ ေဖ့စ္ဘုတ္ေပၚကို သတင္းဆိုး တစ္ခု တက္လာပါတယ္။ ကာကြယ္ေဆး ထိုးခံလိုက္ရတဲ့ ကေလး က ေသဆုံးသြားတယ္ဆိုတဲ့ သတင္းပါ။ အဲ့ဒိပို႔စ္ကို တင္တဲ့အေမရဲ႕ ရွင္းျပခ်က္အရ သူမရဲ႕ သမီးက ေနမေကာင္း ျဖစ္ေနေပမဲ့ ေက်ာင္းသြားခဲ့ပါတယ္တဲ့။
ေက်ာင္းမွာက မိန္းကေလးေတြကို သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆး ထိုးေပးဖို႔ ဆရာဝန္တစ္ေယာက္ကို ေခၚထားပါတယ္။ တစ္ေယာက္ၿပီး တစ္ေယာက္ ကာကြယ္ေဆး ကို ထိုးၿပီးေနာက္မွာေတာ့ သူမရဲ႕ သမီးအလွည့္ ေရာက္လာပါတယ္။ ဆရာဝန္က သူမကို ကိုယ္ပူခ်ိန္ေတြ မတိုင္းဘဲ အဖ်ားေသြး ရွိေနတာကို မသိဘဲ ကာကြယ္ေဆး ထိုးေပးလိုက္ပါတယ္။
ကာကြယ္ေဆး ထိုးေပးၿပီး သိပ္မၾကာခင္မွာပဲ ေကာင္မေလးက ရင္ေခါင္း ေအာင့္လာပါတယ္။ နလုံး ႂကြက္သားေတြက ေအာက္စီဂ်င္ပါတဲ့ ေသြးေတြကို ေကာင္းေကာင္းမရလို႔ ရင္ေခါင့္ေအာင့္လာတာပါ။ ၿပီးေတာ့ ေကာင္းမေလးက အန္ခ်လိုက္ၿပီး ကြယ္လြန္သြားပါေတာ့တယ္။
ေကာင္မေလးအေမက “ က်မကေလးမွာ ဘာထူးထူးျခားျခား ေရာဂါေတြ မရွိပါဘူး။ ပုံမွန္အတိုင္းပါပဲ ။ သူမက က်န္းမာပါတယ္။ အခုေတာ့ သူမ ကြယ္လြန္ သြားခဲ့ပါၿပီ။ ဒီအေၾကာင္းကို အမ်ားသိေအာင္ ဝိုင္းၿပီး ရွယ္ေပးၾကပါ” လို႔ ေရးတင္ခဲ့ပါတယ္။
လိုင္းေပၚမွာကေတာ့ ကာကြယ္ေဆး ထိုးေပးတဲ့ ဆရာဝန္ရဲ႕ နေမာ္နမဲ့ ႏိုင္မႈ နဲ႔ ကေလးေတြကို ဂ႐ုမစိုက္တဲ့ ေက်ာင္းကို ပစ္တင္ ေဝဖန္မႈေတြ ျပဳေနၾကပါတယ္။ ဆုံးသြားတဲ့ ကေလးမေလးရဲ႕ မိဘေတြကေတာ့ ဆရာဝန္နဲ႔ ေက်ာင္းကို မေဖာ္ျပဘဲ ျဖစ္စဥ္ကို အားလုံး သိရွိေအာင္ ေဖာ္ျပခဲ့တာပါ။
ေမာင္ယႆ, REF: world of buzz, Photo; facebook
No Comments