ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
- By : Kaung Khant
- Category : International-news

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
မောင်ယဿ ( အောက်တိုဘာ၂ )
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ တရုတ်ဗုံးကျဲလေယာဉ်အစင်း ၂၀ ကျော်က ထိုင်ဝမ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာလို့ အမြန်ဆုံးထွက်ခွာပေးဖို့ သတိပေးလိုက် ရတယ်လို့ သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ အဆို အရ တရုတ်ဗုံးကျဲလေယာဉ်တွေ က အသုတ် ၂ သုတ်ခွဲပြီး ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်လာခဲ့တယ်လို့ သိရပါတယ်။
ပထမအသုတ်က ဗုံးကျဲလေယာဉ် ၂၅ စင်းပါပြီး အဲ့ ဒိလေယာဉ်တွေထဲမှာ နျူကလိယဗုံးတွေတင်တဲ့ လေယာဉ်တွေလည်း ပါပါတယ်။
ဒုတိယအသုတ် လေယာဉ် ၁၃ စင်းပါပြီး ညဖက်မှာဝင်ရောက်လာခဲ့တာလို့ လည်း ဆိုပါတယ်။
အဲ့ဒိလေယာဉ် ၂သုတ်လုံးက တိုင်ဝမ်နိုင်ငံ တောင်ဖက်ပိုင်း ကနေ ကျူးကျော်ဝင်လာတာလို့ လည်း ဆိုပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးတပ်က လေယာဉ်အုပ်တွေ ဝင်လာတာကို ရေဒါမှာမိမိချင်းဘဲ လေကြောင်း ကာကွယ်ရေး စနစ်ဇုံ ဖြစ်တဲ့အတွက် ချက်ခြင်းထွက်သွားဖို့ တကယ်လို့ ရှေ့တိုးလာရင် လေကြောင်းကာကွယ်ရေး စနစ် က သူ့အလိုလို တုန့်ပြန်တဲ့အနေနဲ့ ပစ်ခတ်လိမ့်မှာဖြစ်ကြောင်း သတိပေးပြောခဲ့ပါတယ်။
အမျိုးသား လုံခြုံရေးအရ ထိုင်ဝမ်မှာ တပ်ဆင်ထားတဲ့ လေကြောင်းကာကွယ်ရေး စနစ်က ကျူးကျော်ဝင်ရောက်လာတဲ့ လေယာဉ်ကို အမျိုး အစားခွဲပြီးတာနဲ့ ရှေ့တိုးဝင်လာပါက အလိုအလျောက်ပစ်ခတ်ရန် စီစဉ်ထားတဲ့ စနစ်ဖြစ်ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဆုဆန်ချန်ကတော့ “ တရုတ်တွေက ဒေသတွင်း ငြိမ်းချမ်းရေး ကို လိုက်ပြီး ကလိနေတယ် ၊ စစ်ရေး အရ အနှောက်အယှက်ဖြစ်စေတာပေါ့လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။
ထိုင်ဝမ်နဲ့တရုတ်က ၁၉၄၀ ဝန်းကျင်က ပြည်တွင်းစစ်ဖြစ်ပြီးနောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်နဲ့ အချုပ်အခြာအာဏါ ရရှိထားပါတယ်။ တရုတ်ကတော့ သူတို့ ပိုင်မြေအဖြစ် ယနေ့အထိ ပြန်လည် တောင်းဆို နေတုန်းဖြစ်ပါတယ်။
REF; UPI,Photo : Credit UPI
Zawgyi
ထိုင္ဝမ္ေလပိုင္နက္ထဲကို တ႐ုတ္ဗုံက်ဲေလယာဥ္အစင္း ၂၀ေက်ာ္ ဝင္လာလို႔ ေမာင္းထုတ္လိုက္ရ
ေမာင္ယႆ ( ေအာက္တိုဘာ၂ )
ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေသာၾကာေန႔က ထုတ္ျပန္ခ်က္အရ တ႐ုတ္ဗုံးက်ဲေလယာဥ္အစင္း ၂၀ ေက်ာ္က ထိုင္ဝမ္ေလပိုင္နက္ထဲကို က်ဴးေက်ာ္ဝင္ေရာက္လာလို႔ အျမန္ဆုံးထြက္ခြာေပးဖို႔ သတိေပးလိုက္ ရတယ္လို႔ သိရပါတယ္။
ကာကြယ္ေရးဝန္ႀကီးဌာနက တာဝန္ရွိသူတစ္ဦးရဲ႕ အဆို အရ တ႐ုတ္ဗုံးက်ဲေလယာဥ္ေတြ က အသုတ္ ၂ သုတ္ခြဲၿပီး ထိုင္ဝမ္ေလပိုင္နက္ထဲကို ဝင္လာခဲ့တယ္လို႔ သိရပါတယ္။
ပထမအသုတ္က ဗုံးက်ဲေလယာဥ္ ၂၅ စင္းပါၿပီး အဲ့ ဒိေလယာဥ္ေတြထဲမွာ န်ဴကလိယဗုံးေတြတင္တဲ့ ေလယာဥ္ေတြလည္း ပါပါတယ္။
ဒုတိယအသုတ္ ေလယာဥ္ ၁၃ စင္းပါၿပီး ညဖက္မွာဝင္ေရာက္လာခဲ့တာလို႔ လည္း ဆိုပါတယ္။
အဲ့ဒိေလယာဥ္ ၂သုတ္လုံးက တိုင္ဝမ္ႏိုင္ငံ ေတာင္ဖက္ပိုင္း ကေန က်ဴးေက်ာ္ဝင္လာတာလို႔ လည္း ဆိုပါတယ္။
ထိုင္ဝမ္ ကာကြယ္ေရးတပ္က ေလယာဥ္အုပ္ေတြ ဝင္လာတာကို ေရဒါမွာမိမိခ်င္းဘဲ ေလေၾကာင္း ကာကြယ္ေရး စနစ္ဇုံ ျဖစ္တဲ့အတြက္ ခ်က္ျခင္းထြက္သြားဖို႔ တကယ္လို႔ ေရွ႕တိုးလာရင္ ေလေၾကာင္းကာကြယ္ေရး စနစ္ က သူ႔အလိုလို တုန႔္ျပန္တဲ့အေနနဲ႔ ပစ္ခတ္လိမ့္မွာျဖစ္ေၾကာင္း သတိေပးေျပာခဲ့ပါတယ္။
အမ်ိဳးသား လုံၿခဳံေရးအရ ထိုင္ဝမ္မွာ တပ္ဆင္ထားတဲ့ ေလေၾကာင္းကာကြယ္ေရး စနစ္က က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေလယာဥ္ကို အမ်ိဳး အစားခြဲၿပီးတာနဲ႔ ေရွ႕တိုးဝင္လာပါက အလိုအေလ်ာက္ပစ္ခတ္ရန္ စီစဥ္ထားတဲ့ စနစ္ျဖစ္ပါတယ္။
ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီး ဆုဆန္ခ်န္ကေတာ့ “ တ႐ုတ္ေတြက ေဒသတြင္း ၿငိမ္းခ်မ္းေရး ကို လိုက္ၿပီး ကလိေနတယ္ ၊ စစ္ေရး အရ အေႏွာက္အယွက္ျဖစ္ေစတာေပါ့လို႔ သတင္းစာရွင္းလင္းပြဲမွာ ဆိုပါတယ္။
ထိုင္ဝမ္နဲ႔တ႐ုတ္က ၁၉၄၀ ဝန္းက်င္က ျပည္တြင္းစစ္ျဖစ္ၿပီးေနာက္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျဖစ္နဲ႔ အခ်ဳပ္အျခာအာဏါ ရရွိထားပါတယ္။ တ႐ုတ္ကေတာ့ သူတို႔ ပိုင္ေျမအျဖစ္ ယေန႔အထိ ျပန္လည္ ေတာင္းဆို ေနတုန္းျဖစ္ပါတယ္။
REF; UPI
Photo : UPI
No Comments