International-news
ထိုင်းကတော့ ကဲဘိနတ် သဘောတူညီမှုနဲ့ ကျောင်းတွေ ပိတ်လိုက်ပြီ1
ထိုင်းကတော့ ကဲဘိနတ် သဘောတူညီမှုနဲ့ ကျောင်းတွေ ပိတ်လိုက်ပြီ3
မောင်ယဿ
Unicode
ထိုင်းကတော့ ကဲဘိနတ် သဘောတူညီမှုနဲ့ ကျောင်းတွေ ပိတ်လိုက်ပြီ
ကိုဗစ် -၁၉ ရောဂါပိုး ပြန့်နှံ့မှုကို တာဆီးဖို့အတွက် လာမယ့်လ သင်္ကြန်ကျောင်းပိတ်ရက်နဲ့ တွဲပြီး စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ၁၄ရက်စောပြီး ပိတ်လိုက်ဖို့ အတွက်ကို ကဲဘိနက်က သဘောတူ လိုက်ပါတယ်။
ကိုဗစ် -၁၉ရဲ့ ဒုတိယလှိုင်း ကူးစက်မှု က ပိုမိုဆိုးဝါးစွာ ဖြစ်လာနေတဲ့အတွက် ထိုင်းအစိုးရက ပြည်တွင်း လူမှုရေးဆိုင်ရာ လှုတ်ရှားမှု အချို့ကို ကန့်သတ် လိုက်ပါတယ်။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပထမလှိုင်း ကူးစက်မှုက ပြည်ပကနေ ဝင်ရောက် ကူးစက်မှု ဖြစ်တာပါ။
ထိုင်းကတော့ ကဲဘိနတ် သဘောတူညီမှုနဲ့ ကျောင်းတွေ ပိတ်လိုက်ပြီ2
ပြည်တွင်းကူးစက်မှု မဟုတ်တဲ့အတွက် ထိန်းချုပ်ရတာ လွယ်ကူပေမဲ့ ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုကိုတော့ ထိန်းချုပ်ဖို့ရာ အတွက်ကတော့ လွယ်ကူတော့မှာ မဟုတ်ပါဘူး။ လက်ရှိအခြေအနေက ဒုတိယလှိုင်းနဲ့ ပက်သက်ပြီး အရိပ်အယောင်ကို မတွေ့မြင် ရသေးပါဘူး။
ထိုင်းနိုင်ငံက တရုတ် တောင်ကိုရီးယား မကာအို ဟောင်ကောင် အီတလီ နဲ့ အီရန် တို့ကို ရောဂါပိုး ပြန့်နှံ့ရာဇုံလို့ သက်မှက်ထားပြီး အဲ့ဒိ ဒေသကလူတွေ ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ၃ရက်အတွင်း ကျန်းမာရေးဆိုင်ရာ ထောက်ခံစာ ကို တောင်းခံမှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အာမခံ လုပ်ရပါမယ်။
နောက်ပြီး တိုင်းပြည်တွင်း လည်ပတ်မဲ့ ခရီးစဉ်တွေအတွက် ဖုန်းမှာ ခြေရာခံ အပလီကေးရှင်း ထည့်သွင်းတာကို လက်ခံရပါမယ်။ ပြင်သစ် စပိန် အမေရိကား ဆွစ်ဇာလန် နော်ေ၀ ဒိန်မတ် နယ်သာလန် ဆွီဒင် ဗြိတိန် ဂျပန်နဲ့ ဂျာမဏီ ကခရီးသည်တွေ ကိုလည်း အဲ့ဒိ အစီအစဉ် အတိုင်း လုပ်ထားပါတယ်။
ကဲဘိနတ်က ထိုင်းနိုင်ငံသား မည်သူမှ နိုင်ငံရပ်ခြား ခရီးသွားခြင်းကို အရေးပေါ် ကိစ္စကလွဲလို့ တားမြစ် ထားလိုက်ပါတယ်။
ထိုင်းနိုင်ငံက ဒုတိယလှိုင်း ကူးစက်မှု လုံး၀ မဖြစ်အောင် အာရုံ စိုက်နေပါတယ်။ လက်ရှိကတော့ နိုင်ငံခြားသားတွေဆီက ကူးစက်တဲ့ ပထမလှိုင်း ကူးစက်မှုကို ထိန်းချုပ် ထားနိုင်ပြီလို့ ဆိုတယ်။
မောင်ယဿ
REF: Bangkok post Photo; bp
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …