ထမင္းနဲ႔ ထမင္းရဲ႕အက်ိဳး

ထမင္းနဲ႔ ထမင္းရဲ႕အက်ိဳး
beauty-tip

ထမင္းနဲ႔ ထမင္းရဲ႕အက်ိဳး

ျမန္မာႏိုင္ငံဟာ ဆန္ကို အဓိက ထားၿပီး စားသုံးတဲ့ ႏိုင္ငံ ျဖစ္ပါတယ္ ။ ဆန္ကေန ရရွိတဲ့ ထမင္းကိုပဲ အာဟာရ အတြက္ အဓိက လိုအပ္ခ်က္ ျဖစ္ေစ ခဲ့တာမို႔ မိမိတို႔ စားသုံးေနတဲ့ ဆန္နဲ႔ ဆန္ရဲ႕အက်ိဳး ထမင္းနဲ႔ ထမင္းရဲ႕ အက်ိဳးေတြက္ု သိထား မယ္ဆိုရင္ ပိုၿပီး မေကာင္းေပ ဘူးလား ။

ကေလးဘဝက စလို႔ ထမင္းဆီဆမ္းနဲ႔ ေ႐ႊလင္ပန္း ကဗ်ာလို ဖိုးလမင္းဆီ ေတာင္းရင္း ေကြၽးခဲ့တဲ့ ေတးသံ ေတြဟာ ျမန္မာ့မူွ တစ္ခုပါပဲ ။ ဆန္မွာ မ်ိဳးစိပ္ကြဲေတြ အမ်ိဳးမ်ိဳး ရွိတာမို႔ သူ႔ပုံစံ သူ႔ အ႐ြယ္အစား သူ႔ အနံအရသာနဲ႔ အေရာင္ေတြဟာ ကြဲျပားစြာ ရွိေနတတ္ ပါတယ္ ။

ဆန္မွာေယဘုယ်အားျဖင့္ ကာဗိုဟိုက္ၿဒိတ္နဲ႔ ပ႐ိုတင္းဓာတ္ေတြ ပါဝင္ပါတယ္။အမွ်င္ဓာတ္ပါဝင္မူွကေတာ့ သူ႔မ်ိဳးစိပ္အလိုက္ အနည္းအမ်ားကြာျခားသြားပါတယ္။

ဥပမာ…. ဆန္လုံးညိဳမွာ ဆိုရင္ အမွ်င္ဓာတ္ ပိုမိုပါဝင္ပါတယ္ ။ကယ္လ္စီယမ္ ၊ သံဓာတ္ ၊ ဆိုဒီယမ္ ၊ မဂၢနီဆီယမ္ ၊ ဆီလီနီယမ္ ၊ ေဖာ့ဆဖရပ္ ၊ ေကာ့ပါး ၊ ႏိုင္ရာစင္ ၊ သိုင္ရာမင္း ၊ ေဖာလိပ္ ဗီတာမင္ B6 ေတြ ပါဝင္ပါတယ္ ။

ဆန္ဟာ ကမာၻ႔လူဦးေရ ထက္ဝက္ေက်ာ္ကို ဝမ္းစာျဖည့္ေပးတာပဲ ျဖစ္ပါတယ္ ။

စြမ္းအင္

ဆန္ဟာ စြမ္းအင္ထုတ္ေပးတဲ့ေနရာမွာ အဓိကပါဝင္ပါတယ္ ။ ထမင္းကေန ကာဗိုဟိုက္ၿဒိတ္ ရရွိၿပီး ခႏၶာကိုယ္တြင္း
ဇီဝ ကမၼျဖစ္စဥ္လည္ပတ္ဖို႔အတြက္ လိုအပ္တဲ့စြမ္းအင္ကို ထုတ္ေပးႏိုင္တာပဲ ျဖစ္ပါတယ္ ။

ေရာင္ရမ္းမႈ

ထမင္းဟာ ေရာင္ရမ္းမႈ မျဖစ္ေစရန္ကာကြယ္ ေပးပါတယ္ ။ ထမင္းမွာပုံမွန္အားျဖင့္ဆိုရင္ အဆီဓာတ္ ကိုလက္စထေရာ နဲ႔ ဆိုဒီယမ္ ပါဝင္မႈ အရမ္းနည္းပါတယ္ ။

ဂလူတန္ (Gluten) မပါဝင္တာေၾကာင့္ အူလမ္းေၾကာင္းတြင္း ေရာင္ရမ္းမႈကိုမျဖစ္ေစပါဘူး ။

ဒါေၾကာင့္မိုလည္း Celiac Disease ရွိသူေတြလည္းထမင္းကိုစားႏိုင္တယ္လို႔ဆိုထားပါတယ္ ။

ကင္ဆာေရာဂါ

ထမင္းဟာ ကင္ဆာေရာဂါကိုကာကြယ္ႏိုင္တယ္လို႔ ဆိုထားပါတယ္ ။ အမွ်င္ဓာတ္က အူမႀကီးနဲ႔ အူလမ္းေၾကာင္းကင္ဆာ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္ ။

ဆန္လုံးညိဳမွာ အမွ်င္ဓာတ္ အမ်ားအျပားပါဝင္ၿပီး ကင္ဆာေရာဂါ မျဖစ္ေအာင္ ကာကြယ္ႏိုင္တယ္လို႔ဆိုပါတယ္ ။

အလွအပအတြက္

အလွအပအတြက္လည္း ဆန္ဟာအက်ိဳး ျပဳပါတယ္ ။

ဆန္ကိုအမႈန႔္ႀကိတ္ၿပီး အေရျပားျပႆနာမ်ား အတြက္ ယေန႔ေခတ္မွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာ ၾကၿပီျဖစ္ပါတယ္ ။

မ်ကိႏွာျပင္ကပ္တဲ့ Masks ေတြ အျဖစ္နဲ႔လည္းေကာင္း အသားအေရ ထိန္းသိမ္းတဲ့ Skincare လို ပစၥည္းမ်ိဳး ေတြမွာပဲျဖစ္ျဖစ္ ဆန္ကို တြင္တြင္က်ယ္က်ယ္ ထည့္သြင္း အသုံးျပဳလာၾကၿပီျဖစ္ေၾကာင္း သိရွိရပါတယ္ ။

ဒါေၾကာင့္မို႔ မိမိတို႔ေန႔စဥ္စားသုံးေနတဲ့ ထမင္းနဲ႔ဆန္မွာ ဘယ္လိုအက်ိဳးတရားေတြရွိေနတာသိၿပီမို႔ အစာလည္း ေဆးေဆးလည္းအစာ သတိျပဳ၍ဂ႐ုစိုက္ကာ စားသုံးၾကပါလို႔…

စႏၵီျမင့္မိုရ္#

Unicode

ထမင်းနဲ့ ထမင်းရဲ့အကျိုး

မြန်မာနိုင်ငံဟာ ဆန်ကို အဓိက ထားပြီး စားသုံးတဲ့ နိုင်ငံ ဖြစ်ပါတယ် ။ ဆန်ကနေ ရရှိတဲ့ ထမင်းကိုပဲ အာဟာရ အတွက် အဓိက လိုအပ်ချက် ဖြစ်စေ ခဲ့တာမို့ မိမိတို့ စားသုံးနေတဲ့ ဆန်နဲ့ ဆန်ရဲ့အကျိုး ထမင်းနဲ့ ထမင်းရဲ့ အကျိုးတွေက်ု သိထား မယ်ဆိုရင် ပိုပြီး မကောင်းပေ ဘူးလား ။

ကလေးဘဝက စလို့ ထမင်းဆီဆမ်းနဲ့ ရွှေလင်ပန်း ကဗျာလို ဖိုးလမင်းဆီ တောင်းရင်း ကျွေးခဲ့တဲ့ တေးသံ တွေဟာ မြန်မာ့မူှ တစ်ခုပါပဲ ။ ဆန်မှာ မျိုးစိပ်ကွဲတွေ အမျိုးမျိုး ရှိတာမို့ သူ့ပုံစံ သူ့ အရွယ်အစား သူ့ အနံအရသာနဲ့ အရောင်တွေဟာ ကွဲပြားစွာ ရှိနေတတ် ပါတယ် ။

ဆန်မှာယေဘုယျအားဖြင့် ကာဗိုဟိုက်ဒြိတ်နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။အမျှင်ဓာတ်ပါဝင်မူှကတော့ သူ့မျိုးစိပ်အလိုက် အနည်းအများကွာခြားသွားပါတယ်။

ဥပမာ…. ဆန်လုံးညိုမှာ ဆိုရင် အမျှင်ဓာတ် ပိုမိုပါဝင်ပါတယ် ။ကယ်လ်စီယမ် ၊ သံဓာတ် ၊ ဆိုဒီယမ် ၊ မဂ္ဂနီဆီယမ် ၊ ဆီလီနီယမ် ၊ ဖော့ဆဖရပ် ၊ ကော့ပါး ၊ နိုင်ရာစင် ၊ သိုင်ရာမင်း ၊ ဖောလိပ် ဗီတာမင် B6 တွေ ပါဝင်ပါတယ် ။

ဆန်ဟာ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ကို ဝမ်းစာဖြည့်ပေးတာပဲ ဖြစ်ပါတယ် ။

စွမ်းအင်

ဆန်ဟာ စွမ်းအင်ထုတ်ပေးတဲ့နေရာမှာ အဓိကပါဝင်ပါတယ် ။ ထမင်းကနေ ကာဗိုဟိုက်ဒြိတ် ရရှိပြီး ခန္ဓာကိုယ်တွင်း
ဇီဝ ကမ္မဖြစ်စဉ်လည်ပတ်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်ကို ထုတ်ပေးနိုင်တာပဲ ဖြစ်ပါတယ် ။

ရောင်ရမ်းမှု

ထမင်းဟာ ရောင်ရမ်းမှု မဖြစ်စေရန်ကာကွယ် ပေးပါတယ် ။ ထမင်းမှာပုံမှန်အားဖြင့်ဆိုရင် အဆီဓာတ် ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှု အရမ်းနည်းပါတယ် ။

ဂလူတန် (Gluten) မပါဝင်တာကြောင့် အူလမ်းကြောင်းတွင်း ရောင်ရမ်းမှုကိုမဖြစ်စေပါဘူး ။

ဒါကြောင့်မိုလည်း Celiac Disease ရှိသူတွေလည်းထမင်းကိုစားနိုင်တယ်လို့ဆိုထားပါတယ် ။

ကင်ဆာရောဂါ

ထမင်းဟာ ကင်ဆာရောဂါကိုကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ် ။ အမျှင်ဓာတ်က အူမကြီးနဲ့ အူလမ်းကြောင်းကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ် ။

ဆန်လုံးညိုမှာ အမျှင်ဓာတ် အများအပြားပါဝင်ပြီး ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ဆိုပါတယ် ။

အလှအပအတွက်

အလှအပအတွက်လည်း ဆန်ဟာအကျိုး ပြုပါတယ် ။

ဆန်ကိုအမှုန့်ကြိတ်ပြီး အရေပြားပြဿနာများ အတွက် ယနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ကြပြီဖြစ်ပါတယ် ။

မျကိနှာပြင်ကပ်တဲ့ Masks တွေ အဖြစ်နဲ့လည်းကောင်း အသားအရေ ထိန်းသိမ်းတဲ့ Skincare လို ပစ္စည်းမျိုး တွေမှာပဲဖြစ်ဖြစ် ဆန်ကို တွင်တွင်ကျယ်ကျယ် ထည့်သွင်း အသုံးပြုလာကြပြီဖြစ်ကြောင်း သိရှိရပါတယ် ။

ဒါကြောင့်မို့ မိမိတို့နေ့စဉ်စားသုံးနေတဲ့ ထမင်းနဲ့ဆန်မှာ ဘယ်လိုအကျိုးတရားတွေရှိနေတာသိပြီမို့ အစာလည်း ဆေးဆေးလည်းအစာ သတိပြု၍ဂရုစိုက်ကာ စားသုံးကြပါလို့…

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

''အသက္အ႐ြယ္နဲ႔ အလွျပဳျပင္မႈ''1
beauty-tip
အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ

”အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ” ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အတွက်က အလှပြုပြင်ရာမှာ အထူးသတိပြုနေစရာ မလိုအပ်သော်လည်း အသက် ငါးဆယ်ကျော် အရွယ်ကို ရောက်လာပြီ ဆိုရင်တော့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်တွေ ရှိလာပါပြီ။ အသက်အရွယ် ငါးဆယ်ကျော် လာပြီဆိုရင် မျက်တွင်းချိုင့်ခြင်း ပါးပြင်အရေပြားများ တင်းရင်မှု မရှိတော့ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မျက်တွင်းချိုင့်ခြင်း မဖြစ်ရအောင် အဆင့်တစ်အနေနဲ့ ဟိုင်ရာလူရိုနစ်အက်စစ်၊ ရက်တီနောအက်စစ် နျူရိုပက်တိုက် ပါဝင်တဲ့ လိုးရှင်းတွေဟာ ဆိုရင် ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် မျက်ဝန်းတစ်ဝှိုက်ကို လိမ်းပေးပြီး မျက်တွင်းမချိုင့်အောင် ကာကွယ်နိုင်ပါတယ်။ အဆင့်နှစ်ကတော့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ မိတ်ကပ် …

သဘာဝ မ်က္ႏွာသန႔္စင္ ဂ်ယ္လ္
beauty-tip
သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။

သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။ နေ့တစ်နေ့တာရဲ့ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ ရုံးသွားတာဖြစ်ဖြစ် အလုပ်သွားတာဖြစ်ဖြစ် ပွဲလမ်းရှိလို့အပြင်ထွက်တာမျိုးဖြစ်ဖြစ် အပြင်ထွက်ဖို့ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုရင် ပျိုပျိုမေတို့ရဲ့မလုပ်မဖြစ် လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုကတော့ မိတ်ကပ်လိမ်း အလှပြုပြင်ခြင်းပါပဲ။ ဒီလို မိတ်ကပ်လိမ်းပြီး အပြင်ကိစ္စတွေ သွားလာပြီးရင် အိမ်ပြန်ရောက်တဲ့ အခါမှာ မဖြစ်မနေလုပ်သင့်တဲ့ အလုပ်ကတော့ ညအိပ်ရာမဝင်ခင် လိမ်းထားတဲ့ မိတ်ကပ်တွေကို ပြန်ဖျက်ဖို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ ညအိပ်ယာဝင်တဲ့အခါ မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင် ချွေးပေါက်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဝက်ခြံ ထွက်လွယ်တာမျိုးစတဲ့ အရေပြား ပြဿနာတွေများစွာ ဖြစ်လာနိုင်လို့ပဲ …

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္
beauty-tip
သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင်

သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းတစ်စုံကို အလှတွေ ပိုမိုပေါ်လွင်ပြီး ပိုမို တောက်ပလာစေဖို့ဆိုရင် နှုတ်ခမ်းနီဆိုးခြင်းကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကဲဒါဆို နှုတ်ခမ်းလှလှလေး တစ်စုံကို ရရှိဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်သလဲ ဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါစို့။ ၁. လိုက်ဖက် ပါစေ… သင့်ရဲ့ မျက်နှာပြင်ပေါ်မှာ လှပပြီး စွဲဆောင်မှုရှိမဲ့ နှုတ်ခမ်းတစ်စုံ ရရှိဖို့အတွက် သင်အသုံးပြုမဲ့ နှုတ်ခမ်းနီနဲ့ သင့်ရဲ့ နှုတ်ခမ်းတစ်ဝုှိက်မှာ ပုံဖော်မဲ့ ခဲတံရဲ့အရောင်ဟာ အရောင်နှစ်ခု လိုက်ဖက်မှုရှိပြီး တူညီမျှတ ဟာမိုနီကျနေဖို့ လိုအပ်ပါတယ်။ ၂. မှန်ကန်စွာ စတင်ပါ… သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီ ဆိုးတော့မယ်ဆိုရင် ပထမဦးစွာ အပေါ်နှုတ်ခမ်းကနေ စတင် …