တ႐ုတ္ ရင္းႏွီးျမဳပ္ႏွံမႈကို မႀကိဳက္တဲ့ အိႏၵိယ ကုမၸဏီ ဝန္ထမ္းေတြ ဆႏၵျပ

တ႐ုတ္ ရင္းႏွီးျမဳပ္ႏွံမႈကို မႀကိဳက္တဲ့ အိႏၵိယ ကုမၸဏီ ဝန္ထမ္းေတြ ဆႏၵျပ
International-news

တ႐ုတ္ ရင္းႏွီးျမဳပ္ႏွံမႈကို မႀကိဳက္တဲ့ အိႏၵိယ ကုမၸဏီ ဝန္ထမ္းေတြ ဆႏၵျပ

ကိုလ္ကတၱားက အစားအေသာက္ပို႔တဲ့ ဇိုမာတို အုပ္စု ကုမၸဏီဝန္ထမ္းေတြက ကုမၸဏီ တံဆိပ္ပါတဲ့ တီရွပ္ေတြ ကို ဆုပ္ၿဖဲျခင္း မီးရႈိ႕ျခင္းေတြ လုပ္ၿပီး ကုမၸဏီကို တ႐ုတ္ေတြ လာေရာက္ ရင္းႏွီးျမဳပ္ႏွံ႔ျခင္းကို ကန႔္ကြက္တဲ့ အေနနဲ႔ ဆႏၵျပခဲ့ၾကပါတယ္ ။

ဇြန္လ ၁၅ရက္ေန႔က လာဒက္က ဂယ္ဝမ္ေတာင္ၾကားမွာ တ႐ုပ္တပ္ေတြနဲ႔ အိႏၵိယတပ္ေတြ ထိပ္တိုက္ ေတြ႕ၾက တုန္းက က်ဆုံးသြားတဲ့ အိႏၵိိယ စစ္သား ၂၀ အတြက္ ရည္႐ြယ္ၿပီး သူတို႔လုပ္ငန္းထဲကို တ႐ုတ္ေတြရဲ႕ ရင္းႏွီး ျမဳပ္ႏွံ ျခင္းကို လက္မခံေၾကာင္း ျပတဲ့ အေနနဲ႔ ဆႏၵျပခဲ့တာပါ ။ မေန႔က ၿမိဳ႕ေတာင္ဖက္ပိုင္းက ဘီဟာလာ မွာ သူတို႔ကစုေဝးခဲ့ၾကပါတယ္ ။ အစား အေသာက္ပို႔တဲ့ ဒလီဗရီ ဝန္ထမ္းေတြအေနနဲ႔ တ႐ုတ္ေတြရဲ႕ ရင္းႏွီးျမဳပ္ႏွံ႔မႈ သာ ကုမၸဏီကို ဝင္လာရင္ သူတို႔အေနနဲ႔ အလုပ္ကထြက္ၿပီး ဇိုမာတို အုပ္စု ကုမၸဏီက အစားအေသာက္ေတြ မမွာယူဖို႔အတြက္ ၿမိဳ႕အတြင္းမွာ လိုက္လံ လႈံ႕ေဆာ္မယ္လို႔ ဆိုတယ္ ။

၂၀၁၈ တုန္းက တ႐ုတ္နာမည္ႀကီး စီးပြားေရး လုပ္ငန္းျဖစ္တဲ့ အလီဘာဘာရဲ႕ ကုမၸဏီခြဲတစ္ခုျဖစ္တဲ့ ပု႐ြက္ဆိတ္ ေငြေၾကး ကုမၸဏီက ဇိုမာတိုအုပ္စုရဲ႕ ရွယ္ယာ ၁၄.၇ % ဝယ္ယူၿပီး ကန္ေဒၚလာသန္း၂၁၀ ရင္းႏွီးျမဳပ္ႏွံ႔ထားပါတယ္ ။ ေနာက္ပိုင္းမွာ ေနာက္ထပ္ ကန္ေဒၚလာ သန္း ၁၅၀ ထပ္ၿပီး ထည့္ဝင္ ထားပါတယ္ ။ အဲ့ဒီအတိုင္း ေနာက္ထပ္ ထည့္ဝင္ပါက အိႏၵိယ စီးပြားေရးလုပ္ငန္းတစ္ခုက တ႐ုပ္ေတြရဲ႕ လက္ထဲကို က်ေရာက္ သြားဖြယ္ရာ ရွိေနပါတယ္ ။

“တ႐ုပ္ေတြက က်ေနာ္တို႔ကို နယ္စပ္မွာ တိုက္ခိုက္ေနၿပီး ဒီေနရာမွာ စီးပြားလာရွာ ေနၾကတယ္ ။ ဒီေနရာက အက်ိဳးအျမတ္ေတြကို လာၿပီး ကဲ့ ယူေနၾကတယ္ ။ သူတို႔က က်ေနာ္တို႔ရဲ႕ ေျမကိုေရာ က်ေနာ္တို႔ရဲ႕စီးပြားေရးကို ေရာ လာၿပီး ဆြဲယူေနၾကတယ္ ။ ဒါကိုခြင့္မျပဳႏိုင္ဘူး”လို႔ ဆႏၵျပသူတစ္ဦးကဆိုတယ္ ။ ေနာက္ထပ္ ဆႏၵျပသူ တစ္ဦးကလည္း တ႐ုတ္ေတြ ရင္းႏွီးျမဳပ္ႏွံတဲ့ကုမၸဏီမွာ အလုပ္လုပ္ေနမဲ့ အစား အငတ္ခံ ေနတာကမွ ေကာင္းဦးမယ္ ။ အလုပ္က ထြက္ၾကစို႔”ဆိုၿပီး သူတို႔ရဲ႕ပရိသက္ကို ေတာင္းဆိုေနပါတယ္ ။ ဇိုမာတိုအုပ္စု ကုမၸဏီမွာ တ႐ုတ္ေတြရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈ တိုးလာလို႔ ေမလကတည္းက အလုပ္သမား ၅၂၀က အလုပ္ထြက္ သြား လို႔ ကုမၸဏီရဲ႕ လုပ္အားႏႈန္း ၁၃ % က်ဆင္းသြားပါတယ္ ။အဲ့ဒိ ဆႏၵျပမႈနဲ႔ပတ္သက္ၿပီး ဇိုမာတိုအုပ္စု ကုမၸဏီဖက္က ဘာတုံ႔ျပန္မႈ တစ္စုံတစ္ရာမရွိခဲ့ပါဘူး ။

ေမာင္ယႆ

REF: business insider / Photo; BCCL

Unicode

တရုတ် ရင်းနှီးမြုပ်နှံမှုကို မကြိုက်တဲ့ အိန္ဒိယ ကုမ္ပဏီ ဝန်ထမ်းတွေ ဆန္ဒပြ

ကိုလ်ကတ္တားက အစားအသောက်ပို့တဲ့ ဇိုမာတို အုပ်စု ကုမ္ပဏီဝန်ထမ်းတွေက ကုမ္ပဏီ တံဆိပ်ပါတဲ့ တီရှပ်တွေ ကို ဆုပ်ဖြဲခြင်း မီးရှို့ခြင်းတွေ လုပ်ပြီး ကုမ္ပဏီကို တရုတ်တွေ လာရောက် ရင်းနှီးမြုပ်နှံ့ခြင်းကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ် ။

ဇွန်လ ၁၅ရက်နေ့က လာဒက်က ဂယ်ဝမ်တောင်ကြားမှာ တရုပ်တပ်တွေနဲ့ အိန္ဒိယတပ်တွေ ထိပ်တိုက် တွေ့ကြ တုန်းက ကျဆုံးသွားတဲ့ အိန္ဒိိယ စစ်သား ၂၀ အတွက် ရည်ရွယ်ပြီး သူတို့လုပ်ငန်းထဲကို တရုတ်တွေရဲ့ ရင်းနှီး မြုပ်နှံ ခြင်းကို လက်မခံကြောင်း ပြတဲ့ အနေနဲ့ ဆန္ဒပြခဲ့တာပါ ။ မနေ့က မြို့တောင်ဖက်ပိုင်းက ဘီဟာလာ မှာ သူတို့ကစုဝေးခဲ့ကြပါတယ် ။ အစား အသောက်ပို့တဲ့ ဒလီဗရီ ဝန်ထမ်းတွေအနေနဲ့ တရုတ်တွေရဲ့ ရင်းနှီးမြုပ်နှံ့မှု သာ ကုမ္ပဏီကို ဝင်လာရင် သူတို့အနေနဲ့ အလုပ်ကထွက်ပြီး ဇိုမာတို အုပ်စု ကုမ္ပဏီက အစားအသောက်တွေ မမှာယူဖို့အတွက် မြို့အတွင်းမှာ လိုက်လံ လှုံ့ဆော်မယ်လို့ ဆိုတယ် ။

၂၀၁၈ တုန်းက တရုတ်နာမည်ကြီး စီးပွားရေး လုပ်ငန်းဖြစ်တဲ့ အလီဘာဘာရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ပုရွက်ဆိတ် ငွေကြေး ကုမ္ပဏီက ဇိုမာတိုအုပ်စုရဲ့ ရှယ်ယာ ၁၄.၇ % ဝယ်ယူပြီး ကန်ဒေါ်လာသန်း၂၁၀ ရင်းနှီးမြုပ်နှံ့ထားပါတယ် ။ နောက်ပိုင်းမှာ နောက်ထပ် ကန်ဒေါ်လာ သန်း ၁၅၀ ထပ်ပြီး ထည့်ဝင် ထားပါတယ် ။ အဲ့ဒီအတိုင်း နောက်ထပ် ထည့်ဝင်ပါက အိန္ဒိယ စီးပွားရေးလုပ်ငန်းတစ်ခုက တရုပ်တွေရဲ့ လက်ထဲကို ကျရောက် သွားဖွယ်ရာ ရှိနေပါတယ် ။

“တရုပ်တွေက ကျနော်တို့ကို နယ်စပ်မှာ တိုက်ခိုက်နေပြီး ဒီနေရာမှာ စီးပွားလာရှာ နေကြတယ် ။ ဒီနေရာက အကျိုးအမြတ်တွေကို လာပြီး ကဲ့ ယူနေကြတယ် ။ သူတို့က ကျနော်တို့ရဲ့ မြေကိုရော ကျနော်တို့ရဲ့စီးပွားရေးကို ရော လာပြီး ဆွဲယူနေကြတယ် ။ ဒါကိုခွင့်မပြုနိုင်ဘူး”လို့ ဆန္ဒပြသူတစ်ဦးကဆိုတယ် ။ နောက်ထပ် ဆန္ဒပြသူ တစ်ဦးကလည်း တရုတ်တွေ ရင်းနှီးမြုပ်နှံတဲ့ကုမ္ပဏီမှာ အလုပ်လုပ်နေမဲ့ အစား အငတ်ခံ နေတာကမှ ကောင်းဦးမယ် ။ အလုပ်က ထွက်ကြစို့”ဆိုပြီး သူတို့ရဲ့ပရိသက်ကို တောင်းဆိုနေပါတယ် ။ ဇိုမာတိုအုပ်စု ကုမ္ပဏီမှာ တရုတ်တွေရဲ့ ရင်းနှီးမြုပ်နှံမှု တိုးလာလို့ မေလကတည်းက အလုပ်သမား ၅၂၀က အလုပ်ထွက် သွား လို့ ကုမ္ပဏီရဲ့ လုပ်အားနှုန်း ၁၃ % ကျဆင်းသွားပါတယ် ။အဲ့ဒိ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဇိုမာတိုအုပ်စု ကုမ္ပဏီဖက်က ဘာတုံ့ပြန်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး ။

မောင်ယဿ

REF: business insider / Photo; BCCL

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …