
International-news






မောင်ယဿ

Ref; upi / Photo; upi

Unicode

တရုတ် ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ပက်စီကို ကုမ္ပဏီ ပိတ်လိုက် ရပြီ

တရုတ်နိုင်ငံ မြို့တော် ဘေကျင်းထုတ် သတင်းစာတစ်စောင်ရဲ့ အဆိုအရ ဘေကျင်းရှိ ပက်စီကို စက်ရုံက အလုပ်သမား ၈ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် စက်ရုံကို ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ် ။ ဇွန်လ ၁၅ရက်နေ့က ဘေကျင်း သားငါးလက်ကားဈေး စင်ဖာဒီမှာ ကိုဗစ်-၁၉ ဗိုင်းရက်ရောဂါ ပြန့်နှံ့မှု ဖြစ်ပွားခဲ့ ပြီးတဲ့နောက်ပိုင်းမှာ စက်ရုံ အလုပ်ရုံတွေမှာ ရောဂါပိုး ရှိမရှိ စစ်ဆေးမှု တွေ ပိုမိုလုပ်ကိုင်လာရာက ပက်စီကို စက်ရုံမှာ အလုပ်သမား တစ်ယောက်ကို ရောဂါပိုး ရှိကြောင်း တွေ့ခဲ့ရပါတယ်လို့ တရုတ်အစိုးရ သတင်းစာ ဂလိုဘယ်တိုင်းမ်နဲ့ အခြားမီဒီယာတွေက ဖော်ပြခဲ့ပါတယ် ။

တရုတ် ပက်စီကို စက်ရုံ ကိုယ်စားလှယ် ဖန်ကျီမင်းက တော့ စက်ရုံကိုပိတ်ထားတယ် ။ ထုတ်လုပ်မှုတွေ အားလုံးကိုလည်း ရပ်ဆိုင်းထားပါတယ် ။ ဆိုင်တွေကို လည်း အရောင်းပိတ်ခိုင်းထားတယ် ။ အလုပ်ခွင် အတွင်းမှာရော ပြင်ပမှာပါ ကုန်ပစ္စည်းတွေ အားလုံး သယ်ယူပို့ဆောင်မှု တွေကို ရပ်ခိုင်းထားပါတယ် ။ စက်ရုံအတွင်းမှာတော့ နောက်ထပ် ကူးစက်မှုတွေမရှိတော့ပါဘူးလို့ ဆိုတယ် ။ ဘေကျင်း မြို့ အာဏါပိုင် တွေကတော့ ပက်စီကို စက်ရုံတွင်းက ရောဂါကူးစက်ခံရသူ ၈ဦးမှာ ၂ဦးက စင်ဖာဒီ သားငါးဈေးကို သွားခဲ့ဖူးတယ်လို့ ဆိုတယ် ။

တရုတ်နိုင်ငံမှာ တရက်ကို လူတစ်သန်းနီးပါး ပိုးရှိမရှိ စစ်ဆေးမှု လုပ်နေတာတောင် စစ်ဆေးပြီးသားလူတွေထဲမှာ ရောဂါပိုးရှိတဲ့ သူတွေကို ထပ်တွေ့နေရတဲ့အတွက် ကြောင့် တရုတ်အစိုးရက ၂ထပ် စစ်ဖို့အတွက် ကျန်းမာရေး အာဏါပိုင်တွေကို လမ်းညွှန်ထားပါတယ် ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ဆိုရင် ဘေကျင်း လူဦးရေရဲ့ ၁၀% ကို စစ်ဆေးမှုတွေ လုပ်နိုင်ခဲ့ပါတယ် ။ အဓိက ကျတဲ့ စက်ရုံ ၁၇ ရုံ ရဲ့ အလုပ်သမား ၁သိန်း ကျော်ကို လည်းစစ်ဆေး ခဲ့ပြီးပါပြီ ။ တနင်္လာနေ့က ထုတ်ပြန်တဲ့ စာရင်းအရ တနင်္ဂနွေနေ့မှာ တွေ့ရှိခဲ့တဲ့ ပိုးတွေ့ လူနာ ၁၈ ဦးနဲ့ဆိုရင် စင်ဖာဒီဈေးကနေ့ ပြန့်နှံ့လာတဲ့ ဗိုင်းရက် ကူးစက်ခံရသူ ၂၃၆ ဦးရှိပြီ လို့ ဘေကျင်း ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ် ။

စင်ဖာဒီ ဈေးက သားငါးတွေကို ဝယ်ယူစားသုံးနေတဲ့ ဟူဘီ ၊လျောင်နင်း ၊ စင်ချူး ၊ဇီးကျန် နဲ့ဟီနန်း ပြည်နယ်တွေမှာ ရောဂါပိုး ကူးစက်မှုရှိ မရှိကို ဆက်လက်စစ်ဆေးနေပါတယ် ။

မောင်ယဿ

Ref; upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …