တ႐ုတ္ေတြ ဝိုင္းေဆာ္တာ ခံေနရတဲ့ ေဆာင္းေဟကို

တ႐ုတ္ေတြ ဝိုင္းေဆာ္တာ ခံေနရတဲ့ ေဆာင္းေဟကို
International-news

တ႐ုတ္ေတြ ဝိုင္းေဆာ္တာ ခံေနရတဲ့ ေဆာင္းေဟကို

ကိုရီးယား အခ်စ္ေတာ္ေလး ေဆာင္းေဟကို ကို တ႐ုတ္ အြန္လိုင္း သုံးသူေတြက ဝိုင္းၿပီး သမ ေနၾကပါတယ္။ အေၾကာင္းကေတာ့ ဝူဟန္ ထူးဆန္း တုတ္ေကြး ကိစၥပဲ ျဖစ္ပါတယ္။ သူမက တ႐ုတ္ ႏိုင္ငံသားေတြကို ဝူဟန္ ကိစၥနဲ႔ ပတ္သက္ၿပီး ဝိုင္းဝန္း ကူညီေစာင့္ ေရွာက္ၾကဖို႔ အတြက္ သူမရဲ႕ အင္စတာဂရမ္မွာ တိုက္တြန္း ႏႈိးေဆာ္ ထားပါတယ္။ အဲ့ဒီ စာသားေတြက တ႐ုတ္ အင္တာနက္သုံးသူေတြကို ဆြေပးလိုက္သလို ျဖစ္သြားပါတယ္။ ။

တ႐ုတ္ အင္တာနတ္ လိုင္းသုံးသူေတြက ဝူဟန္ ကိစၥကို သူတို႔ ဝိုင္းကူရေအာင္ ေဆာင္ေဟကိုကေရာ ဘယ္ေလာက္ ကူညီၿပီးသြားၿပီလဲ။ ဝူဟန္ တုတ္ေကြး ေရာဂါ တိုက္ဖ်က္ေရးအတြက္ အလႉေငြေတြ ဘယ္ေလာက္ထည့္ၿပီးၿပီမို႔ ဒီစကားေျပာတာလဲဆိုၿပီး သူမရဲ႕ ပို႔စ္ေအာက္မွာ ဝိုင္းေရးၾကပါတယ္။ ။

အိုရီယံတယ္ ေဒးလီးသတင္းစာမွာ “ ဝူဟန္ကို ခ်စ္ၾကပါ ။ လူသားေတြကို ခ်စ္ၾကပါ”လို႔ ေဆာင္းေဟကိုက သူမရဲ႕ အင္စတာဂရမ္မွာ ေရးခဲ့တယ္ ဆိုတာကို ေဖာ္ျပခဲ့ပါတယ္။ အဲ့လို သတင္းစာက ေဖာ္ျပလိုက္ေတာ့ သူမရဲ႕ပိုစ့္ေအာက္ကို ဝင္ေရးတာ ေရးသူ ၈ သိန္းေက်ာ္ သြားပါတယ္။ ။

တစ္ခ်ိဳ႕က ဝူဟန္ ကိစၥက ပါးစပ္ကေလးနဲ႔ အားေပးေန႐ုံ မရဘူးတို႔ ၊ အခ်ိဳ႕က လူပိန္းႀကိဳက္ေတြ ေရးေနတာလားတို႔ ၊ ဘာလို႔ လိုက္ဆြေနတာလဲတို႔ ေရးၾကပါတယ္။ ကြန္မန႔္ တစ္ခုကဆိုရင္ တ႐ုတ္ေတြဆီကေန ပိုက္ဆံေတြ သဲ့ၿပီးယူေနတာ တ႐ုတ္ေတြကို ျပန္ၿပီး ပိုက္ဆံေပးဖို႔ တြန႔္ေနတာလား လို႔ေတာင္ ေရးသားခဲ့ပါတယ္။ ။

ေရးသားခ်က္ေတြက မ်ားၿပီး ၈ သိန္းေတာင္ေက်ာ္လာလို႔ အခုဆိုရင္ သူမရဲ႕ပို႔စ္မွာ ကြန္းမန႔္ ေဘာက္စ္ကိုေတာင္ ပိတ္ထား လိုက္ရပါတယ္။ ကြန္မန႔္ေရးသူ အမ်ားစုကေတာ့ ထိုင္ဝမ္ အဆိုေတာ္ ေဂ်ခ်ဴးက ဝူဟန္ ထူးဆန္း တုတ္ေကြး ကုသေရးအတြက္ တ႐ုတ္ေငြ ယြမ္ ၃ သန္း လႉတာနဲ႔ ယွဥ္ၿပီး ေျပာၾကပါတယ္။ ။

အႏုပညာရွင္ေတြ ရထားတဲ့ အႏုပညာေၾကး သန္းေပါင္းမ်ားစြာထဲက ပရိသတ္ကို တစ္စြန္းတစ္စ ေလာက္ျပန္ၿပီး အသုံးျပဳေစခ်င္ေသာ သေဘာေတြနဲ႔ ေရးသားၾကတာ မ်ားပါတယ္။ ။

ေမာင္ယႆ ref: msn.com photo;instagram

Unicode

တရုတ်တွေ ဝိုင်းဆော်တာ ခံနေရတဲ့ ဆောင်းဟေကို

ကိုရီးယား အချစ်တော်လေး ဆောင်းဟေကို ကို တရုတ် အွန်လိုင်း သုံးသူတွေက ဝိုင်းပြီး သမ နေကြပါတယ်။ အကြောင်းကတော့ ဝူဟန် ထူးဆန်း တုတ်ကွေး ကိစ္စပဲ ဖြစ်ပါတယ်။ သူမက တရုတ် နိုင်ငံသားတွေကို ဝူဟန် ကိစ္စနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း ကူညီစောင့် ရှောက်ကြဖို့ အတွက် သူမရဲ့ အင်စတာဂရမ်မှာ တိုက်တွန်း နှိုးဆော် ထားပါတယ်။ အဲ့ဒီ စာသားတွေက တရုတ် အင်တာနက်သုံးသူတွေကို ဆွပေးလိုက်သလို ဖြစ်သွားပါတယ်။ ။

တရုတ် အင်တာနတ် လိုင်းသုံးသူတွေက ဝူဟန် ကိစ္စကို သူတို့ ဝိုင်းကူရအောင် ဆောင်ဟေကိုကရော ဘယ်လောက် ကူညီပြီးသွားပြီလဲ။ ဝူဟန် တုတ်ကွေး ရောဂါ တိုက်ဖျက်ရေးအတွက် အလှူငွေတွေ ဘယ်လောက်ထည့်ပြီးပြီမို့ ဒီစကားပြောတာလဲဆိုပြီး သူမရဲ့ ပို့စ်အောက်မှာ ဝိုင်းရေးကြပါတယ်။ ။

အိုရီယံတယ် ဒေးလီးသတင်းစာမှာ “ ဝူဟန်ကို ချစ်ကြပါ ။ လူသားတွေကို ချစ်ကြပါ”လို့ ဆောင်းဟေကိုက သူမရဲ့ အင်စတာဂရမ်မှာ ရေးခဲ့တယ် ဆိုတာကို ဖော်ပြခဲ့ပါတယ်။ အဲ့လို သတင်းစာက ဖော်ပြလိုက်တော့ သူမရဲ့ပိုစ့်အောက်ကို ဝင်ရေးတာ ရေးသူ ၈ သိန်းကျော် သွားပါတယ်။ ။

တစ်ချို့က ဝူဟန် ကိစ္စက ပါးစပ်ကလေးနဲ့ အားပေးနေရုံ မရဘူးတို့ ၊ အချို့က လူပိန်းကြိုက်တွေ ရေးနေတာလားတို့ ၊ ဘာလို့ လိုက်ဆွနေတာလဲတို့ ရေးကြပါတယ်။ ကွန်မန့် တစ်ခုကဆိုရင် တရုတ်တွေဆီကနေ ပိုက်ဆံတွေ သဲ့ပြီးယူနေတာ တရုတ်တွေကို ပြန်ပြီး ပိုက်ဆံပေးဖို့ တွန့်နေတာလား လို့တောင် ရေးသားခဲ့ပါတယ်။ ။

ရေးသားချက်တွေက များပြီး ၈ သိန်းတောင်ကျော်လာလို့ အခုဆိုရင် သူမရဲ့ပို့စ်မှာ ကွန်းမန့် ဘောက်စ်ကိုတောင် ပိတ်ထား လိုက်ရပါတယ်။ ကွန်မန့်ရေးသူ အများစုကတော့ ထိုင်ဝမ် အဆိုတော် ဂျေချူးက ဝူဟန် ထူးဆန်း တုတ်ကွေး ကုသရေးအတွက် တရုတ်ငွေ ယွမ် ၃ သန်း လှူတာနဲ့ ယှဉ်ပြီး ပြောကြပါတယ်။ ။

အနုပညာရှင်တွေ ရထားတဲ့ အနုပညာကြေး သန်းပေါင်းများစွာထဲက ပရိသတ်ကို တစ်စွန်းတစ်စ လောက်ပြန်ပြီး အသုံးပြုစေချင်သော သဘောတွေနဲ့ ရေးသားကြတာ များပါတယ်။ ။

မောင်ယဿ ref: msn.com photo;instagram

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …