တ႐ုတ္ေတြ႕တာနဲ႔ အခ်က္ေပးသံေပးတဲ့ ေမာ္စကိုသားမ်ား
- By : Kaung Khant
- Category : International-news

တ႐ုတ္ေတြ႕တာနဲ႔ အခ်က္ေပးသံေပးတဲ့ ေမာ္စကိုသားမ်ား
ေမာ္စကိုက လိုင္းကားေမာင္းတဲ့ ဒ႐ိုင္ဘာေတြနဲ႔ အေဝးေျပး ကားေမာင္းတဲ့ ဒ႐ိုင္ဘာေတြက ကားေပၚမွာ တ႐ုတ္လူမ်ိဳး ေတြ ပါလာတယ္ ဆိုတာနဲ႔ ကားကို အခ်က္ေပးသံ ေပးၾကမယ္ ဆိုၿပီး တိုင္ပင္ထားၾကတယ္လို႔ ျပည္တြင္း ခရီးသည္ သယ္ယူပို႔ေဆာင္ေရး လုပ္သားမ်ား အစည္အ႐ုံးေခါင္းေဆာင္ ယူရီဒက္ရွ္ေကာ့ က ဆိုပါတယ္ ။
သူတို႔က သူတို႔ကားေပၚကို တ႐ုတ္လူမ်ိဳး တက္လာတာနဲ႔ က်န္တဲ့ ခရီးသြားေတြကို သတိထားၿပီးေနဖို႔ အတြက္ ဟြန္းသံနဲ႔ အခ်က္ေပးမယ္လို႔ လိုင္းကားသမဂၢက ထုတ္ျပန္ထားတယ္လို႔လည္း ယူ႐ို သတင္းဌာနကလည္း ေဖာ္ျပထားပါတယ္ ။
ကိုဗစ္-၁၉ ဗိုင္းရက္ ျပန႔္နံ႔မႈေၾကာင့္ ၿပီးခဲ့တဲ့ သီတင္းပတ္ ကတည္းက ႐ုရွားႏိုင္ငံ တြင္းသို႔ တ႐ုတ္လူမ်ိဳးမ်ား ဝင္ေရာက္လာမႈကို ယာယီ တားျမစ္ ထားပါတယ္ ။
ဒါ့အျပင္ ႐ုရွား လိုင္းကားသမား ေတြက သူတို႔ ယာဥ္ေတြ ေပၚမွာ တ႐ုတ္လူမ်ိဳး တစ္ေယာက္ကို ေတြ႕တယ္ ဆိုတာနဲ႔ ဟြန္းတီးၿပီး ခရီးသည္ကို သတိေပးၿပီးအျပင္ ကားေရာက္ရာ ေနရာကေန လိုင္းကား႐ုံးခ်ဳပ္ စခန္းကို တိတ္တဆိတ္ ဆက္သြယ္ၿပီး နီးစပ္ရာ ရဲစခန္းကို အေၾကာင္းၾကား ေခၚယူ ခိုင္းရမယ္လို႔ တာဝန္ေပးထားပါတယ္ ။
အစည္းအ႐ုံး ရဲ႕ ၫႊန္ၾကားခ်က္ကို အခ်ိဳ႕ ကားသမားေတြ ကေတာ့ အာဏာကို အလြန္အကြၽံ သုံးစြဲတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လိုက္နာမႈရွိခဲ့ပါ ။ “ကားေပၚကို တ႐ုတ္ေတြ တက္လာတာနဲ႔ သူတို႔ရဲ႕ မွတ္ပုံတင္ကို အရင္စစ္သင့္ပါတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုရီးယားလည္း ျဖစ္ႏိုင္တဲ့ အတြက္ေၾကာင့္ပါပဲ ။
အဲ့ဒါေတြက လုပ္ဖို႔လိုတယ္ ဆိုတာ သူတို႔ေတြ ေကာင္းေကာင္း နားမလည္ၾကဘူး ။ ျဖစ္သြားရင္ ဘာမွမတတ္ႏိုင္ဘူးဆိုတာ ကို ဘယ္လို ရွင္းျပရမွန္းေတာင္ မသိဘူး” လို႔ ဒက္ရွ္ေကာ့က ေျပာပါတယ္ ။ “ကားသမားေတြက ဒီအလုပ္ကို မလုပ္ဘူးဆိုရင္လည္း က်ေနာ္တို႔က ဒုတိယအဆင့္အေနနဲ႔ ရဲတပ္ဖြဲ႕နဲ႔ စစ္ေဆးမယ္ ။
အေကာက္ခြန္ နဲ႔ စစ္မယ္ ။ ေနာက္ဆုံး ေဆး႐ုံ ေဆးခန္းနဲ႔ က်န္းမာေရးဌာနေတြကေန စစ္မယ္” လို႔လည္း ေျပာပါတယ္ ။ အခုဆိုရင္ ေမာ္စကိုမွာ ဆရာဝန္ေတြနဲ႔ က်န္းမာေရး ဝန္ထမ္းေတြကို တပ္လွန႔္ ထားၿပီး ေရာဂါပိုး စေတြ႕ တယ္လို႔ သံသယ ရွိတဲ့ေနရာေတြကို အင္နဲ႔အားနဲ႔ သြားၿပီး ကုသဖို႔ အတြက္ အဆင္သင့္ ျပင္ခိုင္းထားပါတယ္ ။
ေမာင္ယႆ REF: euronews
Photo;AP
Unicode Version
တရုတ်တွေ့တာနဲ့ အချက်ပေးသံပေးတဲ့ မော်စကိုသားများ
မော်စကိုက လိုင်းကားမောင်းတဲ့ ဒရိုင်ဘာတွေနဲ့ အဝေးပြေး ကားမောင်းတဲ့ ဒရိုင်ဘာတွေက ကားပေါ်မှာ တရုတ်လူမျိုး တွေ ပါလာတယ် ဆိုတာနဲ့ ကားကို အချက်ပေးသံ ပေးကြမယ် ဆိုပြီး တိုင်ပင်ထားကြတယ်လို့ ပြည်တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်သားများ အစည်အရုံးခေါင်းဆောင် ယူရီဒက်ရှ်ကော့ က ဆိုပါတယ် ။
သူတို့က သူတို့ကားပေါ်ကို တရုတ်လူမျိုး တက်လာတာနဲ့ ကျန်တဲ့ ခရီးသွားတွေကို သတိထားပြီးနေဖို့ အတွက် ဟွန်းသံနဲ့ အချက်ပေးမယ်လို့ လိုင်းကားသမဂ္ဂက ထုတ်ပြန်ထားတယ်လို့လည်း ယူရို သတင်းဌာနကလည်း ဖော်ပြထားပါတယ် ။
ကိုဗစ်-၁၉ ဗိုင်းရက် ပြန့်နံ့မှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက ရုရှားနိုင်ငံ တွင်းသို့ တရုတ်လူမျိုးများ ဝင်ရောက်လာမှုကို ယာယီ တားမြစ် ထားပါတယ် ။
ဒါ့အပြင် ရုရှား လိုင်းကားသမား တွေက သူတို့ ယာဉ်တွေ ပေါ်မှာ တရုတ်လူမျိုး တစ်ယောက်ကို တွေ့တယ် ဆိုတာနဲ့ ဟွန်းတီးပြီး ခရီးသည်ကို သတိပေးပြီးအပြင် ကားရောက်ရာ နေရာကနေ လိုင်းကားရုံးချုပ် စခန်းကို တိတ်တဆိတ် ဆက်သွယ်ပြီး နီးစပ်ရာ ရဲစခန်းကို အကြောင်းကြား ခေါ်ယူ ခိုင်းရမယ်လို့ တာဝန်ပေးထားပါတယ် ။
အစည်းအရုံး ရဲ့ ညွှန်ကြားချက်ကို အချို့ ကားသမားတွေ ကတော့ အာဏာကို အလွန်အကျွံ သုံးစွဲတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုက်နာမှုရှိခဲ့ပါ ။ “ကားပေါ်ကို တရုတ်တွေ တက်လာတာနဲ့ သူတို့ရဲ့ မှတ်ပုံတင်ကို အရင်စစ်သင့်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားလည်း ဖြစ်နိုင်တဲ့ အတွက်ကြောင့်ပါပဲ ။
အဲ့ဒါတွေက လုပ်ဖို့လိုတယ် ဆိုတာ သူတို့တွေ ကောင်းကောင်း နားမလည်ကြဘူး ။ ဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူးဆိုတာ ကို ဘယ်လို ရှင်းပြရမှန်းတောင် မသိဘူး” လို့ ဒက်ရှ်ကော့က ပြောပါတယ် ။ “ကားသမားတွေက ဒီအလုပ်ကို မလုပ်ဘူးဆိုရင်လည်း ကျနော်တို့က ဒုတိယအဆင့်အနေနဲ့ ရဲတပ်ဖွဲ့နဲ့ စစ်ဆေးမယ် ။
အကောက်ခွန် နဲ့ စစ်မယ် ။ နောက်ဆုံး ဆေးရုံ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေကနေ စစ်မယ်” လို့လည်း ပြောပါတယ် ။ အခုဆိုရင် မော်စကိုမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို တပ်လှန့် ထားပြီး ရောဂါပိုး စတွေ့ တယ်လို့ သံသယ ရှိတဲ့နေရာတွေကို အင်နဲ့အားနဲ့ သွားပြီး ကုသဖို့ အတွက် အဆင်သင့် ပြင်ခိုင်းထားပါတယ် ။
မောင်ယဿ REF: euronews
Photo;AP
No Comments