တ႐ုတ္က သူ႔ပရိသတ္ေတြအတြက္ ဆုေတာင္းေမတၱာပို႔သလိုက္တဲ့ ေအမရာခန္
- By : Kaung Khant
- Category : Cele News

တ႐ုတ္က သူ႔ပရိသတ္ေတြအတြက္ ဆုေတာင္းေမတၱာ ပို႔သလိုက္တဲ့ ေအမရာခန္
ေအမရာခန္ဆိုတာ ေဘာလီးဝုဒ္မွာ က်ေနာ္တို႔ေလးစားရတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ပါပဲ ။ ေဘာလီးဝုဒ္က စူပါစတားတစ္ေယာက္ ျဖစ္သလို ကမာၻတစ္ခုလုံးမွာလည္း ပရိသက္အခိုင္အမာရွိသူတစ္ေယာက္လည္းျဖစ္ပါတယ္ ။ တ႐ုတ္ႏိုင္ငံက သူ႔ရဲ႕ ႏိုင္ငံတကာ ပရိသတ္အမ်ားအျပားရွိတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္ ။
PK ႐ုပ္ရွင္ကားက တ႐ုတ္ႏိုင္ငံမွာ အႀကီးအက်ယ္ေပါက္သြားၿပီး ဝင္ေငြစံခ်ိန္ ခ်ိဳးခဲ့ပါတယ္ ။ တ႐ုတ္ပရိသက္က ေအမရာခန္ဆိုရင္ သဲသဲလႈတ္ကို ႀကိဳက္ၾကပါတယ္ ။ အခု တ႐ုတ္ႏိုင္ငံမွာ ေကာ္႐ိုနာ ဗိုင္းရက္ျပန႔္ႏွံ႔ေနေတာ့ ႐ုပ္ရွင္လုပ္ငန္းေတြ ေတာ္ေတာ္ပ်က္စီးသြားခဲ့ရပါတယ္ ။
ေကာ္႐ီုနာဗိုင္းရက္ေၾကာင့္ တ႐ုတ္က သူ႔ရဲ႕ ပရိသက္ေတြေရာ ျပည္သူေတြပါ ေသၾကပ်က္စီးဆုံးရႈံးရတာနဲ႔ ပတ္သက္ၿပီး ေအမရာခန္က စိတ္ထိခိုက္ေၾကကြဲ ဝမ္းနည္းရေၾကာင္း ေဖာ္ျပခဲ့ပါတယ္ ။
မင္းသားက သူ႔ရဲ႕ ဝီဘို ဆိုရွယ္မီဒီယာေပၚမွာ သူကရဲ႕ တ႐ုတ္ပရိသက္ေတြကို ဘယ္လိုျဖစ္ျဖစ္ ကူညီပါမယ္ ဆိုတဲ့အေၾကာင္းကို “ တ႐ုတ္ႏိုင္ငံက က်ေနာ္ခ်စ္ရတဲ့သူ တစ္ဦးခ်င္စီတိုင္းကို ဟယ္လို လို႔ ႏႈတ္ဆက္ပါရေစ ။
အဲ့ဒီမွာ ေကာ္႐ိုနာ ဗိုင္းရက္ ေရာဂါပိုး ျပန႔္ႏွံ႔ ေနတယ္လို႔ ဖတ္မိရတဲ့အခ်ိန္ကစၿပီး က်ေနာ္နဲ႔ လည္း နက္နက္ရႈိင္းရႈိင္း ပတ္သက္ေနတယ္ဆိုတာကို ခံစားမိပါတယ္ ။ တ႐ုတ္က မိတ္ေဆြ အခ်ိဳ႕ ဆီကေန သတင္းေတြကို အၿမဲ စုံစမ္းေနခဲ့ပါတယ္ ။
ေသေၾကၾကတယ္လို႔ ၾကားတဲ့အခ်ိန္မွာ က်ေနာ့္နလုံးသား ထဲကေန နာက်င္ရပါတယ္ ။ က်ေနာ္ရင္ထဲက သနာညႇာတာစိတ္က သူတို႔ဘယ္လို ကူညီရမလဲဆိုတာကို ေတာင္းဆိုေနပါတယ္ ။ အရမ္းကိုခက္ခဲေနတဲ့ အခ်ိန္ျဖစ္တယ္ ဆိုတာကိုလည္းပဲ က်ေနာ္နားလည္ပါတယ္ ။
အုပ္ခ်ဳပ္ေရး အဖြဲ႕ အစည္းေတြကလည္း ပုံမွန္ အေျခ အေန ျပန္ေရာက္ေအာင္ ႀကိဳးစားေနတယ္ ဆိုတာကိုလည္း သိပါတယ္ ။ ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔အတြက္ဆိုရင္ အုပ္ခ်ဳပ္ေရး အဖြဲ႕ေတြထုတ္ျပန္တဲ့ သတိေပးတားျမစ္ခ်က္ေတြကို လိုက္နာၾကပါ ။ က်ေနာ္တို႔ကို ကူညီဖို႔လုပ္ေနၾကတဲ့ သူတို႔နဲ႔ ပူးေပါင္းၾကပါ ၫႊန္ၾကားခ်က္ေတြကို လိုက္နာၾကပါ ။
မၾကာခင္မွာပဲ တ႐ုတ္ႏိုင္ငံက မူလအေျခေအနတိုင္း ျပန္ျဖစ္မယ္လို႔ က်ေနာ္ဆုလည္းေတာင္း ပါတယ္ ။ ေမွ်ာ္လည္း ေမွ်ာ္လင့္ပါတယ္ ။ က်ေနာ္ရဲ႕ အေတြးအာ႐ုံေတြနဲ႔ ဆုေတာင္းေမတၱာေတြက ႐ုန္းကန္ေနရတဲ့ ကာလအတြင္းမွာ သင္တို႔နဲ႔အတူ ရွိေနပါတယ္ ။ က်ေနာ္ရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ပို႔သလိုက္ပါတယ္ ။ ဂ႐ုစိုက္ၾကပါ ။ သတိလည္း ထားၾကပါ ။
က်န္မာေအာင္လည္း ေနၾကပါလို႔ ဆုေတာင္းေမတၱာ ပို႔ လိုက္ပါတယ္”လို႔ ေအမရာခန္က ဗီဒီယိုဖိုင္နဲ႔ သူ႔ရဲ႕ ဆုေတာင္းကို လိုင္းေပၚ တင္ေပးလိုက္ပါတယ္ ။ လတ္တေလာမွာေတာ့ တစ္ခ်ိန္က ေဟာလီးဝုဒ္မွာနာမည္ႀကီးခဲ့တဲ့ မင္းသားႀကီး တြမ္ဟင့္ သ႐ုပ္ေဆာင္ခဲ့တဲ့ Forrest Gump ႐ုပ္ရွင္ကို သူ႔ဟန္နဲ႔ ျပန္႐ိုက္ေနပါတယ္ ။
ေမာင္ယႆ REF; bollywoof life
Photo; NDTVmovie
Unicode
တရုတ်က သူ့ပရိသတ်တွေအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်တဲ့ အေမရာခန်
အေမရာခန်ဆိုတာ ဘောလီးဝုဒ်မှာ ကျနော်တို့လေးစားရတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ ။ ဘောလီးဝုဒ်က စူပါစတားတစ်ယောက် ဖြစ်သလို ကမ္ဘာတစ်ခုလုံးမှာလည်း ပရိသက်အခိုင်အမာရှိသူတစ်ယောက်လည်းဖြစ်ပါတယ် ။ တရုတ်နိုင်ငံက သူ့ရဲ့ နိုင်ငံတကာ ပရိသတ်အများအပြားရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ် ။
PK ရုပ်ရှင်ကားက တရုတ်နိုင်ငံမှာ အကြီးအကျယ်ပေါက်သွားပြီး ဝင်ငွေစံချိန် ချိုးခဲ့ပါတယ် ။ တရုတ်ပရိသက်က အေမရာခန်ဆိုရင် သဲသဲလှုတ်ကို ကြိုက်ကြပါတယ် ။ အခု တရုတ်နိုင်ငံမှာ ကော်ရိုနာ ဗိုင်းရက်ပြန့်နှံ့နေတော့ ရုပ်ရှင်လုပ်ငန်းတွေ တော်တော်ပျက်စီးသွားခဲ့ရပါတယ် ။
ကော်ရီုနာဗိုင်းရက်ကြောင့် တရုတ်က သူ့ရဲ့ ပရိသက်တွေရော ပြည်သူတွေပါ သေကြပျက်စီးဆုံးရှုံးရတာနဲ့ ပတ်သက်ပြီး အေမရာခန်က စိတ်ထိခိုက်ကြေကွဲ ဝမ်းနည်းရကြောင်း ဖော်ပြခဲ့ပါတယ် ။
မင်းသားက သူ့ရဲ့ ဝီဘို ဆိုရှယ်မီဒီယာပေါ်မှာ သူကရဲ့ တရုတ်ပရိသက်တွေကို ဘယ်လိုဖြစ်ဖြစ် ကူညီပါမယ် ဆိုတဲ့အကြောင်းကို “ တရုတ်နိုင်ငံက ကျနော်ချစ်ရတဲ့သူ တစ်ဦးချင်စီတိုင်းကို ဟယ်လို လို့ နှုတ်ဆက်ပါရစေ ။ အဲ့ဒီမှာ ကော်ရိုနာ ဗိုင်းရက် ရောဂါပိုး ပြန့်နှံ့ နေတယ်လို့ ဖတ်မိရတဲ့အချိန်ကစပြီး ကျနော်နဲ့ လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတယ်ဆိုတာကို ခံစားမိပါတယ် ။
တရုတ်က မိတ်ဆွေ အချို့ ဆီကနေ သတင်းတွေကို အမြဲ စုံစမ်းနေခဲ့ပါတယ် ။ သေကြေကြတယ်လို့ ကြားတဲ့အချိန်မှာ ကျနော့်နလုံးသား ထဲကနေ နာကျင်ရပါတယ် ။ ကျနော်ရင်ထဲက သနာညှာတာစိတ်က သူတို့ဘယ်လို ကူညီရမလဲဆိုတာကို တောင်းဆိုနေပါတယ် ။
အရမ်းကိုခက်ခဲနေတဲ့ အချိန်ဖြစ်တယ် ဆိုတာကိုလည်းပဲ ကျနော်နားလည်ပါတယ် ။ အုပ်ချုပ်ရေး အဖွဲ့ အစည်းတွေကလည်း ပုံမှန် အခြေ အနေ ပြန်ရောက်အောင် ကြိုးစားနေတယ် ဆိုတာကိုလည်း သိပါတယ် ။
ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက်ဆိုရင် အုပ်ချုပ်ရေး အဖွဲ့တွေထုတ်ပြန်တဲ့ သတိပေးတားမြစ်ချက်တွေကို လိုက်နာကြပါ ။ ကျနော်တို့ကို ကူညီဖို့လုပ်နေကြတဲ့ သူတို့နဲ့ ပူးပေါင်းကြပါ ညွှန်ကြားချက်တွေကို လိုက်နာကြပါ ။
မကြာခင်မှာပဲ တရုတ်နိုင်ငံက မူလအခြေအေနတိုင်း ပြန်ဖြစ်မယ်လို့ ကျနော်ဆုလည်းတောင်း ပါတယ် ။ မျှော်လည်း မျှော်လင့်ပါတယ် ။ ကျနော်ရဲ့ အတွေးအာရုံတွေနဲ့ ဆုတောင်းမေတ္တာတွေက ရုန်းကန်နေရတဲ့ ကာလအတွင်းမှာ သင်တို့နဲ့အတူ ရှိနေပါတယ် ။ ကျနော်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပို့သလိုက်ပါတယ် ။ ဂရုစိုက်ကြပါ ။ သတိလည်း ထားကြပါ ။
ကျန်မာအောင်လည်း နေကြပါလို့ ဆုတောင်းမေတ္တာ ပို့ လိုက်ပါတယ်”လို့ အေမရာခန်က ဗီဒီယိုဖိုင်နဲ့ သူ့ရဲ့ ဆုတောင်းကို လိုင်းပေါ် တင်ပေးလိုက်ပါတယ် ။ လတ်တလောမှာတော့ တစ်ချိန်က ဟောလီးဝုဒ်မှာနာမည်ကြီးခဲ့တဲ့ မင်းသားကြီး တွမ်ဟင့် သရုပ်ဆောင်ခဲ့တဲ့ Forrest Gump ရုပ်ရှင်ကို သူ့ဟန်နဲ့ ပြန်ရိုက်နေပါတယ် ။
မောင်ယဿ REF; bollywoof life
Photo; NDTVmovie
No Comments