တ႐ုတ္က ပထမဆုံးအေနနဲ႔အေမရိကန္အာလူး ဝယ္ယူ
- By : Phoe Linn
- Category : International-news

တ႐ုတ္က ပထမဆုံးအေနနဲ႔အေမရိကန္အာလူး ဝယ္ယူ
၂ႏိုင္ငံ သေဘာတူညီမႈ အဆင့္ ၁ အျဖစ္ အေမရိကန္ အာလူးထုတ္လုပ္သူေတြက အာလူးေခ်ာင္းေၾကာ္ျပဳလုပ္ရန္အတြက္ တ႐ုတ္ႏိုင္ငံသို႔ အာလူးမ်ားကို ပထမဆုံးအေနနဲ႔ စတင္ တင္ပို႔ ၾကပါတယ္။ ကြၽမ္းက်င္သူေတြရဲ႕ လြန္ခဲ့တဲ့ အပတ္က သုံးသပ္ခ်က္အရ အေမရိကန္ အာလူးထုတ္လုပ္သူေတြက တ႐ုတ္ေဈးကြက္ထဲကို အလုံးလိုက္ အရင္းလိုက္ တင္သြင္းႏိုင္တယ္လို႔ ခန႔္မွန္းၾကတယ္။
ဝါရွင္တန္ဒီစီအေျခစိုက္ အမ်ိဳးသားအာလူးေကာင္စီမွ စီအီးအို ကင္မ္ကာလီ က “တကယ့္ကို စိတ္လႈတ္ရွားစရာေကာင္း တယ္ဗ်ာ။ တ႐ုတ္ေတြဖက္က တံခါးဖြင့္လိုက္တယ္။ ေဈးကြက္က အႀကီးႀကီးျဖစ္သြားတယ္။ အေမရိကန္ေတြရဲ႕ လတ္ဆတ္တဲ့ အာလူးေတြကို တ႐ုတ္ေတြ လက္ခံရရွိေတာ့မွာပါ။
ဒါက တကယ့္ကို ပထမဆုံးအႀကိမ္ျဖစ္ေနတယ္ဗ်ာ”လို႔ အံ့အားတႀကီးဆိုတယ္။ တ႐ုတ္က အာလူးတင္သြင္းခြင့္ ျပဳလိုက္တာနဲ႔ အေမရိကန္ အာလူးကုန္သည္ေတြအတြက္ ကမာၻ႔ နံပါတ္ ၁ ေဈးကြက္ ျဖစ္သြားပါတယ္။
အေမရိကန္ အာလူးတင္ပို႔မႈ ကမာၻထိပ္တန္း၁၀ႏိုင္ငံထဲမွာ ခ်က္ျခင္းကို ထိပ္ဆုံးေရာက္သြားပါတယ္။ အေမရိကန္က အာလူးစိုက္ ေဒသျဖစ္တဲ့ အိုင္ဒါဟို ျပည္နယ္က အာလူးေကာ္မရွင္ ဥကၠဌ ဖရန႔္မူေရးက “တကယ့္အခြင့္အေရးေကာင္းႀကီးပါဗ်ာ။
က်ေနာ္တို႔ အတြက္ ကုေဋ ၃၇၀ ေက်ာ္ဖိုး တင္ပို႔ခြင့္ရလိုက္တယ္။ အာလူးေခ်ာင္ေၾကာ္ လုပ္ဖို႔အတြက္ အရမ္းေကာင္းတဲ့ အာလူး လတ္လတ္ ဆတ္ဆတ္ေတြပါ။ အခြံပါးၿပီး ကစီဓာတ္နည္းေအာင္ လုပ္ထားတဲ့အာလူးေတြပါ။ ေၾကာ္လိုက္တဲ့အခါမွာ အျဖဴေရာင္ျဖစ္ေနမယ္။
က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆင္ျမင့္ အာလူးေခ်ာင္ေၾကာ္ေတြ လုပ္ဖို႔အတြက္ လုပ္ထားတဲ့အာလူးေတြပါ။ ပုံမွန္ဆိုရင္ တစ္ႏွစ္ကို အာလူးတင္ပို႔မႈက သန္း၆၀ေက်ာ္ ဖိုးပဲ ဝင္ေငြ ရပါတယ္။ တ႐ုတ္တစ္ႏိုင္ငံတည္းက သန္း၂၀ေက်ာ္ဖိုး ဝယ္ယူပါတယ္။ စီးပြားေရးဆိုင္ရာ ပိတ္ဆို႔မႈေတြ ေျဖေလ်ာ့ၿပီးေနာက္မွာေတာ့ တ႐ုတ္ဘက္က ဝယ္လိုအားက ေၾကာက္ခမန္းလိလိ တိုးသြားပါတယ္။
အခုဆိုရင္ တ႐ုတ္ကုန္သည္ေတြက လာမယ့္ ႏွစ္အတြက္ေတာင္ ကန္ထ႐ိုက္လာခ်ဳပ္ေနပါတယ္။ ႏိုင္ငံျခားတိုင္းျပည္က ကုန္စိမ္းေတြကို ဝယ္တယ္ဆိုတာ အလြန္ အႏၲရာယ္ႀကီးပါတယ္။ ႏိုင္ငံျခား ကုန္စိမ္းေတြမွာ ႏိုင္ငံျခားအဖ်က္ပိုးေတြပါလာတတ္လို႔ပါ။ ဒါေပမဲ့ တ႐ုတ္ကေတာ့ ခြၽင္းခ်က္မရွိ ဝယ္သုံးတဲ့ႏိုင္ငံပါပဲ။
ေမာင္ယႆREF: upi
Photo;pixabay
Unicode
တရုတ်က ပထမဆုံးအနေနဲ့အမေရိကန်အာလူး ဝယ်ယူ
၂နိုင်ငံ သဘောတူညီမှု အဆင့် ၁ အဖြစ် အမေရိကန် အာလူးထုတ်လုပ်သူတွေက အာလူးချောင်းကြော်ပြုလုပ်ရန်အတွက် တရုတ်နိုင်ငံသို့ အာလူးများကို ပထမဆုံးအနေနဲ့ စတင် တင်ပို့ ကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ လွန်ခဲ့တဲ့ အပတ်က သုံးသပ်ချက်အရ အမေရိကန် အာလူးထုတ်လုပ်သူတွေက တရုတ်ဈေးကွက်ထဲကို အလုံးလိုက် အရင်းလိုက် တင်သွင်းနိုင်တယ်လို့ ခန့်မှန်းကြတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် အမျိုးသားအာလူးကောင်စီမှ စီအီးအို ကင်မ်ကာလီ က “တကယ့်ကို စိတ်လှုတ်ရှားစရာကောင်း တယ်ဗျာ။ တရုတ်တွေဖက်က တံခါးဖွင့်လိုက်တယ်။ ဈေးကွက်က အကြီးကြီးဖြစ်သွားတယ်။ အမေရိကန်တွေရဲ့ လတ်ဆတ်တဲ့ အာလူးတွေကို တရုတ်တွေ လက်ခံရရှိတော့မှာပါ။
ဒါက တကယ့်ကို ပထမဆုံးအကြိမ်ဖြစ်နေတယ်ဗျာ”လို့ အံ့အားတကြီးဆိုတယ်။ တရုတ်က အာလူးတင်သွင်းခွင့် ပြုလိုက်တာနဲ့ အမေရိကန် အာလူးကုန်သည်တွေအတွက် ကမ္ဘာ့ နံပါတ် ၁ ဈေးကွက် ဖြစ်သွားပါတယ်။
အမေရိကန် အာလူးတင်ပို့မှု ကမ္ဘာထိပ်တန်း၁၀နိုင်ငံထဲမှာ ချက်ခြင်းကို ထိပ်ဆုံးရောက်သွားပါတယ်။ အမေရိကန်က အာလူးစိုက် ဒေသဖြစ်တဲ့ အိုင်ဒါဟို ပြည်နယ်က အာလူးကော်မရှင် ဥက္ကဌ ဖရန့်မူရေးက “တကယ့်အခွင့်အရေးကောင်းကြီးပါဗျာ။
ကျနော်တို့ အတွက် ကုဋေ ၃၇၀ ကျော်ဖိုး တင်ပို့ခွင့်ရလိုက်တယ်။ အာလူးချောင်ကြော် လုပ်ဖို့အတွက် အရမ်းကောင်းတဲ့ အာလူး လတ်လတ် ဆတ်ဆတ်တွေပါ။ အခွံပါးပြီး ကစီဓာတ်နည်းအောင် လုပ်ထားတဲ့အာလူးတွေပါ။ ကြော်လိုက်တဲ့အခါမှာ အဖြူရောင်ဖြစ်နေမယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆင်မြင့် အာလူးချောင်ကြော်တွေ လုပ်ဖို့အတွက် လုပ်ထားတဲ့အာလူးတွေပါ။ ပုံမှန်ဆိုရင် တစ်နှစ်ကို အာလူးတင်ပို့မှုက သန်း၆၀ကျော် ဖိုးပဲ ဝင်ငွေ ရပါတယ်။ တရုတ်တစ်နိုင်ငံတည်းက သန်း၂၀ကျော်ဖိုး ဝယ်ယူပါတယ်။ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ ဖြေလျော့ပြီးနောက်မှာတော့ တရုတ်ဘက်က ဝယ်လိုအားက ကြောက်ခမန်းလိလိ တိုးသွားပါတယ်။
အခုဆိုရင် တရုတ်ကုန်သည်တွေက လာမယ့် နှစ်အတွက်တောင် ကန်ထရိုက်လာချုပ်နေပါတယ်။ နိုင်ငံခြားတိုင်းပြည်က ကုန်စိမ်းတွေကို ဝယ်တယ်ဆိုတာ အလွန် အန္တရာယ်ကြီးပါတယ်။ နိုင်ငံခြား ကုန်စိမ်းတွေမှာ နိုင်ငံခြားအဖျက်ပိုးတွေပါလာတတ်လို့ပါ။ ဒါပေမဲ့ တရုတ်ကတော့ ချွင်းချက်မရှိ ဝယ်သုံးတဲ့နိုင်ငံပါပဲ။
မောင်ယဿREF: upi
Photo;pixabay
No Comments