တြြမ္ခ႐ုက ဒူဂါေရးစေကာ့ကို ဝူဗာရိန္း မလုပ္ခိုင္း

တြမ္ခ႐ုက ဒူဂါေရးစေကာ့ကို ဝူဗာရိန္း မလုပ္ခိုင္း
Entertainment

တြမ္ခ႐ုက ဒူဂါေရးစေကာ့ကို ဝူဗာရိန္း မလုပ္ခိုင္း

ဝူဗာရိန္းဆိုတာ အေမရိကန္ ကာတြန္းစာအုပ္ထဲက လူထူးလူဆန္း တစ္ေယာက္ပါ ။ တကယ့္စြမ္းအားေတြ ပိုင္ဆိုင္ထားၿပီး သိပၸံ ဓာတ္ခြဲခန္း ထဲက ထြက္လာတဲ့ ပါဝါမန္းေတြပါ ။ X-man နဲ႔ ဆက္ႏြယ္ ေနတဲ့ သိပၸံဝတၳဳ ဇာတ္လမ္းတြဲ ေတြပါ ။ သူ႔ရဲ႕ အဓိက ပါဝါက တိုက္ခိုက္ရည္ ေကာင္းတဲ့ အျပင္ ဒဏ္ရာရ လာပါက အလိုအေလ်ာက္ ကုသႏိုင္တဲ့ စြမ္းရည္ပါပဲ ။

လိုဂန္ ျဖစ္တဲ့ ဟတ္ဂ်က္မန္းက X-man ဇာတ္လမ္းတြဲ ကို ဆက္မ႐ိုက္ႏိုင္ ေတာ့လို႔ မာဘယ္႐ုပ္ရွင္ ကုမၸဏီက ဒူဂါေရး စေကာ့ကို သူတို႔ ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္း တာကို တြမ္ခ႐ုက ဒူဂါေရးကို ဝူဗာရိန္းလို စူပါဟီ႐ိုးေတြ မလုပ္ဖို႔ တားျမစ္ လိုက္တာပါ ။

တြမ္ခ႐ု ( ၅၇ ႏွစ္ ) နဲ႔ ဒူဂါေရး ( ၅၄ ႏွစ္ ) တို႔က ၂၀၀၀ ခုႏွစ္က ႐ိုက္ခဲ့တဲ့ mission impossible 2 မွာအတူ တြဲလုပ္ဖူးၿပီး အလြန္ ရင္းႏွီးခဲ့ ၾက ပါတယ္ ။ အဲ့ဒိ ႐ုပ္ရွင္ကို ႐ိုက္ၿပီးကတည္းက တြမ္ခ႐ုက ဒီ ဇာတ္လမ္းတြဲ ေတြကို သူ႔ ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ အတြက္ ဒူဂါေရး ကို မွန္းထားတာပါ ။ ဆိုလို ခ်င္တာက မျဖစ္ႏိုင္တဲ့ စူပါ ဟီး႐ိုးေတြ လုပ္မယ့္ အစား ျဖစ္ႏိုင္ေခ် ရွိတဲ့ လူစြန႔္စားကား ေတြကို ႐ိုက္ေစ ခ်င္တာပါ ။

ဒါေၾကာင့္ တြမ္ခ႐ုက သူ႔ကို အတင္း မလုပ္ခိုင္း တာပါ ။ သူက “ တြမ္ခ႐ု ကေတာ့ က်ေနာ့္ကို အတင္း တားေန တာပါပဲ ။ က်ေနာ္ တို႔က MI ဇာတ္လမ္းတြဲ ေတြမွာ အတူတူ အလုပ္လုပ္ ေနတာပါ ။ ဒီ ဇာတ္လမ္းတြဲ ေတြမွာပဲ သူက က်ေနာ့္ကို သ႐ုပ္ေဆာင္ ေနေစခ်င္ ေနတယ္ ။ ဒီဇာတ္လမ္းတြဲ ေတြ ၿပီးတဲ့ အထိကို ႐ိုက္ေစ ခ်င္ေနတယ္ ။ က်ေနာ္က ႐ိုက္မွာပါ ။ ဒါေပမဲ့ က်ေနာ္ အျပင္ထြက္ၿပီး ကိုယ့္ဖာသာ ကိုယ္ စမ္းၾကည့္ ခ်င္ေသးတယ္ ။ က်ေနာ္ ဘယ္လို အေၾကာင္း ျပျပ သူကေတာ့ က်ေနာ္ကို ျငင္းေန တာပါပဲ ” လို႔ ဆိုတယ္ ။

ဒီ ဇာတ္ေကာင္နဲ႔ ပတ္သက္ၿပီး ေရွ႕က မင္းသား ဘယ္လို နာက်ည္းမႈေတြ ျဖစ္ခဲ့တယ္ ဆိုတာကို မသိေပမဲ့ သူ႔ အေနနဲ႔ စမ္း႐ိုက္ၾကည့္ ခ်င္ေနတဲ့ သေဘာ ရွိပါတယ္ ။ ဒူဂါေရးက ေဟာလီးဝုဒ္က နာမည္ႀကီး ဝင္ေငြ ေကာင္းတဲ့ ႐ုပ္ရွင္ေတြ ေတာ္ေတာ္ မ်ားမ်ားမွာ ႐ိုက္ခဲ့ ဘူးပါတယ္ ။ လူၾကမ္း မင္းသား အျဖစ္ကေန မင္းသား အျဖစ္ တက္လွမ္းရမယ့္အခြင့္အေရး မို႔လို႔ သူက လက္မလြတ္ခ်င္တာပါ ။ ဒါေပမဲ့ သူရဲ႕ ေရာင္းရင္းႀကီး တြမ္ခ႐ု ကေတာ့ လက္မခံဘူး ျဖစ္ေနတယ္ ။

ေမာင္ယႆ

REF: asia one / Photo;the sun

Unicode

တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း

ဝူဗာရိန်းဆိုတာ အမေရိကန် ကာတွန်းစာအုပ်ထဲက လူထူးလူဆန်း တစ်ယောက်ပါ ။ တကယ့်စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး သိပ္ပံ ဓာတ်ခွဲခန်း ထဲက ထွက်လာတဲ့ ပါဝါမန်းတွေပါ ။ X-man နဲ့ ဆက်နွယ် နေတဲ့ သိပ္ပံဝတ္ထု ဇာတ်လမ်းတွဲ တွေပါ ။ သူ့ရဲ့ အဓိက ပါဝါက တိုက်ခိုက်ရည် ကောင်းတဲ့ အပြင် ဒဏ်ရာရ လာပါက အလိုအလျောက် ကုသနိုင်တဲ့ စွမ်းရည်ပါပဲ ။

လိုဂန် ဖြစ်တဲ့ ဟတ်ဂျက်မန်းက X-man ဇာတ်လမ်းတွဲ ကို ဆက်မရိုက်နိုင် တော့လို့ မာဘယ်ရုပ်ရှင် ကုမ္ပဏီက ဒူဂါရေး စကော့ကို သူတို့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်း တာကို တွမ်ခရုက ဒူဂါရေးကို ဝူဗာရိန်းလို စူပါဟီရိုးတွေ မလုပ်ဖို့ တားမြစ် လိုက်တာပါ ။

တွမ်ခရု ( ၅၇ နှစ် ) နဲ့ ဒူဂါရေး ( ၅၄ နှစ် ) တို့က ၂၀၀၀ ခုနှစ်က ရိုက်ခဲ့တဲ့ mission impossible 2 မှာအတူ တွဲလုပ်ဖူးပြီး အလွန် ရင်းနှီးခဲ့ ကြ ပါတယ် ။ အဲ့ဒိ ရုပ်ရှင်ကို ရိုက်ပြီးကတည်းက တွမ်ခရုက ဒီ ဇာတ်လမ်းတွဲ တွေကို သူ့ နေရာမှာ သရုပ်ဆောင်ဖို့ အတွက် ဒူဂါရေး ကို မှန်းထားတာပါ ။ ဆိုလို ချင်တာက မဖြစ်နိုင်တဲ့ စူပါ ဟီးရိုးတွေ လုပ်မယ့် အစား ဖြစ်နိုင်ချေ ရှိတဲ့ လူစွန့်စားကား တွေကို ရိုက်စေ ချင်တာပါ ။

ဒါကြောင့် တွမ်ခရုက သူ့ကို အတင်း မလုပ်ခိုင်း တာပါ ။ သူက “ တွမ်ခရု ကတော့ ကျနော့်ကို အတင်း တားနေ တာပါပဲ ။ ကျနော် တို့က MI ဇာတ်လမ်းတွဲ တွေမှာ အတူတူ အလုပ်လုပ် နေတာပါ ။ ဒီ ဇာတ်လမ်းတွဲ တွေမှာပဲ သူက ကျနော့်ကို သရုပ်ဆောင် နေစေချင် နေတယ် ။ ဒီဇာတ်လမ်းတွဲ တွေ ပြီးတဲ့ အထိကို ရိုက်စေ ချင်နေတယ် ။ ကျနော်က ရိုက်မှာပါ ။ ဒါပေမဲ့ ကျနော် အပြင်ထွက်ပြီး ကိုယ့်ဖာသာ ကိုယ် စမ်းကြည့် ချင်သေးတယ် ။ ကျနော် ဘယ်လို အကြောင်း ပြပြ သူကတော့ ကျနော်ကို ငြင်းနေ တာပါပဲ ” လို့ ဆိုတယ် ။

ဒီ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ရှေ့က မင်းသား ဘယ်လို နာကျည်းမှုတွေ ဖြစ်ခဲ့တယ် ဆိုတာကို မသိပေမဲ့ သူ့ အနေနဲ့ စမ်းရိုက်ကြည့် ချင်နေတဲ့ သဘော ရှိပါတယ် ။ ဒူဂါရေးက ဟောလီးဝုဒ်က နာမည်ကြီး ဝင်ငွေ ကောင်းတဲ့ ရုပ်ရှင်တွေ တော်တော် များများမှာ ရိုက်ခဲ့ ဘူးပါတယ် ။ လူကြမ်း မင်းသား အဖြစ်ကနေ မင်းသား အဖြစ် တက်လှမ်းရမယ့်အခွင့်အရေး မို့လို့ သူက လက်မလွတ်ချင်တာပါ ။ ဒါပေမဲ့ သူရဲ့ ရောင်းရင်းကြီး တွမ်ခရု ကတော့ လက်မခံဘူး ဖြစ်နေတယ် ။

မောင်ယဿ

REF: asia one / Photo;the sun

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …