တံတောင်တိုက် နှုတ်ဆက်ပုံအသစ် နဲ့ မင်းသားဟယ်ရီ
တံတောင်တိုက် နှုတ်ဆက်ပုံအသစ် နဲ့ မင်းသားဟယ်ရီ
International-news
တံတောင်တိုက် နှုတ်ဆက်ပုံအသစ် နဲ့ မင်းသားဟယ်ရီ
မောင်ယဿ
Unicode
တံံံတောင်တိုက် နှုတ်ဆက်ပုံအသစ် နဲ့ မင်းသားဟယ်ရီ
ဥရောပမှာ က တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံတဲ့ အခါမှာ လက်ဆွဲ နှုတ်ဆက်တာတွေ ပွေ့ဖက်နှုတ်ဆက်တာတွေကို လုပ်တဲ့ အစဉ်အလာက ရှေး နှစ်ပေါင်း များစွာကတည်းက တည်ရှိခဲ့ပါတယ် ။ အခုတော့ တစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲ နှုတ်ဆက်မဲ့အစား တံတောင်ချင်း တိုက် လက်ဖျံချင်းတိုက် နှုတ်ဆက်တဲ့ အကျင့် ပေါ်လာပါတယ် ။ အကြောင်းအရင်း ကတော့ လက် ကနေတစ်ဆင့် ကော်ရိုနာ ဗိုင်းရက် ကူးစက် နိုင်တဲ့အတွက်ကြောင့်ပါပဲ ။
ဒီမနက် ( အဂါၤနေ့ ) အစောပိုင်းမှာ ဝက်စ်မင်နင်စတာ ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်တဲ့ ဘုံဓနသဟာရ ပွဲမှာ ဗြိတိန်မင်းသား ဟာရီက အဆိုတော် ခရိတ်ဒေဗစ်နဲ့ ပုံမှန် နှုတ်ဆက်မှု မဟုတ်တဲ့ တံတောင်ချင်းတိုက် နှုတ်ဆက်မှုကို လုပ်ခဲ့ကြပါတယ်။ သူတို့ ၂ဦးက တစ်ယောက်နဲ့ တွေ့ချိန်မျာ အလွန်အားရကျေနပ် နေပုံရပါတယ် ။
ဒါပေမဲ့ နိုင်ငံတကာ ယဉ်ကျေးမှု ဓလေ့ ပုံစံကို ဆန့်ကျင်ပြီး တစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိစွာ တံတောင်ချင်းတိုက် နှုတ်ဆက်ခဲ့ ကြပါတယ် ။ မင်းသားဟယ်ရီ ( ၃၅နှစ် ) က အရင်စပြီး သူ့ရဲ့တံတောင်ကို ထုတ်ပြ ခဲ့လို့ Fill Me သီချင်း အဆိုတော် ခရိတ်က တံတောင်နဲ့ ပြန်တိုက်ခဲ့ပါတယ် ။
ပွဲမှာ သူတို့ ၂ ဦး တော်တော်ကြာအောင် စကားတွေ ပြောဖြစ် ခဲ့ ကြပါတယ် ။ ဘုံဓန သဟာရ ပွဲမှာ မင်းသားဟယ်ရီက ပွဲတက်လာတဲ့ ဓနသဟာရ ဝန်ဆောင်မှု ပေးသူတွေကို လိုက်နှုတ် ဆက်ရပေမဲ့ သူတို့တွေ တစ်ဦးနဲ့ တစ်ဦး ဦးညွှတ် တာကလွဲလို့ လက်ဆွဲ နှုတ်ဆက်ခြင်း မပြုလုပ်ခဲ့ကြပါဘူး ။
အဲ့ဒိပွဲကို နေ့လယ်ပိုင်းမှာ ဝေလမင်းသားကြီးချားစ်( ၇၁ နှစ် ) တက်ရောက်ခဲ့ ပါတယ် ။ သူကလည်း ကော်ရိုနာ ဗိုင်ရက်စ် ကူးစက်ခံရမှာ ကြောက်လို့ အိန္ဒိယ စတိုင် ဦးညွှတ် လက်အုပ်ချီပြီးပဲ နှုတ်ဆက်ခဲ့ ပါတယ် ။ ပွဲတစ်ပွဲလုံးမှာလည်း တက်ရောက် သူတွေအားလုံးက တစ်ဦးနဲ့ တစ်ဦး လက်ဆွဲ နှုတ်ဆက်တဲ့ ယဉ်ကျေးမှုကို မလုပ်ကြတော့ပဲ တံတောင်တိုက် နှုတ်ဆက်မှုတွေပဲလုပ်ခဲ့ ကြပါတယ် ။ အဓိကအကြောင်းကတော့ အင်္ဂလန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၂ ယောက်တောင်ရှိနေပြီ ဖြစ်လို့ပါပဲ ။
မောင်ယဿ
REF: daily mail / Photo; BBC
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …