တဲတစ္လုံးရဖို႔အတြက္ ေက်ာက္ကပ္တစ္လုံး ေရာင္းမယ္တဲ့
- By : Phoe Linn
- Category : Life Style
- Tags: life style

တဲတစ္လုံးရဖို႔အတြက္ ေက်ာက္ကပ္တစ္လုံး ေရာင္းမယ္တဲ့
မိသားစုအတြက္ အမွီအခိုရေအာင္ စြမ္းေဆာင္ဖို႔အတြက္ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာက အဆုံးမဲ့အင္အားေတြရွိပါတယ္။ မိသားစု လုံလုံၿခဳံၿခဳံ ေလးေနရဖို႔အတြက္ သူ႔အေနနဲ႔ ျဖစ္ႏိုင္တဲ့ဘာမဆိုကို လုပ္ဖို႔ရာအတြက္ အသင့္ျဖစ္ေနတတ္ပါတယ္။
အခုေျပာျပမယ့္ အေဖတစ္ေယာက္ကေတာ့ မိသားစု ေခါင္းေပၚမွာ အမိုးေလးတစ္ခုရဖို႔အတြက္ သူ႔ခႏၲာကိုယ္က အဂၤါ တစ္ခုကို ေရာင္းခ်မယ္လို႔ ေျပာတဲ့သူပါ။ လက္ရွိ ဆီးရီးယားမွာ တိုက္ပြဲေတြျဖစ္ေနပါတယ္။
အရပ္သားေနအိမ္ အေဆာက္အအုံေတြကို အစိုးရတပ္ေတြနဲ႔ ႐ုရွား ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ေနလို႔ အရပ္သား ၉သိန္းေက်ာ္က ကုလသမဂၢ စီစဥ္ေပးထားတဲ့ ကြင္ျပင္ေတြမွာ တဲထိုးၿပီးေန ေနရပါတယ္။
ကုလသမဂၢကလည္း တဲေတြ စီစဥ္ေပးထားေပမဲ့ မလုံေလာက္တဲ့ အတြက္ အခ်ိဳ႕မိသားစုေတြက ကြင္းေျပာင္ႀကီးေတြ ေပၚမွာေန ေနရပါတယ္။ စစ္မျဖစ္ခင္က အပ္ခ်ဳပ္သမားဘဝနဲ႔ အသက္ ေမြးဝမ္းေက်ာင္းခဲ့တဲ့ ဂ်ာေမးဘာေရာက္ က ကေလး ၈ ေယာက္ ရွိေနပါတယ္။
ကေလးေတြမွာလည္း က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ျဖစ္ေနတယ္။ ဂ်ာေမးကို စစ္စျဖစ္ေတာ့ ေတာ္လွန္ေရး အုပ္စုေတြနဲ႔ ပတ္သက္မႈရွိတယ္ ဆိုၿပီးေတာ့ အစိုးရက ဖမ္းၿပီး ႏွိပ္စက္ စစ္ေဆးတာ လည္ပင္း႐ိုးက်ိဳးသြားပါတယ္။ အဲ့ဒါေၾကာင့္ သူက အလုပ္ မလုပ္ႏိုင္ေတာ့ပါဘူး။
ဒီလိုအေျခအေနမ်ိဳးနဲ႔ သူက သူ႔မိသားစုကို ေစာင့္ေရွာက္ဖို႔ရာအတြက္ မစြမ္းေဆာင္ႏိုင္ေတာ့လို႔ သူ႔မိသားစု အမိုးအကာေအာက္မွာ ေနလို႔ရေအာင္ သူ႔ရဲ႕ ေက်ာက္ကပ္တစ္လုံးကို ေရာင္းမယ္လို႔ ဆိုင္းဘုတ္တင္ၿပီး လမ္းေပၚမွာ ေရာင္းခ်ေနပါတယ္။
“က်ေနာ္တို႔ အေဆာက္အအုံေတြကို စြန႔္ၿပီးေနေနရတာ ၂၇ ရက္ ရွိေနပါၿပီ။ က်ေနာ္နဲ႔ က်ေနာ့္မိသားစုေနဖို႔အတြက္ တဲတစ္လုံးလို ေနပါတယ္။ ဒါေၾကာင့္ က်ေနာ္က က်ေနာ္ရဲ႕ ေက်ာက္ကပ္တစ္လုံးကို ေရာင္းပါမယ္။ က်ေနာ္ဖက္မွာ ဘုရားပဲ ရွိေတာ့တာ မို႔လို႔ပါ”လို႔ သူက ဆိုတယ္။
ဇာမန္နဝါ သတင္းစာထဲမွာ အဲ့ဒိအေၾကာင္းကို ေဖာ္ျပေတာ့ သူ႔ကို အကူအညီေပးမယ့္သူေတြ ေပၚလာပါတယ္။ ဒါေပမဲ့ သူက သူနဲ႔ သူ႔မိသားစုကို စစ္ပြဲနဲ႔ ေဝးရာကို ေခၚသြားဖို႔အတြက္ပဲ ေတာင္းဆိုေနပါတယ္။
သူက ေအးစက္ ဆာေလာင္ေနၿပီး ေၾကာက္စရာေကာင္းတဲ့ ဒီေျမမွာ အသက္ရွင္ရပ္တည္ဖို႔အတြက္ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ဆိုပါတယ္။ သူ႔ကေလးေတြ ေက်ာင္းမတက္ ရတာ ၂ႏွစ္ေက်ာ္ေနပါၿပီ။ ဆီးရီးယားကို ခ်စ္ေပမဲ့ ဒီလို စစ္ပြဲေတြၾကားမွာ ေနထိုင္ဖို႔အတြက္ ကေတာ့ မႏွစ္လိုေတာ့ပါဘူးလို႔ ဆိုပါတယ္။
ေမာင္ယႆ REF: world of buzz
Photo; zamanawsl
Unicode
တဲတစ်လုံးရဖို့အတွက် ကျောက်ကပ်တစ်လုံး ရောင်းမယ်တဲ့
မိသားစုအတွက် အမှီအခိုရအောင် စွမ်းဆောင်ဖို့အတွက် ဖခင်တစ်ယောက်ရဲ့ မေတ္တာက အဆုံးမဲ့အင်အားတွေရှိပါတယ်။ မိသားစု လုံလုံခြုံခြုံ လေးနေရဖို့အတွက် သူ့အနေနဲ့ ဖြစ်နိုင်တဲ့ဘာမဆိုကို လုပ်ဖို့ရာအတွက် အသင့်ဖြစ်နေတတ်ပါတယ်။
အခုပြောပြမယ့် အဖေတစ်ယောက်ကတော့ မိသားစု ခေါင်းပေါ်မှာ အမိုးလေးတစ်ခုရဖို့အတွက် သူ့ခန္တာကိုယ်က အင်္ဂါ တစ်ခုကို ရောင်းချမယ်လို့ ပြောတဲ့သူပါ။ လက်ရှိ ဆီးရီးယားမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။
အရပ်သားနေအိမ် အဆောက်အအုံတွေကို အစိုးရတပ်တွေနဲ့ ရုရှား လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေလို့ အရပ်သား ၉သိန်းကျော်က ကုလသမဂ္ဂ စီစဉ်ပေးထားတဲ့ ကွင်ပြင်တွေမှာ တဲထိုးပြီးနေ နေရပါတယ်။
ကုလသမဂ္ဂကလည်း တဲတွေ စီစဉ်ပေးထားပေမဲ့ မလုံလောက်တဲ့ အတွက် အချို့မိသားစုတွေက ကွင်းပြောင်ကြီးတွေ ပေါ်မှာနေ နေရပါတယ်။ စစ်မဖြစ်ခင်က အပ်ချုပ်သမားဘဝနဲ့ အသက် မွေးဝမ်းကျောင်းခဲ့တဲ့ ဂျာမေးဘာရောက် က ကလေး ၈ ယောက် ရှိနေပါတယ်။
ကလေးတွေမှာလည်း ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်နေတယ်။ ဂျာမေးကို စစ်စဖြစ်တော့ တော်လှန်ရေး အုပ်စုတွေနဲ့ ပတ်သက်မှုရှိတယ် ဆိုပြီးတော့ အစိုးရက ဖမ်းပြီး နှိပ်စက် စစ်ဆေးတာ လည်ပင်းရိုးကျိုးသွားပါတယ်။ အဲ့ဒါကြောင့် သူက အလုပ် မလုပ်နိုင်တော့ပါဘူး။
ဒီလိုအခြေအနေမျိုးနဲ့ သူက သူ့မိသားစုကို စောင့်ရှောက်ဖို့ရာအတွက် မစွမ်းဆောင်နိုင်တော့လို့ သူ့မိသားစု အမိုးအကာအောက်မှာ နေလို့ရအောင် သူ့ရဲ့ ကျောက်ကပ်တစ်လုံးကို ရောင်းမယ်လို့ ဆိုင်းဘုတ်တင်ပြီး လမ်းပေါ်မှာ ရောင်းချနေပါတယ်။
“ကျနော်တို့ အဆောက်အအုံတွေကို စွန့်ပြီးနေနေရတာ ၂၇ ရက် ရှိနေပါပြီ။ ကျနော်နဲ့ ကျနော့်မိသားစုနေဖို့အတွက် တဲတစ်လုံးလို နေပါတယ်။ ဒါကြောင့် ကျနော်က ကျနော်ရဲ့ ကျောက်ကပ်တစ်လုံးကို ရောင်းပါမယ်။ ကျနော်ဖက်မှာ ဘုရားပဲ ရှိတော့တာ မို့လို့ပါ”လို့ သူက ဆိုတယ်။
ဇာမန်နဝါ သတင်းစာထဲမှာ အဲ့ဒိအကြောင်းကို ဖော်ပြတော့ သူ့ကို အကူအညီပေးမယ့်သူတွေ ပေါ်လာပါတယ်။ ဒါပေမဲ့ သူက သူနဲ့ သူ့မိသားစုကို စစ်ပွဲနဲ့ ဝေးရာကို ခေါ်သွားဖို့အတွက်ပဲ တောင်းဆိုနေပါတယ်။
သူက အေးစက် ဆာလောင်နေပြီး ကြောက်စရာကောင်းတဲ့ ဒီမြေမှာ အသက်ရှင်ရပ်တည်ဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ သူ့ကလေးတွေ ကျောင်းမတက် ရတာ ၂နှစ်ကျော်နေပါပြီ။ ဆီးရီးယားကို ချစ်ပေမဲ့ ဒီလို စစ်ပွဲတွေကြားမှာ နေထိုင်ဖို့အတွက် ကတော့ မနှစ်လိုတော့ပါဘူးလို့ ဆိုပါတယ်။
မောင်ယဿ REF: world of buzz
Photo; zamanawsl
No Comments