တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်

တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်
International-news

တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်

အချို့ ကိစ္စတွေက ခေါင်းမမာသင့်ဘဲ ခေါင်းမာခဲ့ရင် အသက်အန္တရာယ်နဲ့ ကြုံရတတ်တယ် ဆိုတာ ကို ယီမင် နိုင်ငံမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေး တစ်ခုက သက်သေ ခံသွားပါတယ်။ တောင်ပေါ်မှာ မိုးညို နေပြီဆိုရင် တောင်ကျချောင်းတွေက အချိန်မရွေး အန္တရာယ်ရှိတယ် ဆိုတာကို ဒေသခံတွေပဲ သိကြပါတယ်။

တောင်ကျ ချောင်း တွေကို ကြည့်လိုက်ရင် ရေတိမ်တိမ်ကလေးတွေနဲ့ ရေစီးက ညင်ညင် သာသာလေး တွေပါ ။ တောင်ကျချောင်းကို ဖြတ်ကူးတဲ့ အခါမှာ ဒေသခံတွေရဲ့ စကားကို နားထောင်ရ ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင် အောက်ဖော်ပြပါ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရတဲ့အတိုင်း ကြေကွဲစရာ အဖြစ်နဲ့ ကြုံတွေ့ လိုက်ရမှာပါ။

တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်1

မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့တဲ့ ယီမင်နိုင်ငံက ရေကြီးမှုမှာ လူပေါင်း ၁၃၀ထက်မက သေဆုံးမှု ဖြစ်ခဲ့ပြီး အိမ်ပေါင်း ၂၆၀ကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။ အဲ့ဒိ ဖြစ်စဉ်တွေထဲက တစ်ခုကတော့ တကယ့်ကို ကြေကွဲစရာ ကောင်းပါတယ်။ ခရီးသည် မိသားစုတစ်စုက ဂျစ်ကားနဲ့ တောင်ကျ ချောင်းတစ်ခုကို ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒေသခံတွေကတော့ ဒီလို အချိန်မှာ ချောင်းကို မကူးတာ အကောင်းဆုံးပဲ ရေကျသွားမှ ကူသင့်တယ်လို့ ယာဉ်မောင်းအမျိုးသားကို ချောင်းဖြတ်မကူးခင်မှာ အသိပေး ခဲ့ပါတယ်။ ချောင်းက ဘယ်တော့ ရေကျမလဲလို့ မေးတော့ ဒေသခံတွေက သူတို့လည်းမသိဘူး တစ်ခါတစ်လေ ၂ရက် ၃ရက် ကြာတတ်တယ်လို့ ပြောပါတယ်။

တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်2

အဲ့ဒိအချိန်က ချောင်းရေက သိပ်မတိုးသေးပါဘူး။ ရေ တွေက တော့ စီးနေပါပြီး ဂျစ်ကားနဲ့ ဖြတ်ကူးလို့ရတဲ့ အနေအထား ရှိနေလို့ ယာဉ်မောင်းက ကားကို ချောင်းထဲဆင်ပြီး ဖြတ်ကူးဖို့ လုပ်ပါတယ်။ ကားက ချောင်းလယ်ကို ရောက်တဲ့ အချိန်ရောက်တော့ ရေကတိုး လာပြီး အရှိန်လည်း များလာပါတယ်။

ယာဉ်မောင်းက ကားကို ထိန်းရင်နဲ့က ရေအား မတရားတိုးလာလို့ ကားက ရေစီးထဲကို မျောပါ သွားပါတယ်။ ကြည့်နေရင်မှာပဲ ကားထဲက မိခင်တစ်ယောက်ခေါင်း ထွက်လာပြီး အကူအညီ အော်တောင်းတာကို တွေ့ရပါတယ်။ အဲ့ဒိနောက်မှာတော့ ဂျစ်ကားက ရေစီးထဲမှာ ဒလိမ့်ခေါက်ကွေး နဲ့ မျောပါသွားတော့ တာပါပဲ။

တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်3

မိသားစု ၆ယောက်မှာ ယာဉ်မောင်းဖြစ်တဲ့ ဖခင်တစ်ယောက်ပဲ လွတ်မြောက် သွားပါတယ်။ မိသားစု ၆ယောက်မှာ ကလေး ၃ယောက်ရဲ့ အလောင်းကိုပဲ ပြန်ရှာတွေ့ ပါသေးတယ်။ တောင်ကျ ချောင်းဆိုတာက အစိုးမရတဲ့ အရာတွေ အပြည့်ပါပဲ။

မောင်ယဿ, REF: world of buzz, Photo; Almanara




တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်4



တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ်5





No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …