တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်လို့ ရုရှား ကဗုံကျဲလေယာဉ်တွေ ၊တရုတ်က စစ်သင်္ဘောတွေလွှတ်ခဲ့
တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်လို့ ရုရှား ကဗုံကျဲလေယာဉ်တွေ ၊တရုတ်က စစ်သင်္ဘောတွေလွှတ်ခဲ့
International-news
တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်လို့ ရုရှား ကဗုံကျဲလေယာဉ်တွေ ၊တရုတ်က စစ်သင်္ဘောတွေလွှတ်ခဲ့
မောင်ယဿ ( သြဂုတ် ၁၈ )
ဒီအပတ်အတွင်း မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေစဉ်မှာ ရုရှားက သူတို့ရဲ့ Tu 15 Ms ဗုံးကျဲလေယာဉ် ၂စင်းကို ကိုရီးယားကျွန်ဆွယ်နားက နိုင်ငံတကာ လေပိုင်နက်ထဲမှာ ပျံဝဲနေခဲ့ပြီး တရုတ်နိုင်ငံကလည်း သူတို့ရဲ့ တိုက်ရေယာဉ်တွေကို ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြား နိုင်ငံတကာ ရေပိုင်နက်ထဲကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဂျပန်ကာကွယ်ရေးတပ် စစ်ရေးချုပ်ရုံး ရဲ့အဆိုအရ တရုတ်တွေရဲ့ စစ်ရေယာဉ် ၀၅၆ ကော်ဗက်တီ ဂျင်ဒေါင်း အမျိုးအစားက ဂျပန်ပိုင်ကျွန်း ဆူရှီမားကျွန်းနားကနေ စနေနေ့ နေ့လည် ၁နာရီလာက်က ဖြတ်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒိသဘောင်္နောက်မှာ တရုတ် ကင်းထောက်ရေယာဉ်တွေရယ် ကင်းလှည့်ရေယာဉ်တွေ တော်တော်များများ ဖြတ်သွားတယ်လို့လည်း ဆိုပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် ၂စင်းကို ဂျပန်နိုင်ငံနဲ့ ကိုရီးယားကျွန်းဆွယ်ကြားက ကြားနေဇုံထဲမှာ ပျံဝဲခိုင်း ထားခဲ့ တယ်လို့ ကြေညာပါတယ်။ အဲ့ဒိဗုံးကျဲ လေယာဉ် တွေ ပံျံသန်း နိုင်ဖိုကအတွက် SU35 တိုက်လေယာဉ်တွေ လည်း တွဲဖက်ပါဝင်ခဲ့ပါတယ်။
ရုရှားတွေက အဲ့ဒိဗုံးကျဲလေယာဉ်တွေ လွှတ်လိုက်တာက အကြို စစ်ဆင်ရေး သဘောလောက်ပဲ ရှိပါသေး တယ်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ စစ်ရေးလေ့ကျင့်တာကို စောင့်ကြည့်တဲ့အဆင့်ပဲ ရှိပါသေးတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှု က ပြီးခဲ့တဲ့ လက စပြီး သြဂုတ် လ ၂၆ ရက်နေ့မှာ အဆုံးသတ်မှာပါ။ အဲ့လို စစ်ရေးလေ့ကျင့်မှုနားကို တရုတ်တွေ ဝင်ရောက်မှုကတော့ ရှားပါးဖြစ်စဉ်ပါပဲ။
ဒါပေမဲ့ ပြီးခဲ့တဲ့ လတုန်းကတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ နိုင်ငံနားကို လာပြီး အမေရိကန်တွေ စစ်ရေးလေ့ကျင့်မှု လုပ်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။
အပြန်အလှန်အားဖြင့် တရုတ်နဲ့ ရုရှားတို့ပူပေါင်းပြီး အာဖဂန်နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒိနေရာ နဲ့ အမေရိကန်တွေရဲ့ အာဖဂန်အတွင်း က စစ်စခန်းနဲ့ ကီလိုမီတာ အနည်းငယ်သာဝေးပါတယ်။
REF: UPI,Photo:Credit  UPI
Zawgyi
တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်လို့ ရုရှား ကဗုံကျဲလေယာဉ်တွေ ၊တရုတ်က စစ်သင်္ဘောတွေလွှတ်ခဲ့
တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်လို့ ရုရှား ကဗုံကျဲလေယာဉ်တွေ ၊တရုတ်က စစ်သင်္ဘောတွေလွှတ်ခဲ့
မောင်ယဿ ( သြဂုတ် ၁၈ )
REF: UPI
Photo: UPI
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …