တောင်ကိုရီးယား မြို့တော် ကကျောင်းတွေ ပြန်ပိတ်လိုက်ရပြီ

တောင်ကိုရီးယား မြို့တော် ကကျောင်းတွေ ပြန်ပိတ်လိုက်ရပြီ
International-news

တောင်ကိုရီးယား မြို့တော် ကကျောင်းတွေ ပြန်ပိတ်လိုက်ရပြီ

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ဆိုလ်မြို့ နဲ့ အနီးတစ်ဝိုက်မြို့ ဆင်ခြေဖုံး အရပ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေ အားလုံး ပြန်ပိတ်ဖို့အတွက် ပညာရေးဝန်ကြီး ဌာနက အင်္ဂါ နေ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။

စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့ လာပြီ ဖြစ်တဲ့အတွက် ကျောင်းတွင်း စာသင်ကြားမှု တွေကို ရပ်ဆိုင်းပြီး အွန်လိုင်းမှ သင်ကြားမှုတွေကို ပြန်လုပ်ရန် ဝန်ကြီး ဌာနက ဆိုပါတယ်။

တောင်ကိုရီးယား မြို့တော် ကကျောင်းတွေ ပြန်ပိတ်လိုက်ရပြီ1

ကိုရီးယာ ရောဂါထိန်းချုပ်မှု နဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ အစီရင်ခံစာအရ တစ်နိုင်ငံလုံးမှာ ရောဂါပိုး ကူးစက်ခံရသူ ၁၇၉၅၄ဦး ရှိပြီး ၃၁၀ဦး သေဆုံးခဲ့ရာ တနင်္လာနေ့ တစ်ရက်ထဲ ဆေးစစ်ချက်အရ ၂၈၀ဦး ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လအစောပိုင်း ကတည်းကနေ ဒီကနေ့အထိ နေ့စဉ် ဆေးစစ်မှုတွေကို ပြုလုပ်နေရာ ပြီးခဲ့တဲ့ စနေနေ့ တစ်ရက်တည်း ၃၉၇ ဦး ပိုး တွေ့ရှိခဲ့လို့ အမြင့်ဆုံး ကူးစက်မှု စံချိန် တင်ခဲ့ပေမဲ့ နောက်ပိုင်း ပိုးတွေ့ရှိသူ နည်းလာပါတယ်။

ရောဂါပိုးတွေ့ရှိသူ အများစုမှာ လူဦးရေ ထူထပ်တဲ့ ဒေသတွေက ဖြစ်ပြီး အစိုးရက ပြည်သူတွေကို အိမ်မှာနေဖို့ နဲ့ အသွားအလာ ထိန်းချုပ်ဖို့အတွက် ကန့်သတ်ထားပါတယ်။

တောင်ကိုရီးယား မြို့တော် ကကျောင်းတွေ ပြန်ပိတ်လိုက်ရပြီ2

ပညာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၁ရက်နေ့ မတိုင်မချင်း ဂွန်ဂျီပြည်နယ်အတွင်းရှိကျောင်များ အားလုံး ၊ အင်ချွန်းနဲ့ ဆိုးလ်မြို့များရှိ ကျောင်းများအားလုံး မှ အထက်တန်း စီနီယာကျောင်းသားတွေက လွဲလို့ ကျန်တဲ့ ကျောင်းသားတွေ ကို အွန်လိုင်းကပဲ သင်ကြားမှု ပြုလုပ်ဖို့အတွက် အမိန့်ထုတ်ထားပါတယ်။

ဖေဖော်ဝါရီမှာ တောင်ကိုရီးယားက ကိုဗစ်-၁၉ ဗိုင်းရက် ကူးစက်မှု အမြင့်ဆုံး ဖြစ်ခဲ့ပြီးနောက် နွေဦးရာသီ စာမေးပွဲများကို ရွေ့ဆိုင်းခဲ့ရပါတယ်။

တောင်ကိုရီးယား မြို့တော် ကကျောင်းတွေ ပြန်ပိတ်လိုက်ရပြီ3

မေ ၂၀ ကနေ ဇွန် ၁ရက်နေ့အတွင်း ကျောင်းများကို ပြန်လည် ဖွင့်လှစ် နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ လက ကျောင်းသား ၁၅၀နဲ့ ပညာရေးဝန်ထမ်း ၄၃ဦး ရောဂါပိုး ကူးစက်ခံရလို့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ရောဂါပိုး ကူးစက်နေတဲ့ ဒေသတွေမှာကျောင်းတွေကို ပြန်ပိတ်ဖို့အတွက် အမိန့် ထုတ်ခဲ့ရတာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။

ဆိုးလ်မြို့တော်ဝန်ကလည်း အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတိုင်းမှာ မက်စ် တပ်ဖို့ ဘုရားကျောင်းတွေ နိုက်ကလပ်တွေ ကာရာအိုကေ ဘားတွေနဲ့ အခြား လူစုလူဝေးပြုလုပ်နိုင်တဲ့ နေရာတွေ စီးပွားရေး လုပ်ငန်းတွေ အားလုံး ပိတ်ထားဖို့ အမိန့်ပေးထား ပါတယ်။

မောင်ယဿ, REF: ZEE NEWS, Photo; the pinisula quater

Zawgyi

ေတာင္ကိုရီးယား ၿမိဳ႕ေတာ္ ကေက်ာင္းေတြ ျပန္ပိတ္လိုက္ရၿပီ

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ျဖစ္တဲ့ ဆိုလ္ၿမိဳ႕ နဲ႔ အနီးတစ္ဝိုက္ၿမိဳ႕ ဆင္ေျခဖုံး အရပ္ေတြမွာရွိတဲ့ စာသင္ေက်ာင္းေတြ အားလုံး ျပန္ပိတ္ဖို႔အတြက္ ပညာေရးဝန္ႀကီး ဌာနက အဂၤါ ေန႔က အမိန႔္ထုတ္ျပန္ လိုက္ပါတယ္။

စာသင္ေက်ာင္းေတြမွာ ကိုဗစ္-၁၉ ေရာဂါ ျပန႔္ႏွံ႔ လာၿပီ ျဖစ္တဲ့အတြက္ ေက်ာင္းတြင္း စာသင္ၾကားမႈ ေတြကို ရပ္ဆိုင္းၿပီး အြန္လိုင္းမွ သင္ၾကားမႈေတြကို ျပန္လုပ္ရန္ ဝန္ႀကီး ဌာနက ဆိုပါတယ္။

ကိုရီးယာ ေရာဂါထိန္းခ်ဳပ္မႈ နဲ႔ ကာကြယ္တားဆီးေရးဌာနရဲ႕ အစီရင္ခံစာအရ တစ္ႏိုင္ငံလုံးမွာ ေရာဂါပိုး ကူးစက္ခံရသူ ၁၇၉၅၄ဦး ရွိၿပီး ၃၁၀ဦး ေသဆုံးခဲ့ရာ တနလၤာေန႔ တစ္ရက္ထဲ ေဆးစစ္ခ်က္အရ ၂၈၀ဦး ပိုး ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

မတ္လအေစာပိုင္း ကတည္းကေန ဒီကေန႔အထိ ေန႔စဥ္ ေဆးစစ္မႈေတြကို ျပဳလုပ္ေနရာ ၿပီးခဲ့တဲ့ စေနေန႔ တစ္ရက္တည္း ၃၉၇ ဦး ပိုး ေတြ႕ရွိခဲ့လို႔ အျမင့္ဆုံး ကူးစက္မႈ စံခ်ိန္ တင္ခဲ့ေပမဲ့ ေနာက္ပိုင္း ပိုးေတြ႕ရွိသူ နည္းလာပါတယ္။

ေရာဂါပိုးေတြ႕ရွိသူ အမ်ားစုမွာ လူဦးေရ ထူထပ္တဲ့ ေဒသေတြက ျဖစ္ၿပီး အစိုးရက ျပည္သူေတြကို အိမ္မွာေနဖို႔ နဲ႔ အသြားအလာ ထိန္းခ်ဳပ္ဖို႔အတြက္ ကန႔္သတ္ထားပါတယ္။

ပညာေရးဝန္ႀကီးဌာနက စက္တင္ဘာလ ၁၁ရက္ေန႔ မတိုင္မခ်င္း ဂြန္ဂ်ီျပည္နယ္အတြင္းရွိေက်ာင္မ်ား အားလုံး ၊ အင္ခြၽန္းနဲ႔ ဆိုးလ္ၿမိဳ႕မ်ားရွိ ေက်ာင္းမ်ားအားလုံး မွ အထက္တန္း စီနီယာေက်ာင္းသားေတြက လြဲလို႔ က်န္တဲ့ ေက်ာင္းသားေတြ ကို အြန္လိုင္းကပဲ သင္ၾကားမႈ ျပဳလုပ္ဖို႔အတြက္ အမိန႔္ထုတ္ထားပါတယ္။

ေဖေဖာ္ဝါရီမွာ ေတာင္ကိုရီးယားက ကိုဗစ္-၁၉ ဗိုင္းရက္ ကူးစက္မႈ အျမင့္ဆုံး ျဖစ္ခဲ့ၿပီးေနာက္ ေႏြဦးရာသီ စာေမးပြဲမ်ားကို ေ႐ြ႕ဆိုင္းခဲ့ရပါတယ္။

ေမ ၂၀ ကေန ဇြန္ ၁ရက္ေန႔အတြင္း ေက်ာင္းမ်ားကို ျပန္လည္ ဖြင့္လွစ္ ႏိုင္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ လက ေက်ာင္းသား ၁၅၀နဲ႔ ပညာေရးဝန္ထမ္း ၄၃ဦး ေရာဂါပိုး ကူးစက္ခံရလို႔ ပညာေရးဝန္ႀကီးဌာန အေနနဲ႔ ေရာဂါပိုး ကူးစက္ေနတဲ့ ေဒသေတြမွာေက်ာင္းေတြကို ျပန္ပိတ္ဖို႔အတြက္ အမိန႔္ ထုတ္ခဲ့ရတာ ျဖစ္တယ္လို႔ ပညာေရးဝန္ႀကီးက ဆိုပါတယ္။

ဆိုးလ္ၿမိဳ႕ေတာ္ဝန္ကလည္း အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ ေနရာတိုင္းမွာ မက္စ္ တပ္ဖို႔ ဘုရားေက်ာင္းေတြ ႏိုက္ကလပ္ေတြ ကာရာအိုေက ဘားေတြနဲ႔ အျခား လူစုလူေဝးျပဳလုပ္ႏိုင္တဲ့ ေနရာေတြ စီးပြားေရး လုပ္ငန္းေတြ အားလုံး ပိတ္ထားဖို႔ အမိန႔္ေပးထား ပါတယ္။

ေမာင္ယႆ, REF: ZEE NEWS, Photo; the pinisula quater

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …