တောင်ကိုရီးယားမှာ ဘေ့စ်ဘောပွဲတွေကို ပွဲကြည့် ပရိသတ်နဲ့အတူ ပြန်လည်စတင်ကျင်းပ

ေတာင္ကိုရီးယားမွာ ေဘ့စ္ေဘာပြဲေတြကို ပြဲၾကည့္ ပရိသတ္နဲ႔အတူ ျပန္လည္စတင္က်င္းပ
Sport

တောင်ကိုရီးယားမှာ ဘေ့စ်ဘောပွဲတွေကို ပွဲကြည့် ပရိသတ်နဲ့အတူ ပြန်လည်စတင်ကျင်းပ

တောင်ကိုရီးယား ဘေ့စ်ဘော အဖွဲ့ချုုပ်က ပရိသတ် ရဲ့ တောင်းဆိုမှုအရ ၂၀၁၉- ၂၀၂၀ ရာသီ လက်ကျန်ပွဲ တွေကို ပြန်လည်ကျင်းပတဲ့ နေရာမှာ ပရိသတ်တွေကို ကွင်းအတွင်း လာရောက်အားပေး ခွင့်ပြုခဲ့ပါတယ် ။

ေတာင္ကိုရီးယားမွာ ေဘ့စ္ေဘာပြဲေတြကို ပြဲၾကည့္ ပရိသတ္နဲ႔အတူ ျပန္လည္စတင္က်င္းပ1

တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါပြန်နှံ့ မှု မတည်ငြိမ်သေးပေမဲ့ ပရိသတ်က ဆိုရှယ်ဒစ္စတန့် နဲ့ လာရောက် အားပေးမှာဖြစ်လို့ တစ်ရာသီအတွင်း ပွဲ ၁၄၄ ပွဲမှာ လက်မှတ်ရောင်းပြီးသား လက်ကျန်ပွဲတွေကို ပရိသတ်နဲ့အတူ ကျင်းပနေပါတယ် ။

စစချင်း ပရိသတ်မရှိဘဲ ကျင်းပနေရာက ပရိသတ်ကို ဝင်ရောက် အားပေးခွင့်ပြုလိုက်တဲ့အခါမှာ ပြိုင်ပွဲတွေက ပိုမို အကြိတ်အနယ်ရှိလာပါတယ်လို့ သိရပါတယ် ။ အဖွဲ့ ချုပ်နဲ့ ကျန်းမာရေး ဝန်ကြီးဌာနတို့ညှိနှိုင်းပြီး ပရိသတ်တွေအတွက် အားကစားကွင်း တံခါးဖွင့်ပေး လိုက်တာပါ ။

ဒီအပတ် တနင်္ဂနွေမှာကစားတဲ့ ပွဲ တွေအတွက် ကွင်း ၅ကွင်းမှာ ၃ကွင်းကို ပရိသတ်တွေ လာရောက်အားပေးခြင်းကို လက်ခံခဲ့ပါတယ် ။ ကျန်းမာရေး ဝန်ကြီးဌာနက လာရောက် အားပေးသူ ၁၀% ကို ကွင်းအတွင်းသို့ ဝင်ရောက်ခွင့် ပေးခဲ့ပါတယ် ။

တောင်ကိုရီးယား ဘေ့စ်ဘော အဖွဲ့ချုပ်ဥက္ကဋ္ဌ ကတော့ မကြာခင်ကာလအတွင်းမှာ ပရိသတ်တွေကို ကွင်း အတွင်း လာရောက်အားပေးနိုင်အောင် စီစဉ်နေပါတယ် ။

ေတာင္ကိုရီးယားမွာ ေဘ့စ္ေဘာပြဲေတြကို ပြဲၾကည့္ ပရိသတ္နဲ႔အတူ ျပန္လည္စတင္က်င္းပ2

လောလောဆယ်မှာတော့ စမ်းသပ် ကာလ ဖြစ်နေတဲ့အတွက် ခေတ္တ ခဏ သည်းခံပေးစေလိုကြောင်း ပရိသတ်တွေရဲ့ ကျန်းမာရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လုံခြုံစိတ်ချရတဲ့အစီအစဉ်တွေ ရပြီဆိုတာ နဲ့ ခွင့်ပြုပေးမယ်လို့ ဆိုပါတယ် ။

လက်ရှိမှာ ခုံ ၂၅၀၀၀ ရှိတဲ့ ကွင်းတွေမှာ ခုံအရေအတွက် ရဲ့ ၁၀% နှုန်း ဖြစ်တဲ့ ၂၅၀၀ ကိုဝင်ခွင့်ပေးခဲ့ပါတယ် ။ လက်ကျန်ပွဲ ၇၀ လောက်ကို လက်မှတ်တွေက အကုန်နီးပါးရောင်းချထားတဲ့အတွက် လက်မှတ် ဝယ်ယူထားတဲ့ ပရိသတ်တွေကို ကွင်း အတွင်း လာရောက်အားပေးခွင့် မဆုံးရှုံးရအောင် စီစဉ်နေတာပါ ။

လာမယ့် သီတင်းပတ်ပြိုင်ပွဲတွေအတွက် ပရိသက် ၂၅% ဝင်ရောက် အားပေးခွင့်ရအောင် အစီအစဉ်တွေကို လုပ်နေပါတယ် ။ ပရိသတ်တွေရှိလေ ကစားသမားတွေ ရဲ့ လုပ်အားနှုန်းက ပိုကောင်း လာတာကိုတွေ့ရပါတယ် ။

နောက်ပြီးတော့ ပရိသတ်တွေက အသင်းရဲ့ သီချင်းတွေကို ဆိုပြီး ဟစ်ကြွေးကြလို့ ရုန်းအားတွေ ပိုတက်လာ တာကိုလည်း မြင်ရပါတယ်လို့လည်း အဖွဲ့ချုပ်က ဆိုပါတယ် ။

မောင်ယဿ
REF: UPi , Photo; UPI

Zawgyi

ေတာင္ကိုရီးယားမွာ ေဘ့စ္ေဘာပြဲေတြကို ပြဲၾကည့္ ပရိသတ္နဲ႔အတူ ျပန္လည္စတင္က်င္းပ

ေတာင္ကိုရီးယား ေဘ့စ္ေဘာ အဖြဲ႕ခ်ဳုပ္က ပရိသတ္ ရဲ႕ ေတာင္းဆိုမႈအရ ၂၀၁၉- ၂၀၂၀ ရာသီ လက္က်န္ပြဲ ေတြကို ျပန္လည္က်င္းပတဲ့ ေနရာမွာ ပရိသတ္ေတြကို ကြင္းအတြင္း လာေရာက္အားေပး ခြင့္ျပဳခဲ့ပါတယ္ ။

ေတာင္ကိုရီးယားမွာ ေဘ့စ္ေဘာပြဲေတြကို ပြဲၾကည့္ ပရိသတ္နဲ႔အတူ ျပန္လည္စတင္က်င္းပ3

ေတာင္ကိုရီးယားမွာ ကိုဗစ္-၁၉ ေရာဂါျပန္ႏွံ႔ မႈ မတည္ၿငိမ္ေသးေပမဲ့ ပရိသတ္က ဆိုရွယ္ဒစၥတန႔္ နဲ႔ လာေရာက္ အားေပးမွာျဖစ္လို႔ တစ္ရာသီအတြင္း ပြဲ ၁၄၄ ပြဲမွာ လက္မွတ္ေရာင္းၿပီးသား လက္က်န္ပြဲေတြကို ပရိသတ္နဲ႔အတူ က်င္းပေနပါတယ္ ။

စစခ်င္း ပရိသတ္မရွိဘဲ က်င္းပေနရာက ပရိသတ္ကို ဝင္ေရာက္ အားေပးခြင့္ျပဳလိုက္တဲ့အခါမွာ ၿပိဳင္ပြဲေတြက ပိုမို အႀကိတ္အနယ္ရွိလာပါတယ္လို႔ သိရပါတယ္ ။ အဖြဲ႕ ခ်ဳပ္နဲ႔ က်န္းမာေရး ဝန္ႀကီးဌာနတို႔ညႇိႏႈိင္းၿပီး ပရိသတ္ေတြအတြက္ အားကစားကြင္း တံခါးဖြင့္ေပး လိုက္တာပါ ။

ဒီအပတ္ တနဂၤေႏြမွာကစားတဲ့ ပြဲ ေတြအတြက္ ကြင္း ၅ကြင္းမွာ ၃ကြင္းကို ပရိသတ္ေတြ လာေရာက္အားေပးျခင္းကို လက္ခံခဲ့ပါတယ္ ။ က်န္းမာေရး ဝန္ႀကီးဌာနက လာေရာက္ အားေပးသူ ၁၀% ကို ကြင္းအတြင္းသို႔ ဝင္ေရာက္ခြင့္ ေပးခဲ့ပါတယ္ ။

ေတာင္ကိုရီးယား ေဘ့စ္ေဘာ အဖြဲ႕ခ်ဳပ္ဥကၠ႒ ကေတာ့ မၾကာခင္ကာလအတြင္းမွာ ပရိသတ္ေတြကို ကြင္း အတြင္း လာေရာက္အားေပးႏိုင္ေအာင္ စီစဥ္ေနပါတယ္ ။

ေလာေလာဆယ္မွာေတာ့ စမ္းသပ္ ကာလ ျဖစ္ေနတဲ့အတြက္ ေခတၱ ခဏ သည္းခံေပးေစလိုေၾကာင္း ပရိသတ္ေတြရဲ႕ က်န္းမာေရး အတြက္ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ လုံၿခဳံစိတ္ခ်ရတဲ့အစီအစဥ္ေတြ ရၿပီဆိုတာ နဲ႔ ခြင့္ျပဳေပးမယ္လို႔ ဆိုပါတယ္ ။

ေတာင္ကိုရီးယားမွာ ေဘ့စ္ေဘာပြဲေတြကို ပြဲၾကည့္ ပရိသတ္နဲ႔အတူ ျပန္လည္စတင္က်င္းပ4

လက္ရွိမွာ ခုံ ၂၅၀၀၀ ရွိတဲ့ ကြင္းေတြမွာ ခုံအေရအတြက္ ရဲ႕ ၁၀% ႏႈန္း ျဖစ္တဲ့ ၂၅၀၀ ကိုဝင္ခြင့္ေပးခဲ့ပါတယ္ ။ လက္က်န္ပြဲ ၇၀ ေလာက္ကို လက္မွတ္ေတြက အကုန္နီးပါးေရာင္းခ်ထားတဲ့အတြက္ လက္မွတ္ ဝယ္ယူထားတဲ့ ပရိသတ္ေတြကို ကြင္း အတြင္း လာေရာက္အားေပးခြင့္ မဆုံးရႈံးရေအာင္ စီစဥ္ေနတာပါ ။

လာမယ့္ သီတင္းပတ္ၿပိဳင္ပြဲေတြအတြက္ ပရိသက္ ၂၅% ဝင္ေရာက္ အားေပးခြင့္ရေအာင္ အစီအစဥ္ေတြကို လုပ္ေနပါတယ္ ။ ပရိသတ္ေတြရွိေလ ကစားသမားေတြ ရဲ႕ လုပ္အားႏႈန္းက ပိုေကာင္း လာတာကိုေတြ႕ရပါတယ္ ။

ေနာက္ၿပီးေတာ့ ပရိသတ္ေတြက အသင္းရဲ႕ သီခ်င္းေတြကို ဆိုၿပီး ဟစ္ေႂကြးၾကလို႔ ႐ုန္းအားေတြ ပိုတက္လာ တာကိုလည္း ျမင္ရပါတယ္လို႔လည္း အဖြဲ႕ခ်ဳပ္က ဆိုပါတယ္ ။

ေမာင္ယႆ
REF: UPi , Photo; UPI

No Comments

Leave a Reply

Your email address will not be published.

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ
Sport
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေထဲ က ပွဲစဉ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲ ကစားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပွဲစဉ် သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အနေနဲ့ သမိုင်မှတ်တမ်း တစ်ခုကို ရေးထိုးလိုက်တာက ဘိုင်ယန်မြူးနစ် အသင်းပါပဲ။ ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၈ဂိုး သွင်းယူလိုက်တာက သမိုင်းမှတ်တမ်း ဝင်သွားပါတယ်။ ဘာစီလိုနာအသင်းကလည်း နှစ်၆၀ ကျော် ထိန်းသိမ်းလာတဲ့ ၁၉၄၆ ခုနှစ်ကတည်းက ဂိုးပြန် မရှုံးဖူးတဲ့ စံချိန်ကို ဒီပွဲမှာ ချိုးပြလိုက်တာပါပဲ။ ပွဲစလို့ ၁၀မိနစ် အတွင်းမှာ …

လာမယ့္ အပတ္ထဲမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ကြာတာဖိုင္နယ္ပြဲစဥ္မ်ား
Sport
လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ

လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ စဉ်တွေထဲက ဒုတိယအကျော့ ပြန်ကန်ပွဲတွေ ကစားပြီးနောက်မှာတော့ စပိန် နာမည်ကြီး ရီရယ်မက်ဒရစ်ကို အင်္ဂလန်ကလပ် မန်စီတီးက အနိုင်ယူပြီး အီတလီက စီရီးအေဘီလူးကြီး ဂျူဗင်တပ်ကို ပြင်သစ်အသင်း လိုင်းယွန်းက အနိုင်ယူခဲ့ကာ ကွာတာဖိုင်နယ်မှာ တွေ့ ဆုံ ကြတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ချန်ပီယံလိဂ် ဘောလုံပွဲတွေ မနားခင် ဖေဖော်ဝါရီလအတွင်းက မန်စီတီးကွင်းမှာ မန်စီတီးက ရီရဲမက်ဒရစ်အသင်းကို ကို ၂-၁ဂိုးနဲ့ အနိုင်ယူ ထားတာကို ရီရဲက အိမ်ကွင်းမှာ အနိုင်အဖြစ် မပြောင်း နိုင်ဘဲ ၂-၁ဂိုးနဲ့ ထပ်ရှုံးလို့ ၂ပွဲပေါင်း …