တူရကီမွာ ကမာၻေျမ ေသြးေခ်ာင္းစီးသလိုျဖစ္ေန

တူရကီမွာ ကမာၻေျမ ေသြးေခ်ာင္းစီးသလိုျဖစ္ေန
International-news

တူရကီမွာ ကမာၻေျမ ေသြးေခ်ာင္းစီးသလိုျဖစ္ေန

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၄ ရက္ေန႔က တူရကီ အေရွ႕ပိုင္း အယ္လာဇစ္ျပည္နယ္မွာ ရစ္ခ်က္စတာစေကး ၆.၈ ရွိတဲ့ ငလ်င္တစ္ခု လုွတ္ခဲ့ပါတယ္။ မေန႔က ငလ်င္လႈတ္ၿပီးေတာ့ ျဖစ္လာတဲ့ ေျမ အက္ကြဲေၾကာင္းေတြထဲကေန ေသြးနဲ႔တူတဲ့ အနီေရာင္ေရ ေတြက တလေဟာ ထြက္ က်လာ ပါတယ္။ ငလ်င္ေၾကာင့္ ထိပ္လန႔္ေနတဲ့ လူေတြက ေသြးေရ စီးေၾကာင္းေတြေၾကာင့္ ပိုမိုထိတ္လန႔္ ေနၾကပါတယ္။ သူတို႔က book of revelation စာအုပ္ထဲက အခန္း ၁၆ ပါ စာသားေတြအရ ကမာၻပ်က္ေတာ့ မလားဆိုတဲ့ အေတြးနဲ႔ ေၾကာက္လန႔္ ေနၾကပါတယ္။

၂၀၁၂တုန္းက မာယာလူမ်ိဳးေတြရဲ႕ ျပကၡဒိန္ပါ ရက္စြဲေၾကာင့္ ကမာၻပ်က္ မယ္ဆိုတဲ့ေကာလဟလ ျဖစ္ခဲ့ဖူးပါတယ္။ ၂၀၁၃ မေရာက္မခ်င္း လူေတြက သက္ျပင္း တစ္ခ်ခ်နဲ႔ေန ေနရတယ္။ အဲ့လိုပဲ အေမရိကန္က ေရွးျဖစ္ေဟာ ဆရာမတစ္ေယာက္က ၂၀၂၀ မွာကမာၻပ်က္မယ္ ဆိုတဲ့ ေဟာကိန္းက ထုတ္ထားတာရယ္ ေျမႀကီးထဲက ေသြးလိုအေရေတြ ပန္းထြက္လာတဲ့ အတြက္ေၾကာင့္ရယ္ လူေတြ စိတ္မသက္မ သာ ျဖစ္ေနရပါတယ္။ တတိယေျမာက္ နတ္သမီးက သူမရဲ႕ ဖလားထဲက ေရေတြကို ျမစ္ေတြထဲကို သြန္ခ်လိုက္တဲ့အခ်ိန္မွာ ေရေတြက ေသြးေတြအျဖစ္ ေျပာင္းလဲၿပီး စီးဆင္း သြားပါေတာ့တယ္ ဆိုတဲ့စာသားက အခန္း ၁၆ ကစာသား ျဖစ္ပါတယ္။ အယ္လာဇစ္ငလ်င္ႀကီး မလာခင္မွာ ၃.၃ နဲ႔ ၅.၄ အဆင့္ရွိတဲ့ ငလ်င္ငယ္နဲ႔ ငလ်င္လတ္ တစ္ခုစီ လာသြားပါေသးတယ္။ တူရကီအစိုးရက အစ ပထမပိုင္းမွာ ၄ ဦးေသဆုံးတယ္လို႔ ေၾကညာခဲ့ေပမဲ့ ခ်က္ျခင္းကိုပဲ ၂၉ ဦးေသဆုံးတယ္ဆိုၿပီး ျပင္ဆင္ေၾကညာပါတယ္။လူ ၁၅၀၀ ေလာက္ထိခိုက္ ဒဏ္ရာရၿပီး ၄၄ ေယာက္ကိုေတာ့ အေရးေပၚ ကယ္တင္ခဲ့ရပါတယ္။ အေဆာက္အအုံ ၇၂ လုံး လုံးဝၿပိဳက် ပ်က္စီးၿပီး အျခား ၅၄၁ လုံးကေတာ့ ထိခိုက္ပ်က္စီးမႈေတြ ရွိခဲ့ပါတယ္။

လူမႈ စိတ္ပညာကြၽမ္းက်င္တဲ့ ပညာရွင္ ၂၈ ဦးကို အကူအညီေတာင္းကာ ဒုကၡသည္ေတြ ၾကား ျဖစ္ေပၚေနတဲ့ ေကာလာဟလကို ေျဖရွင္း ခိုင္းရတဲ့အထိ ျဖစ္သြားပါတယ္။ အက္ကြဲေၾကာင္းေတြၾကားက ထြက္လာတဲ့ေရနီေတြကို ပညာရွင္ေတြက ဓာတ္ခြဲၾကည့္ေတာ့ ေျမေအာက္ေရမွာ ဆိုးေဆးတစ္မ်ိဳး ပါဝင္လာတာကိုေတြ႕ရပါတယ္။ အဲ့လိုျဖစ္ရပ္က အျခားတစ္ေနရာမွာ အစိမ္းေရာင္ရင့္ရင့္နဲ႔ အဝါေရာင္ရင့္ရင့္ ေတြပန္းထြက္ခဲ့ပါတယ္။

ေမာင္ယႆ ref; wold of buzz photo;daily star

Unicode

တူရကီမှာ ကမ္ဘာမြေ သွေးချောင်းစီးသလိုဖြစ်နေ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က တူရကီ အရှေ့ပိုင်း အယ်လာဇစ်ပြည်နယ်မှာ ရစ်ချက်စတာစကေး ၆.၈ ရှိတဲ့ ငလျင်တစ်ခု လုှတ်ခဲ့ပါတယ်။ မနေ့က ငလျင်လှုတ်ပြီးတော့ ဖြစ်လာတဲ့ မြေ အက်ကွဲကြောင်းတွေထဲကနေ သွေးနဲ့တူတဲ့ အနီရောင်ရေ တွေက တလဟော ထွက် ကျလာ ပါတယ်။ ငလျင်ကြောင့် ထိပ်လန့်နေတဲ့ လူတွေက သွေးရေ စီးကြောင်းတွေကြောင့် ပိုမိုထိတ်လန့် နေကြပါတယ်။ သူတို့က book of revelation စာအုပ်ထဲက အခန်း ၁၆ ပါ စာသားတွေအရ ကမ္ဘာပျက်တော့ မလားဆိုတဲ့ အတွေးနဲ့ ကြောက်လန့် နေကြပါတယ်။

၂၀၁၂တုန်းက မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ပါ ရက်စွဲကြောင့် ကမ္ဘာပျက် မယ်ဆိုတဲ့ကောလဟလ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၃ မရောက်မချင်း လူတွေက သက်ပြင်း တစ်ချချနဲ့နေ နေရတယ်။ အဲ့လိုပဲ အမေရိကန်က ရှေးဖြစ်ဟော ဆရာမတစ်ယောက်က ၂၀၂၀ မှာကမ္ဘာပျက်မယ် ဆိုတဲ့ ဟောကိန်းက ထုတ်ထားတာရယ် မြေကြီးထဲက သွေးလိုအရေတွေ ပန်းထွက်လာတဲ့ အတွက်ကြောင့်ရယ် လူတွေ စိတ်မသက်မ သာ ဖြစ်နေရပါတယ်။ တတိယမြောက် နတ်သမီးက သူမရဲ့ ဖလားထဲက ရေတွေကို မြစ်တွေထဲကို သွန်ချလိုက်တဲ့အချိန်မှာ ရေတွေက သွေးတွေအဖြစ် ပြောင်းလဲပြီး စီးဆင်း သွားပါတော့တယ် ဆိုတဲ့စာသားက အခန်း ၁၆ ကစာသား ဖြစ်ပါတယ်။ အယ်လာဇစ်ငလျင်ကြီး မလာခင်မှာ ၃.၃ နဲ့ ၅.၄ အဆင့်ရှိတဲ့ ငလျင်ငယ်နဲ့ ငလျင်လတ် တစ်ခုစီ လာသွားပါသေးတယ်။ တူရကီအစိုးရက အစ ပထမပိုင်းမှာ ၄ ဦးသေဆုံးတယ်လို့ ကြေညာခဲ့ပေမဲ့ ချက်ခြင်းကိုပဲ ၂၉ ဦးသေဆုံးတယ်ဆိုပြီး ပြင်ဆင်ကြေညာပါတယ်။လူ ၁၅၀၀ လောက်ထိခိုက် ဒဏ်ရာရပြီး ၄၄ ယောက်ကိုတော့ အရေးပေါ် ကယ်တင်ခဲ့ရပါတယ်။ အဆောက်အအုံ ၇၂ လုံး လုံးဝပြိုကျ ပျက်စီးပြီး အခြား ၅၄၁ လုံးကတော့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

လူမှု စိတ်ပညာကျွမ်းကျင်တဲ့ ပညာရှင် ၂၈ ဦးကို အကူအညီတောင်းကာ ဒုက္ခသည်တွေ ကြား ဖြစ်ပေါ်နေတဲ့ ကောလာဟလကို ဖြေရှင်း ခိုင်းရတဲ့အထိ ဖြစ်သွားပါတယ်။ အက်ကွဲကြောင်းတွေကြားက ထွက်လာတဲ့ရေနီတွေကို ပညာရှင်တွေက ဓာတ်ခွဲကြည့်တော့ မြေအောက်ရေမှာ ဆိုးဆေးတစ်မျိုး ပါဝင်လာတာကိုတွေ့ရပါတယ်။ အဲ့လိုဖြစ်ရပ်က အခြားတစ်နေရာမှာ အစိမ်းရောင်ရင့်ရင့်နဲ့ အဝါရောင်ရင့်ရင့် တွေပန်းထွက်ခဲ့ပါတယ်။

မောင်ယဿ ref; wold of buzz photo;daily star

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …