တိုကျိုကို မုန်တိုင်း ဦးတည်လာပေမဲ့ အိုလံပစ် ပြိုင်ပွဲတွေကို မဖျက်

တိုကျိုကို မုန်တိုင်း ဦးတည်လာပေမဲ့ အိုလံပစ် ပြိုင်ပွဲတွေကို မဖျက်
International-news

တိုကျိုကို မုန်တိုင်း ဦးတည်လာပေမဲ့ အိုလံပစ် ပြိုင်ပွဲတွေကို မဖျက်

မောင်ယဿ ( သြဂုတ် ၆ )

ဂျပန်မိုးလေဝသဌာနက အပူပိုင်းမုန်တိုင်းတစ်လုံးက တိုကျိုမြို့ ကို ဦးတည်ပြီးရွှေ့လျှားလာနေတယ်လို့ ဟောကိန်းထုတ်ထားပေမဲ့ တိုကျို အိုလံပစ်ကော်မတီကတော့ ထူးထူးခြားခြား အပြောင်းအလဲ ထုတ်ပြန်ချက် တွေ မလုပ်သေးပါဘူး။

မိုးလေးဝသအေဂျင်စီက မိုးကြီးမယ် ၊ လေပြင်းမယ်၊ လှိုင်းကြီးမယ်၊ မြေပြိုမယ် အရှေ့ဖက်ကမ်းခြေဒေသတွေမှာ ရေလွှမ်းမိုးမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းက မနက်ဖြန် စနေနေ့ နေ့လည်ပိုင်း လောက်ကနေစပြီး ဝင်ရောက်ကာ တနင်္ဂနွေနေအထိ တိုက်ခတ်နိုင်ပါတယ်။ မုန်တိုင်း မီရီနေး က တိုကျိုမြို့ကို ဖြတ်သန်းသွားမှာပါ။

တိုကျို အိုလံပစ် ရဲ့ ပိတ်ပွဲကို တနင်္ဂနွေနေ့ ညနေမှာ ပြုလုပ်မှာဖြစ်ပြီး အဲ့ဒိနေကမှာ ရုံတွင်း အားကစားတွေဖြစ် တဲ့ ဝါးတာပိုလို ၊ ကျွမ်းဘား တို့ကို အပြီးသတ်ဆုချီးမြှင့် မှာလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဆက်ပိုရိုမြို့မှာ မာရသွန်ပြေးပွဲ ရှိပါတယ်။ ရှီဇူအိုကာမြို့မှာ က စက်ဘီးပြိုင်ပွဲ ရှိနေပါတယ်။

တိုကျို အိုလံပစ် ကော်မတီက တာဝန်ရှိသူကတော့ “ ကျနော်တို့ မုန်တိုင်းလမ်းကြောင်းကို သေသေချာချာ တွက်ချက်ပြီး စောင့်ကြည့်နေ ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း မုန်းတိုင်း တစ်လုံးဝင်သွားတယ်။

ပြိုင်ပွဲစီစဉ်သူတွေက လှေပြိုင်ပွဲ နဲ့ မြား ပစ် ကို ပြန်ပြီး စီစဉ်ရပေမဲ့ ကျနော်တို့ မုန်တိုင်းကြောင့် လှိုင်းကြီးတော့ လှိုင်းစီးပြိုင်ပွဲကို တစ်ခါတည်းဖြတ်ပြီး ဆုပေးနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

အခုမီရီနေးက အိုကီနာဝါကျွန်းနားက နေစထွက်လာတာဖြစ်ပြီး ဂျပန်ကို ထိုင်ဝမ်ရေလက်ကြားကနေ ဦးတည်နေတဲ့ နောက်ထပ်မုန်တိုင်းတစ်လုံး လည်းဖြစ်တည်နေပါတယ်။

ဂျပန်နိုင်ငံရဲ့ တိုင်ဖွန်းရာသီက မေလကနေ အောက်တိုဘာလအထိ ကြာပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာလ မှာတော့ ရာသီရဲ့ အမြင့်ဆုံး မုန်တိုင်တွေ တိုက်တဲ့ အချိန်ပါပဲ။

REF: Japantoday,Photo:Credit  the japan times

Zawgyi


တိုကျိုကို မုန်တိုင်း ဦးတည်လာပေမဲ့ အိုလံပစ် ပြိုင်ပွဲတွေကို မဖျက်
တိုကျိုကို မုန်တိုင်း ဦးတည်လာပေမဲ့ အိုလံပစ် ပြိုင်ပွဲတွေကို မဖျက်

မောင်ယဿ ( သြဂုတ် ၆ )




တိုကျိုကို မုန်တိုင်း ဦးတည်လာပေမဲ့ အိုလံပစ် ပြိုင်ပွဲတွေကို မဖျက်1





တိုကျိုကို မုန်တိုင်း ဦးတည်လာပေမဲ့ အိုလံပစ် ပြိုင်ပွဲတွေကို မဖျက်2



REF: Japantoday
Photo: the japan times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …