တိရစာၦန္ေတြရဲ႕ အေရျပားကို ကိုယ္ေပၚမွာ ဘယ္ေတာ့မွ အလွမဆင္ဘူးဆိုတဲ့ ဆန္နီလီယြန္
- By : Phoe Linn
- Category : Entertainment

တိရစာၦန္ေတြရဲ႕ အေရျပားကို ကိုယ္ေပၚမွာ ဘယ္ေတာ့မွ အလွမဆင္ဘူးဆိုတဲ့ ဆန္နီလီယြန္
ေဘာလီဝုဒ္မွာ ခပ္ရဲရဲ မင္းသမီးတစ္လက္ကို ျပပါဆိုရင္ ဆန္နီလီယြန္ကို သာလက္ညိဳးထိုးျပလိုက္ပါ ။ ႐ုပ္ရည္က ေျပာစရာမရွိေအာင္ လွေနတဲ့အျပင္မွာ အေဖာ္အခြၽတ္က ၾကမ္းေတာ့ ေဘာလီးဝုဒ္က မင္းသားႀကီးေတြေတာင္ သူမရဲ႕သ႐ုပ္ေဆာင္တာေတြကို ေလးစား ရ တာ ေတြရွိတယ္။ ဆက္ဆီက်တဲ့ မင္းသမီးက တိရစာၦန္ အေရျပားနဲ႔ လုပ္ထားတဲ့ အလွကုန္ပစၥည္းေတြကို သူ႔ခႏၲာကိုယ္မွာ ဆင္ျမန္းဖို႔ အတြက္ လုံးဝအစီအစဥ္မရွိဘူးလို႔ ဆိုလာပါတယ္။
ေနာက္ၿပီး ဒီသီတင္းပတ္မွာ သတ္သတ္လြတ္ စားသမားအဖြဲ႕နဲ႔ ေပါင္းၿပီး သက္သက္လြတ္ စားေသာက္ေရးအတြက္ လႈံ႕ေဆာ္မႈေတြကိုလိုက္လုပ္ေနပါတယ္တဲ့။ ကမာၻႀကီးကို အဆိပ္ခတ္ေနတဲ့ တိရစာၦန္ သားေရ လုပ္ငန္းေတြက သတ္ဖ်က္ပစ္တဲ့ ကြၽဲႏြားေကာင္ေရ က တစ္ႏွစ္တစ္ႏွစ္ကို သန္းေပါင္းမ်ားစြာရွိေနတဲ့အတြက္ေၾကာင့္ လူ႔ကိုယ္က်င့္တရားဆိုင္ရာ တိရိစာၦန္ေတြကို ညႇင္းပန္းႏွိပ္စက္မႈမွ ေစာင့္ေရွာက္ေရးအဖြဲ႕လို႔ အမည္ရတဲ့ PETA မွာ သူ မ က
မိန႔္ ခြန္း ေျပာ ခဲ့ ပါ တယ္။
သူမက တိရစာၦန္ အေရခြံေတြကို အလွအပအတြက္မသုံးဖို႔ တိုက္တြန္းတဲ့အေနနဲ႔ “ က်မတို႔မွာ အပင္ေတြက ျဖစ္တဲ့ ဖိနပ္ေတြ ဂ်က္ကပ္ေတြ အိတ္ေတြ အမ်ားႀကီး ရွိပါတယ္ ။ေ႐ြးမယ္ဆိုရင္ေတာင္ မကုန္ဘူးျဖစ္ေနပါတယ္။ အပင္ျဖစ္ ပစၥည္း ေတြကို သုံးလို႔ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈက ဘာမွမေျပာပေလာက္ပါဘူး။ ဒါေပမဲ့ တိရိစာၦန္ေတြရဲ႕ အေရျပားကို သုံးၿပီး ေတာ့ ဝတ္စားဆင္ယင္မယ္ဆိုရင္ေတာ့ အဲ့ဒိလုပ္ငန္းက သဘာဝပတ္ဝန္းက်င္ကိုထိခိုက္ေအာင္ အမ်ားႀကီးလုပ္ေတာ့တာပါပဲ။ က်မက ဒီစကားကို အလြတ္ ေျပာ တာ မ ဟုတ္ ပါ ဘူး။
က်မကိုယ္တိုင္ လယ္သာ လုပ္ငန္းခြင္ေတြကို PETA အဖြဲ႕ဝင္ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ကိုယ္တိုင္ဆင္းေလ့လာၿပီးမွာ ေျပာတာပါ။ က်မဒီေနရာက ကတိျပဳတာကေတာ့ က်မတို႔ တိရစာၦန္ေတြကို ကယ္ၾက ရေအာင္ ၿပီးေတာ့ က်မတို႔ကမာၻႀကီးကေန လယ္သာလုပ္ငန္းကို ေမာင္းထုတ္ၾကရေအာင္ က်မပရိသက္ေတြ က်မတို႔နဲ႔ လာပူးေပါင္းပါလို႔ တိုက္တြန္း ခ်င္တယ္”လို႔ ဆိုတယ္။ ဆန္နီက လတ္တလာမွာေတာ့ ဟာသဇာတ္ျမဴး ကားတစ္ကား႐ိုက္ထားၿပီးေတာ့ ႐ုံ တင္ ဖို႔ ေစာင့္ ေန ပါ တယ္။
ေမာင္ယႆ REF: indian time photo ; india west
Unicode
တိရစ္ဆာန်တွေရဲ့ အရေပြားကို ကိုယ်ပေါ်မှာ ဘယ်တော့မှ အလှမဆင်ဘူးဆိုတဲ့ ဆန်နီလီယွန်
ဘောလီဝုဒ်မှာ ခပ်ရဲရဲ မင်းသမီးတစ်လက်ကို ပြပါဆိုရင် ဆန်နီလီယွန်ကို သာလက်ညိုးထိုးပြလိုက်ပါ ။ ရုပ်ရည်က ပြောစရာမရှိအောင် လှနေတဲ့အပြင်မှာ အဖော်အချွတ်က ကြမ်းတော့ ဘောလီးဝုဒ်က မင်းသားကြီးတွေတောင် သူမရဲ့သရုပ်ဆောင်တာတွေကို လေးစား ရ တာ တွေရှိတယ်။ ဆက်ဆီကျတဲ့ မင်းသမီးက တိရစ္ဆာန် အရေပြားနဲ့ လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို သူ့ခန္တာကိုယ်မှာ ဆင်မြန်းဖို့ အတွက် လုံးဝအစီအစဉ်မရှိဘူးလို့ ဆိုလာပါတယ်။
နောက်ပြီး ဒီသီတင်းပတ်မှာ သတ်သတ်လွတ် စားသမားအဖွဲ့နဲ့ ပေါင်းပြီး သက်သက်လွတ် စားသောက်ရေးအတွက် လှုံ့ဆော်မှုတွေကိုလိုက်လုပ်နေပါတယ်တဲ့။ ကမ္ဘာကြီးကို အဆိပ်ခတ်နေတဲ့ တိရစ္ဆာန် သားရေ လုပ်ငန်းတွေက သတ်ဖျက်ပစ်တဲ့ ကျွဲနွားကောင်ရေ က တစ်နှစ်တစ်နှစ်ကို သန်းပေါင်းများစွာရှိနေတဲ့အတွက်ကြောင့် လူ့ကိုယ်ကျင့်တရားဆိုင်ရာ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှုမှ စောင့်ရှောက်ရေးအဖွဲ့လို့ အမည်ရတဲ့ PETA မှာ သူ မ က
မိန့် ခွန်း ပြော ခဲ့ ပါ တယ်။
သူမက တိရစ္ဆာန် အရေခွံတွေကို အလှအပအတွက်မသုံးဖို့ တိုက်တွန်းတဲ့အနေနဲ့ “ ကျမတို့မှာ အပင်တွေက ဖြစ်တဲ့ ဖိနပ်တွေ ဂျက်ကပ်တွေ အိတ်တွေ အများကြီး ရှိပါတယ် ။ရွေးမယ်ဆိုရင်တောင် မကုန်ဘူးဖြစ်နေပါတယ်။ အပင်ဖြစ် ပစ္စည်း တွေကို သုံးလို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက ဘာမှမပြောပလောက်ပါဘူး။ ဒါပေမဲ့ တိရိစ္ဆာန်တွေရဲ့ အရေပြားကို သုံးပြီး တော့ ဝတ်စားဆင်ယင်မယ်ဆိုရင်တော့ အဲ့ဒိလုပ်ငန်းက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်အောင် အများကြီးလုပ်တော့တာပါပဲ။ ကျမက ဒီစကားကို အလွတ် ပြော တာ မ ဟုတ် ပါ ဘူး။
ကျမကိုယ်တိုင် လယ်သာ လုပ်ငန်းခွင်တွေကို PETA အဖွဲ့ဝင် သူငယ်ချင်း မိတ်ဆွေတွေနဲ့ ကိုယ်တိုင်ဆင်းလေ့လာပြီးမှာ ပြောတာပါ။ ကျမဒီနေရာက ကတိပြုတာကတော့ ကျမတို့ တိရစ္ဆာန်တွေကို ကယ်ကြ ရအောင် ပြီးတော့ ကျမတို့ကမ္ဘာကြီးကနေ လယ်သာလုပ်ငန်းကို မောင်းထုတ်ကြရအောင် ကျမပရိသက်တွေ ကျမတို့နဲ့ လာပူးပေါင်းပါလို့ တိုက်တွန်း ချင်တယ်”လို့ ဆိုတယ်။ ဆန်နီက လတ်တလာမှာတော့ ဟာသဇာတ်မြူး ကားတစ်ကားရိုက်ထားပြီးတော့ ရုံ တင် ဖို့ စောင့် နေ ပါ တယ်။
မောင်ယဿ REF: indian time photo ; india west
No Comments