တာလီဘန်တွေ ကဘူးမြို့ထဲကို ဝင်တော့မယ် ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းဖို့ တောင်းဆို

တာလီဘန်တွေ ကဘူးမြို့ထဲကို ဝင်တော့မယ် ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းဖို့ တောင်းဆို
International-news

 

မောင်ယဿ ( သြဂုတ် ၁၅ )

တာလီဘန် စေ့စပ်ညှိနှိုင်းရေးသမားတွေ က အာဖဂန်မြို့တော် ကဘူးက သမ္မတနန်းတော်ရာထဲကို ဝင်ရောက်လာပြီး ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေလုပ်ဖို့ အစိုးရ အရာရှိတွေနဲ့ ဆွေးနွေးမှု တွေလုပ်ခဲ့တယ်လို့ သတင်းရပါတယ်။

အာဖဂန်ပြည်ထဲရေးဝန်ကြီး မာဇက်ဝယ် က ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းရေး လုပ်ငန်းစဉ်လုပ်ဖို့ အတွက် ကြားဖြတ်အစိုးရ တစ်ရပ်ဖွဲ့ ဖိုလို တယ်လို့ ဆိုလိုက်ပါတယ်။

အဲ့ဒိအချိန်မှာ တာလီဘန် တပ်ဖွဲ့တွေက ကဘူးမြို့စွန်က ရပ်ကွက်တွေထဲကို ရောက်ရှိပြီး တပ်စွဲ နေပါပြီ။ တစ်နိုင်ငံလုံးက မြို့ကြီး အားလုံးနီးပါးလည်း တာလီဘန်တွေ ရဲ့ လက်ထဲကို ကျရောက်သွားပါပြီ။

“ အာဖဂန်နိုင်ငံသားတွေနဲ့ ဘာမှစိတ်ပူစရာမလိုပါဘူး၊ ကျနော်တို့ ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းရေး လုပ်ငန်းစဉ်ကို လုပ်ဆောင် နေပါတယ်။

ကဘူးမြို့ပေါ်မှာ ဘာတိုက်ပွဲမှ ဖြစ်မှာ မဟုတ်ပါဘူး။ ကြားဖြတ်အစိုးရဖွဲ့ပြီး အာဏါလွှဲပြောင်းရေးကို အေးချမ်းစွာ လုပ်ဆောင်မှာ ပါ” လို့ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ကဘူးမြို့စွန်ကိုရောက်နေတဲ့ တာလီဘန်တွေဖက်ကလည်း မြို့ထဲမှာ တိုက်ပွဲတွေ မဖြစ်ပါဘူး လို့ ဆိုလိုက်ပါတယ်။

သူတို့ဖက်မှာလည်း ထိုးစစ်ဆင်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုထားပါသေးတယ်။ ကဘူးက နိုင်ငံခြားသံရုံးတော်တော်များများက ဝန်ထမ်းတွေကတော့ အာဖဂန်နိုင်ငံကနေ ထွက်ခွာသွားခဲ့ပါပြီ။

အခုဆိုရင် ကဘူးမြို့ နဲ့ တိုင်းပြည်အရှေ့ဖက်တစ်ခြမ်းလုံး ကို တာလီဘန်တွေက အဆက်ဖြတ်ထားနိုင်ခဲ့ပါပြီ။ မြို့စွန်က ဂျာလာလာဘတ် ကို တာလီဘန်တွေ သိမ်းကတည်းက ကဘူးမြို့ထဲက အမေရိကန်သံရုံး မှာလည်း ဝန်ထမ်းတွေနဲ့ အရေးကြီး ပစ္စည်းတွေကို သယ်ဆောင်ဖို့ ကုန်တင် ရဟတ်ယာဉ်တွေ အတက်အဆင်း လုပ်နေပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဖက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာမှု တစ်ခုမှ မလုပ်သေးပါဘူး။

တစ်နိုင်ငံလုံးက တာလီဘန်တွေ စုပြီး တော်လှန်ရေးလုပ်တာ တစ်လမပြည့်ခင်မှာပဲ မြိုတော် ကဘူးကို သိမ်းမိတဲ့အနေအထားဖြစ်ပြီး နိုင်ငံရေး ဒိုင်ယာလော့ခ် ကို စပြော နေပါပြီ။

REF: Euro news,Photo:Credit  euronews

Zawgyi


တာလီဘန်တွေ ကဘူးမြို့ထဲကို ဝင်တော့မယ် ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းဖို့ တောင်းဆို
တာလီဘန်တွေ ကဘူးမြို့ထဲကို ဝင်တော့မယ် ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းဖို့ တောင်းဆို

မောင်ယဿ ( သြဂုတ် ၁၅ )



တာလီဘန်တွေ ကဘူးမြို့ထဲကို ဝင်တော့မယ် ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းဖို့ တောင်းဆို1





တာလီဘန်တွေ ကဘူးမြို့ထဲကို ဝင်တော့မယ် ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းဖို့ တောင်းဆို2



တာလီဘန်တွေ ကဘူးမြို့ထဲကို ဝင်တော့မယ် ငြိမ်းချမ်းစွာ အာဏါလွှဲပြောင်းဖို့ တောင်းဆို3



REF: Euro news
Photo: euronews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …