တာလီဘန်တွေက သူတို့ကို ဆန့်ကျင်သူတွေနဲ့ ၊အမျိုးသမီးတွေ ကို အခွင့်အရေးပေးပါမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်

တာလီဘန်တွေက သူတို့ကို ဆန့်ကျင်သူတွေနဲ့ ၊အမျိုးသမီးတွေ ကို အခွင့်အရေးပေးပါမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်
International-news

တာလီဘန်တွေက သူတို့ကို ဆန့်ကျင်သူတွေနဲ့ ၊အမျိုးသမီးတွေ ကို အခွင့်အရေးပေးပါမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်

မောင်ယဿ ( သြဂုတ် ၁၉ )

အမေရိကန်တွေ အနှစ်၂၀ ကြာအောင် ဝင်ရောက်နှောက်ယှက်ခဲ့တဲ့ အာဖဂန်မှာ တာလီဘန်တွေ က ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစပြီးပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ သတင်းကတော့ တစ်ကမ္ဘာ လုံး ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ရပါတယ်။

၁၇ ရက်နေ့ ကတော့ တာလီဘန်တွေက သူတို့ရဲ့ တရားဝင် သတင်းစာရှင်းလင်းပွဲ ကို လုပ်ခဲ့ပါတယ်။ အဲ့ဒိပွဲမှာ သူတို့က အချက် ၃ ချက်ကို အဓိကထားပြီး ပြော ခဲ့ပါတယ်။

သူတို့က အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားမယ် ၊ သူတို့ ကို ခုခံသူတွေကို ခွင့်လွှတ်မယ် နဲ့ အာဖဂန်နိုင်ငံကို လုံခြုံအောင် လုပ်ပေးမယ် လို့ ဆိုလိုက်ပါတယ်။

သတင်းစာရှင်လင်းပွဲကို တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်က ဦးစီးပြီး လုပ်ခဲ့ပါတယ်။ သူတို့က ၁၉၉၀ လောက် က အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်ရေး စနစ်မဟုတ်တော့ဘဲ ပြောင်းလဲသင့်တဲ့ အရာတွေ ပြောင်းလဲလိုက်ပြီလို့ ဆိုပါတယ်။ နိုင်ငံရေးပါဝါကို ညှိနှိုင်းမယ် ပြည်သူကို အကြောက်တရားနဲ့ မအုပ်ချုပ်တော့ ဘူးလို့လည်း ဆိုတယ်။

“ ၁၉၉၆ လောက်ကနေ ၂၀၀၁ ခုနှစ် လောက်ထိက ကျနော်တို့က အမျိုးသမီးတွေ ကို ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ ကန့်သတ်ထားခဲ့ပါတယ်။ ဘူခါ မရုံ တဲ့အမျိုးသမီးတွေ ကို အပြစ်ပေးတာတွေ ရှိခဲ့ပါတယ်” လို့ ဆိုတယ်။

အမေရိကန်တွေ ၂၀၀၁ ခုနှစ်မှာ အာဖဂန်ကို ဝင်တော့ အမျိုးသမီးကျောင်တက်ခွင့် က ၄၀% အထိတိုးတက်ခဲ့ပါတယ်လို့ မနှစ်က USAID က ထုတ်ပြန်တဲ့ စာတမ်းမှာ ပါခဲ့ပါတယ်။

လက်ရှိမှာ အနောက်နိုင်ငံတွေက တာလီဘန်တွေ ကြီးစိုးလာမှု နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးတက် နေပါတယ်။

“ ကျနော်တို့ အာဖဂန်က အမျိုးသမီး ကြီးငယ်တွေနဲ့ ပတ်သက်လာရင် သူတို့ရဲ့ ပညာရေး ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ တက်ကြွ လှုတ်ရှားမှုတွေ အပိတ်ခံလိုက်ရမှာကိုပါ ၊ သူတို့တွေအတွက် အကာအကွယ်လိုပါတယ်” လို့ ပူးပေါင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

တာလီဘန်တွေကျင့်သုံး တဲ့ ရှာရီရာ ဘာသာရေးဆိုင်ရာ ဥပဒေရှိ ပါတယ်။ အဲ့ဒိ ဥပဒေရဲ့ မူဘောင်အတိုင်း အမျိုးသမီးတွေ အစိုးရ အဖွဲ့ မျာပါဝင်ခွင့်ရမယ်လို့ မူဂျာဟစ်က ဆိုလိုက်ပါတယ်။ “ကျနော်တို့ရဲ့ ညီမတွေ အမ တွေ က အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရမှာ ပါ။

ဒါပေမဲ့ ကျနော်တို့ ရဲ့ ရှာရီရာ ဥပဒေရဲ့ မူဘောင်အတိုင်းတော့ သွားမှ ဖြစ်မှာပါ။ ပညာရေး ကျန်းမာရေး နဲ့ အခြား ကဏ္ဍ အသီးသီး တွေ မှာ သူတို့ ပါဝင်ခွင့် ရကြမှာပါ” လို့ ဆိုပါတယ်။

“ ကျနော်တို့ ရဲ့ အမျိုးသမီးတွေကလည်း မူဆလင်တွေပါပဲ ၊ သူတို့တွေ ရှာရီရာ ဥပဒေရဲ့ မူဘောင်ထဲမှာ ပျော်ရွင်စွာ နေထိုင်နိုင်ကြမှပါ။

သူတို့ တွေ အမျိုးသားတွေနဲ့ ပုခုံးချင်းယှဉ်ပြီး အလုပ်တွေ လုပ်နိုင် မှာပါ။ နိုင်ငံတကာကို သွားပြီး လုပ်ကိုင် နိုင်တဲ့ အရည်အချင်းရှိရင် နိုင်ငံတကာနဲ့ ဆက်ဆံပြီး လုပ်ကိုင် နိုင်ခွင့် ရှိမှာပါ” လို့ လည်း ဆိုခဲ့ပါတယ်။

မူဂျာဟစ်ကတော့ အဲ့ဒိနေ့ သတင်းစာရှင်းလင်ပွဲမှာ အများကြီးပြောသွားပါတယ်။ အာဖဂန်က ပြဿနာ နယ်မြေ မဟုတ်တဲ့ အကြောင်း ၊ စစ်တလင်း လည်း မဟုတ်တဲ့ အကြောင်း ၊

အနှစ် ၂၀ကျော် လွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့တာက သီးခြားနေဖို့မဟုတ်ကြောင်း ၊ နိုင်ငံတကာနဲ့ လည်း အဆင်ပြေပြေ သွားမှာ ဖြစ်တဲ့အကြောင်း ၊

အတွင်းရန် အပြင်ရန်တွေ လည်း မလိုကြောင်း ၊ နိုင်ငံရေး ဒိုင်ယာလော့ ခ်တွေနဲ့ သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ လက်တွေ့မှာ ဖြစ်လာ မဖြစ်လာကတော့ စောင့်ကြည့်ဖို့ ပဲရှိပါတယ်။

REF : world of buzz,Photo:Credit  aljazeera

Zawgyi


တာလီဘန်တွေက သူတို့ကို ဆန့်ကျင်သူတွေနဲ့ ၊အမျိုးသမီးတွေ ကို အခွင့်အရေးပေးပါမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်
တာလီဘန်တွေက သူတို့ကို ဆန့်ကျင်သူတွေနဲ့ ၊အမျိုးသမီးတွေ ကို အခွင့်အရေးပေးပါမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်

မောင်ယဿ ( သြဂုတ် ၁၉ )










တာလီဘန်တွေက သူတို့ကို ဆန့်ကျင်သူတွေနဲ့ ၊အမျိုးသမီးတွေ ကို အခွင့်အရေးပေးပါမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်1







REF : world of buzz
Photo: aljazeera

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …