International-news
မောင်ယဿ
REF: upi / Photo : upi
Unicode
တာလီဘန်တွေကို ပြန်လွှတ်ပေးဖို့ အတွက် အာဖကန်သမ္မတ သဘောတူပြီ
အာဖကန်နစ္စတန်မှာ နှစ်၂၀ကျော်ကြာဖြစ်နေတဲ့ စစ်ကို အဆုံးသတ်နိုင်ဖို့ အတွက် အမေရိကန် အာဖကန် တာလီဘန် ပါကစ္စတန် နေတိုး စတဲ့ စစ်ရေး နိုင်ငံရေးသမားတွေ စုပေါင်းပြီး အဖြေရှာကာ အကြမ်းဖက်မှု ရပ်ဆိုင်းရေး အပစ်ရပ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တစ်ဆင့်ချင်းလုပ်နေပါတယ် ။ အဲ့ဒိ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ ပြောစရာတစ်ခုဖြစ်တဲ့ ဖမ်းဆီးထားတဲ့ တာလီဘန် တွေကို ပြန်လွှတ် ပေးရေးကိစ္စကို ဒီကနေ့ မနက် ( ဗုဒ္ဓဟူးနေ့ ) မှာပဲ အာဖကန် သမ္မတ အာရှက်ဂါနီက ဖြေရှင်းပေးလိုက် ပါတယ် ။
ဖမ်းဆီးထားတဲ့ တာလီဘန် ၁၅၀၀ ကို ပြန်လွှတ်ပေးဖို့ အတွက် သမ္မတက လက်မှတ်ထိုး အမိန့်ထုတ်ပြန်ပေးလိုက် ပါတယ် ။ သမ္မတ ကိုယ်စား ပြောခွင့်ရ ပုဂ္ဂိုလ်က “ သမ္မတ ဂါနီက ချွင်းချက် တစ်ခုနဲ့ တာလီဘန် အကျဉ်းသားတွေကို လွှတ်ပေးဖို့ အတွက် လက်မှတ်ထိုး အမိန့် ထုတ်ပြန်ထားပါတယ် ။
တာလီဘန်နဲ့ အာဖကန်အစိုးရကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တစ်ဆင့်ခြင်း လုပ်မယ် ။ ဆွေးနွေးမှု အောင်မြင်တဲ့ အဆင့်တိုင်း အတွက် အကျဉ်းသား ဦးရေကို ကန့်သတ်ပြီး လွှတ်ပေး နေမယ်” လို့ ဆိုပါတယ် ။ မနေ့က ( အဂါင်္နေ့ ) မှာ အမေရိကန် စစ်သားတွေ ပထမအသုတ် အနေနဲ့ စပြီးထွက်ခွာသွားပါပြီ ။ အစပထမက အာဖကန်သမ္မတက အကျဉ်းသားလွှတ်ပေးဖို့ အတွက် သဘောတူညီထားခြင်း မရှိပါဘူး ။
အမေရိကန် စစ်သားတွေ အာဖကန်က အေးချမ်းစွာ ထွက်သွားခွင့် ရရှိလိုက်တဲ့ အတွက် သမ္မတက ဖြေလျော့မှု စတင် လိုက်တာပါပဲ ။ တာလီဘန် တွေကတော့ အမေရိကန် ရုပ်သေးအစိုးရ ဖြစ်တဲ့ အာဖကန် အစိုးရကို မကျေလည်ပေမဲ့ အကြမ်းမဖက်ရေး သဘောတူစာချုပ်ကို လိုက်နာ လိုက်ပါတယ် ။ အာဖကန် သမ္မတက ငြိမ်းချမ်းရေး စကား စပြောပြီ ဆိုတာနဲ့ စစ်ပွဲတွေဆီကို ဘယ်တော့မှ ပြန်မသွားရတော့ဘူးလို့ ဆိုပါတယ် ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခါလုပ်တိုင်း တာလီဘန် အယောက်၁၀၀ ကို စလွှတ် ပေးမယ်လို့ဆိုတယ် ။ အရေးကြီးတဲ့ သဘောတူညီမှုတွေ ရရင် ပိုလွှတ်မယ်လို့ ဆိုတယ် ။ တကယ်ဖမ်းထားတာက ၃၅၀၀ ကျော် ရှိပါတယ် ။ ပထမဆ့ုး ၁၅၀၀ လွှတ်ပြီးလို့ တာလီဘန်တွေဖက်က သဘောတူညီမှု တွေကို လိုက်နာမယ် ဆိုရင် အရေးပါတဲ့ တာလီဘန် ခေါင်းဆောင် တွေကို လွှတ်ပေးမယ်လို့ လည်းဆိုပါတယ် ။
တာလီဘန်တွေနဲ့ အစောပိုင်းသဘောတူညီမှုမှာ အကျဉ်းသား၁၀၀၀ သာဖြစ်ပါတယ် ။ အာဖကန်အစိုးရရဲ့ သဘောထားအရဆိုရင် ငြိမ်းချမ်းရေးက ချက်ခြင်း အထိုင်ကျနိုင်တယ်လို့ နိုင်ငံရေး ကျွမ်းကျင် သူတွေက ခန့်မှန်းကြပါတယ် ။ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ရရင် အာဖကန်က နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို ပြန်ရောက်လာမှာပါ ။
မောင်ယဿ
REF: upi / Photo : upi
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …