တရုတ်မျိုးစိတ်တွေ အမေရိကန်ကို ကျူးကျော်လာလို့ မစိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနတိုက်တွန်း

International-news

တရုတ်မျိုးစိတ်တွေ အမေရိကန်ကို ကျူးကျော်လာလို့ မစိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနတိုက်တွန်း

အမေရိကန်က တစ်လွှားက အိမ်တွေကို တရုတ်နိုင်ငံကလာတဲ့ ထူးထူးဆန်းဆန်း မျိုးစေ့ထုပ် ရောက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်က ပြည်နယ်၃၀ ကို အဲ့ ဒိမျိုးစေ့ထုပ်တွေကို မစိုက်ဖို့အတွက် သတိပေးပြော ကြားထား ပါတယ်။


ရဲတွေကလည်း အဲ့ဒိကျူးကျော် ဝင်ရောက်လာတဲ့ မျိုးစေ့တွေကို အစေ့စစ်မစစ် စကန် ဖတ်ဖို့ရာအတွက် လုပ်ဆောင်နေတဲ့အတွက် ဘယ်သူ့မှ အထုပ်မဖောက်ဖို့အတွက်လည်း မှာကြားမှုများ ရှိနေပါတယ်။

တရုတ်နိုင်ငံက သင်္ဘောနဲ့ တင်ပို့လိုက်ပုံပေါ်တဲ့ အဲ့ဒိအစေ့ထုပ်တွေရဲ့ အပြင်ဖက်မှာ တရုတ်စာတွေ ရေးထားပြီး အဲ့ဒါတွေကို ကလေးကစားစရာ အရုပ်တွေအတွက် အလှဆင်ပေးဖို့ ရတနာတွေ နဲ့ အတူ ပို့လိုက်တာပါလို့ ဒေသဆိုင်ရာ စာတိုက်တွေက ဆိုပါတယ်။

အထုပ် တွေထဲမှာ တွေ့ရတာက မျိုးစေ့တွေဖြစ်နေပါတယ်။ မျိုးစေ့တွေက အမေရိကန်က ပြည်နယ် တော်တော်များများကို ပြန့်နှံ့သွားပြီးမှ စိုက်ပျိုးရေးဝန်ကြီးဌာနကို စာတိုက်တွေက အကြောင်းကြားလို့ စိုက်ပျိုးရေးဝန်ကြီး ဌာနက အန္တရာယ်ရှိပြီး ကျူးကျော်မျိုးတွေ ဖြစ်နိုင်တယ်လို့ သတိပေးထုတ်ပြန်တာပါ။

တရုတ်မျိုးစိတ်တွေ အမေရိကန်ကို ကျူးကျော်လာလို့ မစိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနတိုက်တွန်း2

အဲ့ဒိမျိုးစေ့တွေကို စစ်ဆေးဖို့အတွက် အမေရိကန်စိုက်ပျိုးရေးဌာန ၊ အပင်နဲ့ အကောင် ကျန်းမာရေး စစ်ဆေးခြင်း ဝန်ဆောင်မှု ဌာန နဲ့ ပြည်တွင်းမြေယာလုံခြုံရေး ဌာနလက်အောက်ခံ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး ဌာန တို့အပြင် အခြား ဌာန ၅ဌာနတို့ပူးပေါင်းပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးမှုတွေကို စလုပ်နေပါပြီ။

အဲ့ဒါအပြင်ကို စိုက်ပျိုးရေးဌာနက အမေရိကန် ပြည်ထောင်စုအတွင်းကို မျိုးစေ့တွေ ဝင်လာတဲ့ လမ်းကြောင်း ရာဇဝင်ကို လိုက်ကာ အထုပ်လက်ခံသူတွေကို မေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ အထုပ်တွေကို သိမ်းဆည်မှုနဲ့ လက်ခံထားမယ်ဆိုရင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရဘဲ မစိုက်ပျိုးဖို့အတွက် မှာကြားမှုတွေ လုပ်နေပါတယ်။

အင်ဒီယာနာ ၊အိုဟိုင်းအိုး ပြည်နယ်တွေမှာဆိုရင် အဲ့ဒိမျိုးစေ့ထုပ်တွေက ကျေးရွာတွေ အဆင့်ထိ ပြန့်နှံ့သွားပြီ ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။ ပြည်နယ်ရှေ့နေချုပ်တွေကလည်း ကျနော်တို့ သုတေသန ဌာနတွေကို ပို့ပြီး စမ်းသက်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဘာမှမသိရသေးဘဲနဲ့ စိုက်ပျိုးခဲ့လို့ အန္တရာယ်တစ်စုံတစ်ရာဖြစ်ခဲ့ရင် စိုက်ပျိုးတဲ့သူတွေ တာဝန်ယူရမယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

မောင်ယဿ, REF:fox news, Photo; daily mail

Zawgyi



တရုတ်မျိုးစိတ်တွေ အမေရိကန်ကို ကျူးကျော်လာလို့ မစိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနတိုက်တွန်3း




တရုတ်မျိုးစိတ်တွေ အမေရိကန်ကို ကျူးကျော်လာလို့ မစိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနတိုက်တွန်း4





No Comments

Leave a Reply

Your email address will not be published. Required fields are marked *

International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …