တရုတ်နဲ့ ပတ်သက်လာရင် နင်ဘာလဲ ငါဘာလဲ လုပ်နိုင်မှ ရမယ်လို့ဆို

တရုတ်နဲ့ ပတ်သက်လာရင် နင်ဘာလဲ ငါဘာလဲ လုပ်နိုင်မှ ရမယ်လို့ဆို
International-news

တရုတ်နဲ့ ပတ်သက်လာရင် နင်ဘာလဲ ငါဘာလဲ လုပ်နိုင်မှ ရမယ်လို့ဆို

အိန္ဒိယ- တရုတ် နယ်စပ် ပြဿနာကို ရှင်းမယ်ဆိုရင် နင်ဘာလဲ ငါဘာလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ ရှင်းမှ အဆင်ပြေနိုင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကြီးတန်း အရာရှိတစ်ဦးက ဆိုပါတယ်။

သြဂုတ်လကုန်ရက်တွေမှာ တရုတ်တွေက ၂ နိုင်ငံ အငြင်းပွားမှု ဖြစ်နေတဲ့ နယ်စပ်နဲ့ အနီးဆုံးပြည်နယ်ဖြစ်တဲ့ စင်းကျန် ပြည်နယ်ထဲကို စစ်အင်အားတွေ တောက်လျှောက် ဖြည့်တင်းနေပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမဝန္တာ တောင်မြင့်ဒေသ တစ်ခုလုံးက တရုပ်စစ်တပ်တွေရဲ့ လှုပ်ရှားမှု နဲ့ အသက်ဝင် နေပါတယ်။

တရုတ်နဲ့ ပတ်သက်လာရင် နင်ဘာလဲ ငါဘာလဲ လုပ်နိုင်မှ ရမယ်လို့ဆို1

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုရဲ့ စကားကို ကိုးကားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ဆိုပါတယ်။ “ ဘေကျင်းအစိုးရက နိုင်ငံခြားရေး ကိစ္စတွေနဲ့ ပတ်သက်လာရင် ရန်လို မုန်းထားမှုတွေ တော်တော် များပါတယ်။

တောင်တရုတ် ပင်လယ်ကိစ္စ ၊ ဟိမဝန္တာ နယ်ခြားကိစ္စတွေများ ဆိုရင် ဘယ်လိုမှ အလျှော့ပေးမဲ့ပုံ မပေးပါဘူး။ ညှိနှိုင်းမှု ကို လက်မခံနိုင်တာကိုက ပြဿနာဖြစ်နေတာ ။ သူတို့က သူတို့ရဲ့ တောင်းဆိုမှုတွေကို ပဲပြောပါတယ်။

တရုတ်နဲ့ ပတ်သက်လာရင် နင်ဘာလဲ ငါဘာလဲ လုပ်နိုင်မှ ရမယ်လို့ဆို2

ထိုင်ဝမ်ရေလက်ကြားကနေ စင်းကျန် အထိ ၊ တောင်တရုတ် ပင်လယ်ကနေ ဟိမဝန္တာ အထိ ဆိုက်ဘာနေရာလေး တစ်ခုကနေ နိုင်ငံတကာဆက်သွယ်ရေး အထိ သူတို့က အိမ်နီးချင်းတွေကို အမြဲလို ဖိအားပေး ဆက်ဆံချင်နေတာပါ။

အဲ့ဒိလိုပုံစံနဲ့ တရုတ် ကွန်မြူနစ် ပါတီက နယ်ပယ် ချဲ့ထွင်နေပါတယ်။ အဲ့ဒိတော့ တရုတ်တွေကို ရင်ဆိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက နင်ဘာလဲ ငါဘာလဲပြောပြီး ရင်ဆိုင်ထားမှပဲ ရတော့မှာပါ”လို့ ဆိုတယ်။

တရုတ်နဲ့ ပတ်သက်လာရင် နင်ဘာလဲ ငါဘာလဲ လုပ်နိုင်မှ ရမယ်လို့ဆို3

လာဒက်ဒေသအရှေ့ပိုင်းက ပန်ဂေါင်ကန် နားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ရက်နဲ့ ၃၀ရက်နေ့တွေမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ခဲ့ပါတယ်။ အဲ့ဒိလို လုပ်ရင် အိန္ဒိယ အနေနဲ့လည်း ပြန်ပြီး တော့ နယ်စပ်ဒေသတွေမျာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး အင်အားပြဖို့အတွက် ရည်ရွယ်ပြီး ပြောဆိုတဲ့ သဘောဖြစ်ပါတယ်။

တရုတ်နဲ့ ပတ်သက်လာရင် နင်ဘာလဲ ငါဘာလဲ လုပ်နိုင်မှ ရမယ်လို့ဆို4

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်တွေအနေနဲ့ စစ်အင်အားပြတယ်ဆိုရင် အိန္ဒိယ အနေနဲ့ ပြန်ပြီး ပြဖို့အတွက် ဝန်မလေးပါဘူးလို့ ဆိုသွားပါတယ်။ သြဂုတ်လ ၃၁ရက်နေ့မှာတော့ ၂ဖက်စစ်တပ်ရဲ့ စစ်ဦးစီးမှူးတွေ တွေ့ဆုံ ပြီး စစ်ရေးဆိုင်ရာ လှုတ်ရှားမှု လျှော့ ချဖို့အတွက် ဆွေးနွေး မှုတွေ လုပ်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးကဆိုပါတယ်။

မောင်ယဿ, REF: zoom news, Photo; the print

Zawgyi

တ႐ုတ္နဲ႔ ပတ္သက္လာရင္ နင္ဘာလဲ ငါဘာလဲ လုပ္ႏိုင္မွ ရမယ္လို႔ဆို

အိႏၵိယ- တ႐ုတ္ နယ္စပ္ ျပႆနာကို ရွင္းမယ္ဆိုရင္ နင္ဘာလဲ ငါဘာလဲ ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ရွင္းမွ အဆင္ေျပႏိုင္မယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ အႀကီးတန္း အရာရွိတစ္ဦးက ဆိုပါတယ္။

ၾသဂုတ္လကုန္ရက္ေတြမွာ တ႐ုတ္ေတြက ၂ ႏိုင္ငံ အျငင္းပြားမႈ ျဖစ္ေနတဲ့ နယ္စပ္နဲ႔ အနီးဆုံးျပည္နယ္ျဖစ္တဲ့ စင္းက်န္ ျပည္နယ္ထဲကို စစ္အင္အားေတြ ေတာက္ေလွ်ာက္ ျဖည့္တင္းေနပါတယ္။ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ဟိမဝႏၲာ ေတာင္ျမင့္ေဒသ တစ္ခုလုံးက တ႐ုပ္စစ္တပ္ေတြရဲ႕ လႈပ္ရွားမႈ နဲ႔ အသက္ဝင္ ေနပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယိုရဲ႕ စကားကို ကိုးကားၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာခြင့္ရပုဂၢိဳလ္ တစ္ဦးက ဆိုပါတယ္။ “ ေဘက်င္းအစိုးရက ႏိုင္ငံျခားေရး ကိစၥေတြနဲ႔ ပတ္သက္လာရင္ ရန္လို မုန္းထားမႈေတြ ေတာ္ေတာ္ မ်ားပါတယ္။

ေတာင္တ႐ုတ္ ပင္လယ္ကိစၥ ၊ ဟိမဝႏၲာ နယ္ျခားကိစၥေတြမ်ား ဆိုရင္ ဘယ္လိုမွ အေလွ်ာ့ေပးမဲ့ပုံ မေပးပါဘူး။ ညႇိႏႈိင္းမႈ ကို လက္မခံႏိုင္တာကိုက ျပႆနာျဖစ္ေနတာ ။ သူတို႔က သူတို႔ရဲ႕ ေတာင္းဆိုမႈေတြကို ပဲေျပာပါတယ္။

ထိုင္ဝမ္ေရလက္ၾကားကေန စင္းက်န္ အထိ ၊ ေတာင္တ႐ုတ္ ပင္လယ္ကေန ဟိမဝႏၲာ အထိ ဆိုက္ဘာေနရာေလး တစ္ခုကေန ႏိုင္ငံတကာဆက္သြယ္ေရး အထိ သူတို႔က အိမ္နီးခ်င္းေတြကို အၿမဲလို ဖိအားေပး ဆက္ဆံခ်င္ေနတာပါ။

အဲ့ဒိလိုပုံစံနဲ႔ တ႐ုတ္ ကြန္ျမဴနစ္ ပါတီက နယ္ပယ္ ခ်ဲ႕ထြင္ေနပါတယ္။ အဲ့ဒိေတာ့ တ႐ုတ္ေတြကို ရင္ဆိုင္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းက နင္ဘာလဲ ငါဘာလဲေျပာၿပီး ရင္ဆိုင္ထားမွပဲ ရေတာ့မွာပါ”လို႔ ဆိုတယ္။

လာဒက္ေဒသအေရွ႕ပိုင္းက ပန္ေဂါင္ကန္ နားမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၉ရက္နဲ႔ ၃၀ရက္ေန႔ေတြမွာ တ႐ုတ္စစ္တပ္က စစ္ေရးေလ့က်င့္မႈေတြကို လုပ္ခဲ့ပါတယ္။ အဲ့ဒိလို လုပ္ရင္ အိႏၵိယ အေနနဲ႔လည္း ျပန္ၿပီး ေတာ့ နယ္စပ္ေဒသေတြမ်ာ စစ္ေရးေလ့က်င့္မႈေတြလုပ္ၿပီး အင္အားျပဖို႔အတြက္ ရည္႐ြယ္ၿပီး ေျပာဆိုတဲ့ သေဘာျဖစ္ပါတယ္။

အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ တ႐ုတ္ေတြအေနနဲ႔ စစ္အင္အားျပတယ္ဆိုရင္ အိႏၵိယ အေနနဲ႔ ျပန္ၿပီး ျပဖို႔အတြက္ ဝန္မေလးပါဘူးလို႔ ဆိုသြားပါတယ္။ ၾသဂုတ္လ ၃၁ရက္ေန႔မွာေတာ့ ၂ဖက္စစ္တပ္ရဲ႕ စစ္ဦးစီးမႉးေတြ ေတြ႕ဆုံ ၿပီး စစ္ေရးဆိုင္ရာ လႈတ္ရွားမႈ ေလွ်ာ့ ခ်ဖို႔အတြက္ ေဆြးေႏြး မႈေတြ လုပ္ေနတယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးကဆိုပါတယ္။

ေမာင္ယႆ, REF: zoom news, Photo; the print

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …