တရုတ်တွေရဲ့ အကြပ်ကိုင်မှု ကို လက်တွဲ ရင်ဆိုင်ဖို့ အမေရိကန် ဒုသမ္မတ ပြေ

တရုတ်တွေရဲ့ အကြပ်ကိုင်မှု ကို လက်တွဲ ရင်ဆိုင်ဖို့ အမေရိကန် ဒုသမ္မတ ပြေ
International-news

တရုတ်တွေရဲ့ အကြပ်ကိုင်မှု ကို လက်တွဲ ရင်ဆိုင်ဖို့ အမေရိကန် ဒုသမ္မတ ပြေ

မောင်ယဿ ( သြဂုတ် ၂၄ )

ဒီကနေ့ စင်ကာပူနိုင်ငံ ကိုရောက်နေတဲ့ အမေရိကန် ဒုသမ္မတ ကမာလာဟာရစ်က အရှေ့တောင်အာရှ နိုင်ငံများနဲ့ အမေရိကန်နိုင်ငံတို့ မဟာမိတ်ဖွဲ့ ပြီး ဒေသတွင်း တရုတ်တို့ရဲ့ ရန်လိုမှုကို ရင်ဆိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ဒုသမ္မတ ကမာလာဟာရစ် ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ ဒီကနေ့ စင်ကာပူ ကို ခရီးတစ်ထောက်ဝင်ရင်း ဂါဒင်း ဘိုင်းသည်ဘေး က ရေတံခွန်ဥယျာဉ်မှာ မိန့်ခွန်းပြော ခဲ့တာပါ။

သူမက အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကြွယ်ဝချမ်းသာမှု က အမေရိကန်နိုင်ငံရဲ့ လုံခြံရေး လိုပဲ အရေးကြီးတဲ့ အကြောင်း ဆိုခဲ့ပါတယ်။

“ အမေရိကန်တွေအနေနဲ့ အရှေ့တောင်အာရှက လက်တွဲဖော်တွေရယ် အလွှာစုံ ကအဖွဲ့အစည်းတွေ နဲ့ အလုပ်တွေ ဆက်လုပ်သွားမှာပါ။

အမေရိကန်တွေ မျှော်မှန်းထားတာက မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ပြီး အားကောင်းလာအောင် လုပ်မှာပါ။ အရှေ့တောင်အာရှ ဒေသငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးကို အရင်ကတည်းက ကျမတို့ တင်ပြခဲ့ပြီးသားပါ။

ပင်လယ်ပြင်လွတ်လပ်ခွင့် ၊ ကုန်သွယ်မှု ကင်းလွတ်ခွင့် ၊ လူ့အခွင့်အရေး တိုးတက်မှု ၊ ပြဿနာလုံးဝမရှိတဲ့ ဘုံ အကျိုးစီးပွား ကိုအသိအမှတ်ပြုတဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို အခြေခံတဲ့ ကတိကဝတ်တွေ ကို ပြောခဲ့ ဆိုခဲ့ပြီးသားပါ။

အခုတော့ ကျမ ဒီကိုရောက်နေတာက အဲ့ဒိမျှော်မျန်းချက်တွေကို ခြိမ်းခြောက်ခံနေရတဲ့ အတွက် ကတိကဝတ်တွေကို အားဖြည့်ဖို့ နဲ့ ဒီကနေ့ နဲ့ မနက်ဖြန်မှာ ရင်ဆိုင်နေရတာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရောက်နေရတာပါ” လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ နေ့စဉ် ဒေါ်လာဘီလီယံနဲ့ ချီတဲ့ ကုန်စည်တွေ စီးဆင် နေတာကို တရုတ်တို့ က မတရား ရေပိုင်နက် တိုးချဲမှု နဲ့ ပတ်သက်ပြီး သူမက ရည်ညွှန်းပြောဆိုသွားတာပါ။

တရုတ်တွေက ပင်လယ်ထဲမှာ ကျွန်းတုတွေလုပ်ပြီး ရေပိုက်နက် တိုးချဲမှုကို အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ် ၊ ဖိလစ်ပိုင် တို့က ကျေနပ်မှု မရှိဘဲ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ တရုတ်တွေက တောင်တရုတ် ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တွေ မှာ အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ ကို လုပ်နေတယ်လို့ လည်း သူမက ဆိုပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေက တရုတ်တို့ ရဲ့ခြိမ်းခြောက်မှု ကို ခံနေရလို့ အမေရိကန်တွေ က အရှေ့တောင်အာရှနိုင်ငံတွေနဲ့ မဟာမိတ်ပြုပြီး အဲ့ဒိအကြပ်ကိုင် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်မယ်လို့ ဆိုပါတယ်။

REF: UPI,photo ;Credit  UpI

Zawgyi


တရုတ်တွေရဲ့ အကြပ်ကိုင်မှု ကို လက်တွဲ ရင်ဆိုင်ဖို့ အမေရိကန် ဒုသမ္မတ ပြေ
တရုတ်တွေရဲ့ အကြပ်ကိုင်မှု ကို လက်တွဲ ရင်ဆိုင်ဖို့ အမေရိကန် ဒုသမ္မတ ပြေ


မောင်ယဿ ( သြဂုတ် ၂၄ )




တရုတ်တွေရဲ့ အကြပ်ကိုင်မှု ကို လက်တွဲ ရင်ဆိုင်ဖို့ အမေရိကန် ဒုသမ္မတ ပြေ1






တရုတ်တွေရဲ့ အကြပ်ကိုင်မှု ကို လက်တွဲ ရင်ဆိုင်ဖို့ အမေရိကန် ဒုသမ္မတ ပြေ2



REF: UPI
photo ; UpI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …