တရုတ်က အိန္ဒိယသံသတ္တုရိုင်းကို ဆတိုးဝယ်မယ်ဆိုတော့ နယ်ခြားပြဿနာ အသံမထွက်တော့

International-news

တရုတ်က အိန္ဒိယသံသတ္တုရိုင်းကို ဆတိုးဝယ်မယ်ဆိုတော့ နယ်ခြားပြဿနာ အသံမထွက်တော့

၂၀၂၀ ပထမ ၆လအတွင်းမှာ တရုတ်နိုင်ငံက အိန္ဒိယမှ သံသတ္တရိုင်းတွေကို ဝယ်ယူမှု ဆတိုးမြှင့် လိုက်ပါတယ်။ တရုတ်ရဲ့ ဝယ်ယူမှု ပမာဏက လွန်ခဲ့တဲ့ ၈နှစ်အတွင်းမှာ အမြင့်ဆုံး စံချိန်ကိုရောက်ရှိခဲ့ပါတယ်။

တရုတ်တွေရဲ့ သံသတ္တုရိုင်း အဝယ်လိုက်မှုက အိန္ဒိယ သံထုတ်လုပ်တဲ့ သူတွေတောင် အံ့အား သင့်လောက်အောင်ကို ဖြစ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဈေးကွက်ပျက်နေတဲ့ အိန္ဒိယ သံထုတ်လုပ်လုပ်ရေး လုပ်ငန်းတွေ အကုန်လုံး ဖိုးကျိုင်းတုတ် ဖြစ်ကုန်ပါတယ်။

တရုတ်က အိန္ဒိယသံသတ္တုရိုင်းကို ဆတိုးဝယ်1

နယ်စပ်ဒေသ တိုက်ပွဲများကြောင့် အိန္ဒိယနဲ့ တရုတ်တို့ နိုင်ငံရေး စစ်ရေးအရ သဘောထားတင်းမာမှု ရှိနေပေမဲ့ တစ်ဖက်ကလည်း စီးပွားရေးလုပ်ငန်း စီးမျောမှုက အလွန်ချောမွေ့ နေပါတယ်။

အိန္ဒိယဆိပ်ကမ်းတွေမှာ တရုတ်က မှာထားတဲ့ သံရိုင်း တန်ချိန်သန်း၂၀ ကို သင်္ဘောတင်တဲ့ အလုပ်နဲ့ ရှုတ်နေပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်တုန်းကလည်း အခုလိုပဲ သံရိုင်းတွေကို သင်္ဘောပေါ်တင်ပေးပြီး နောက်မှာတော့ ဆိပ်ကမ်းတွေက ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း လည်ပတ်နေခဲ့တာပါ။

တရုတ်နိုင်ငံက သံရိုင်း ၆၅% ကို သြစတေးလျှ ကနေ မှာသွင်းတာပါ။ ဘရာဇီကနေ ၁၇% မှာယူ တင်သွင်းပါတယ်။ အခု နိုင်ငံရေး သဘောထား တင်းမာမှု ဖြစ်နေချိန်မှာ သြစတေးလျှဆီကနေ သံရိုင်းတွေကို လိုသလောက် မရနိုင်တော့လို့ အိန္ဒိယဘက်ကို လှည့်လာတာပါ။ နောက်ပြီး ငွေထည် တန်ချိန် သန်း ၅၅၀ ကိုလည်း အမှာရှိနေပါတယ်။

တရုတ်က အိန္ဒိယသံသတ္တုရိုင်းကို ဆတိုးဝယ်2

“အိန္ဒိယသံရိုင်းထုတ်တဲ့ သူတွေက အရမ်းကို ပျော်နေကြပါတယ်။ ကမ္ဘာ့စတီးအင်အားကြီး နိုင်ငံက ကိုဗစ်-၁၉ကြောင့် ပြည်တွင်းဈေးကွက် ပျက်နေတယ်လေ။ အခုရတဲ့ဈေးက ပုံမှန်ထက်တောင် များနေတယ်လေ။

ဒါကြောင့်အားလုံး အဆင်ပြေသွားကြတယ်ဗျာ” လို့အိန္ဒိယ သံထုတ်လုပ်ရေး ကုန်သည်များအဖွဲ့ အတွင်းရေမှူးက ဆိုတယ်။ စင်ကာပူစတော့မှာ သံရိုင်းပေါက်ဈေးက တစ်တန်ကို ၁၀၈ဒေါ်လာပေါက်ပါတယ်။ အခွန်၃၀% မပါဘဲ အရင်ပေါက်ဈေး ဒေါ်လာ၇၀ ထက်အများကြီး သာနေလို့ သံထုတ်လုပ်ရေး လုပ်ငန်းတွေ အကုန် အဆင်ပြေနေကြပါတယ်။

မောင်ယဿ, REF: bloomoberg, Photo; Bloomberg

Zawgyi




တရုတ်က အိန္ဒိယသံသတ္တုရိုင်းကို ဆတိုးဝယ်3







No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …