တရုတ်ကိုဗစ်ကာကွယ်ဆေး ဆီနိုဖမ်း က အလုပ်မဖြစ်ဘူလို့ မီဒီယာတွေရေးတော့မှ ဟန်ဂေရီအစိုးရ လန့်

တရုတ်ကိုဗစ်ကာကွယ်ဆေး ဆီနိုဖမ်း က အလုပ်မဖြစ်ဘူလို့ မီဒီယာတွေရေးတော့မှ ဟန်ဂေရီအစိုးရ လန့်

မောင်ယဿ ( ဇူလိုင် ၁၇ )

တရုတ်ကိုဗစ်ကာကွယ်ဆေး ဆိနိုဖမ်း ၂လုံးထိုးပြီးတာတောင် ကိုဗစ်ပိုးကို တိုက်ဖျက်ဖို့ ခန္တာကိုယ်က လိုအပ်တဲ့ ပဋိခန္တာပမာဏ မထွက်ဘူးလို့ မီဒီယာတွေမှာရေးသားဖော်ပြကြလို့ ဟန်ဂေရီအစိုးရက ကာကွယ်ဆေး တတိယအလုံး ထိုးဖို့အတွက် ပြင်ဆင်နေကြပါတယ်။

 

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအာ်ဘန်က “ ကျနော်တို့ အစိုးရအနေနဲ့ ကာကွယ်ဆေး ၂လုံး ထိုးပြီးတဲ့ သူတိုင်းကို နောက်ထပ်တစ်လုံး ထိုးဖို့ သြဂုတ်လ ၁ရက်နေ့မှာ စမှာပါ။

ကိုဗစ်ကာကွယ်ဆေး ဒုတိယအလုံး ထိုးပြီးလို့ ၄လ ကျော်တဲ့ သူတိုင်းကို တောက်လျှောက်ထိုးပေးဖို့ ခွင့်ပြုချက်ပေးလိုက်ပါပြီ” လို့ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဆိုပါတယ်။

ဆရာဝန်တွေ နဲ့ ကျန်းမာရေးလုပ်သားတွေအားလုံး မဖြစ်မနေ တတိယအလုံးကို စထိုးရပါမယ်။ စီနိုဖမ်းဆေးက ကိုဗစ်ရောဂါပိုးကို လုံး၀ ခံနိုင်ရည်မရှိဘူး ဆိုတဲ့ အကြောင်းကို ဟန်ဂေရီတူဒေး သတင်းစာမှာ စတင် ဖော်ပြခဲ့တာပါ။

တရုတ်ကိုဗစ်ကာကွယ်ဆေး ဆီနိုဖမ်း က အလုပ်မဖြစ်ဘူလို့ မီဒီယာတွေရေးတော့မှ ဟန်ဂေရီအစိုးရ လန့်

သူတို့ ဆေး ၂လုံး ထိုးပြီး တာတောင် ကူးစက်ခံရပြီးနောက် ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ လူနာတွေနဲ့ တွေ့ဆုံပြီး အင်တာဗျူးခဲ့တာပါ။ “ ကော်ရိုနာဗိုင်းရက် ကို ခံနိုင်ရည်ရှိတဲ့ ကိုယ်ခံတွေ အပြည့်အစုံ မထွက်ဘူး” လို့ ဆိုပါတယ်။

ဟန်ဂေရီ ဖေ့စ်ဘုတ် အုပ်စုကလည်း “ စီနိုဖမ်းကာကွယ်ဆေး ကို ပြည်တွင်း ဓာတ်ခွဲ စမ်းသက်ချက် မလုပ်ထား ပါဘူး” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

အဲ့ဒိစကားကို ကာကွယ်ဆေးထိုးထားတဲ့ လူ ၆၀၀၀ ကို စစ်ဆေးပြီးမှ ဆိုတာပါ။ ဟန်ဂေရီက တရုတ်နိုင်ငံထုတ် ဆီနိုဖမ်း ကိုဗစ်ကာကွယ်ဆေး ကို ပြည်တွင်သုံးဖို့ အတွက် ခွင့်ပြုခဲ့ပြီးနောက် ဖေဖော်ဝါရီလကတည်းက စတင်ထိုးနှံပေးခဲ့တာပါ။

ဟန်ဂေရီက ဥရောပသမဂ္ဂ နိုင်ငံတွေ ထဲမှာ ပထမဆုံး တရုတ်ဆေးကို ပြည်တွင်း သုံဖို့ခွင့်ပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒေသန္တရ ဓာတ်ခွဲခန်းတွေရဲ့ ဆေးစစ်ချက်မှာတော့ စီနိုဖမ်းဆေးက အရမ်ပျော့တယ်လို့ ဆိုပါတယ်၊ ကိုဗစ်ပိုးကို လုံးလုံး တိုက်နိုင်ဖို့အတွက် မတတ်နိုင်ပါဘူး။

တရုတ်ကိုဗစ်ကာကွယ်ဆေး ဆီနိုဖမ်း က အလုပ်မဖြစ်ဘူလို့ မီဒီယာတွေရေးတော့မှ ဟန်ဂေရီအစိုးရ လန့်

အလုပ်သမား ၈၀၀၀ ကုမ္ပဏီတစ်ခုမှာ ၃ပုံ၁ပုံလောက်ပဲ ကိုဗစ်ပိုးကို ခံနိုင်ရည်ရှိတယ် လို့ ကုမ္ပဏီပိုင်ရှင်က ဆိုပါတယ်။ အခုတော့ ဟန်ဂေရီတင် မကတော့ပါဘူး ဘာရိန်း ယူအေအီးနဲ့ အစ္စရေးတို့ မျာလည်း တတိယအလုံး ဆက်ထိုးနေရပါပြီ။
REF: UPI, Photo credit : UPI

zawgyi

တ႐ုတ္ကိုဗစ္ကာကြယ္ေဆး ဆီႏိုဖမ္း က အလုပ္မျဖစ္ဘူလို႔ မီဒီယာေတြေရးေတာ့မွ ဟန္ေဂရီအစိုးရ လန႔္

ေမာင္ယႆ ( ဇူလိုင္ ၁၇ )

တ႐ုတ္ကိုဗစ္ကာကြယ္ေဆး ဆိႏိုဖမ္း ၂လုံးထိုးၿပီးတာေတာင္ ကိုဗစ္ပိုးကို တိုက္ဖ်က္ဖို႔ ခႏၲာကိုယ္က လိုအပ္တဲ့ ပဋိခႏၲာပမာဏ မထြက္ဘူးလို႔ မီဒီယာေတြမွာေရးသားေဖာ္ျပၾကလို႔ ဟန္ေဂရီအစိုးရက ကာကြယ္ေဆး တတိယအလုံး ထိုးဖို႔အတြက္ ျပင္ဆင္ေနၾကပါတယ္။

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာအာ္ဘန္က “ က်ေနာ္တို႔ အစိုးရအေနနဲ႔ ကာကြယ္ေဆး ၂လုံး ထိုးၿပီးတဲ့ သူတိုင္းကို ေနာက္ထပ္တစ္လုံး ထိုးဖို႔ ၾသဂုတ္လ ၁ရက္ေန႔မွာ စမွာပါ။

ကိုဗစ္ကာကြယ္ေဆး ဒုတိယအလုံး ထိုးၿပီးလို႔ ၄လ ေက်ာ္တဲ့ သူတိုင္းကို ေတာက္ေလွ်ာက္ထိုးေပးဖို႔ ခြင့္ျပဳခ်က္ေပးလိုက္ပါၿပီ” လို႔ ေသာၾကာေန႔က ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲ မွာ ဆိုပါတယ္။

ဆရာဝန္ေတြ နဲ႔ က်န္းမာေရးလုပ္သားေတြအားလုံး မျဖစ္မေန တတိယအလုံးကို စထိုးရပါမယ္။ စီႏိုဖမ္းေဆးက ကိုဗစ္ေရာဂါပိုးကို လုံး၀ ခံႏိုင္ရည္မရွိဘူး ဆိုတဲ့ အေၾကာင္းကို ဟန္ေဂရီတူေဒး သတင္းစာမွာ စတင္ ေဖာ္ျပခဲ့တာပါ။

သူတို႔ ေဆး ၂လုံး ထိုးၿပီး တာေတာင္ ကူးစက္ခံရၿပီးေနာက္ ေရာဂါေဝဒနာကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရတဲ့ လူနာေတြနဲ႔ ေတြ႕ဆုံၿပီး အင္တာဗ်ဴးခဲ့တာပါ။ “ ေကာ္႐ိုနာဗိုင္းရက္ ကို ခံႏိုင္ရည္ရွိတဲ့ ကိုယ္ခံေတြ အျပည့္အစုံ မထြက္ဘူး” လို႔ ဆိုပါတယ္။

ဟန္ေဂရီ ေဖ့စ္ဘုတ္ အုပ္စုကလည္း “ စီႏိုဖမ္းကာကြယ္ေဆး ကို ျပည္တြင္း ဓာတ္ခြဲ စမ္းသက္ခ်က္ မလုပ္ထား ပါဘူး” လို႔ ေရးသား ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒိစကားကို ကာကြယ္ေဆးထိုးထားတဲ့ လူ ၆၀၀၀ ကို စစ္ေဆးၿပီးမွ ဆိုတာပါ။ ဟန္ေဂရီက တ႐ုတ္ႏိုင္ငံထုတ္ ဆီႏိုဖမ္း ကိုဗစ္ကာကြယ္ေဆး ကို ျပည္တြင္သုံးဖို႔ အတြက္ ခြင့္ျပဳခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလကတည္းက စတင္ထိုးႏွံေပးခဲ့တာပါ။

ဟန္ေဂရီက ဥေရာပသမဂၢ ႏိုင္ငံေတြ ထဲမွာ ပထမဆုံး တ႐ုတ္ေဆးကို ျပည္တြင္း သုံဖို႔ခြင့္ျပဳတဲ့ ႏိုင္ငံ ျဖစ္ပါတယ္။
ေဒသႏၲရ ဓာတ္ခြဲခန္းေတြရဲ႕ ေဆးစစ္ခ်က္မွာေတာ့ စီႏိုဖမ္းေဆးက အရမ္ေပ်ာ့တယ္လို႔ ဆိုပါတယ္၊ ကိုဗစ္ပိုးကို လုံးလုံး တိုက္ႏိုင္ဖို႔အတြက္ မတတ္ႏိုင္ပါဘူး။

အလုပ္သမား ၈၀၀၀ ကုမၸဏီတစ္ခုမွာ ၃ပုံ၁ပုံေလာက္ပဲ ကိုဗစ္ပိုးကို ခံႏိုင္ရည္ရွိတယ္ လို႔ ကုမၸဏီပိုင္ရွင္က ဆိုပါတယ္။ အခုေတာ့ ဟန္ေဂရီတင္ မကေတာ့ပါဘူး ဘာရိန္း ယူေအအီးနဲ႔ အစၥေရးတို႔ မ်ာလည္း တတိယအလုံး ဆက္ထိုးေနရပါၿပီ။
REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …