တစ်ပတ်ကို ၃နာရီပဲ အွန်လိုင်းဂိမ်းကစားရမယ်လို့ တရုတ်က ပြည်တွင်းကလေးတွေကို ထပ်မံ တားမြစ်
- By : Kaung Khant
- Category : International-news

တစ်ပတ်ကို ၃နာရီပဲ အွန်လိုင်းဂိမ်းကစားရမယ်လို့ တရုတ်က ပြည်တွင်းကလေးတွေကို ထပ်မံ တားမြစ်
မောင်ယဿ ( သြဂုတ် ၃၁ )
တရုတ်အစိုးရ က ပြည်တွင်းက ကလေးတွေ အွန်လိုင်းဂိမ်းစွဲလမ်းပြီး အချိန်တွေဖြုန်းနေတဲ့ အတွက် ၂၀၁၉ ခုနှစ်တုန်းက ကလေးတွေကို တစ်ရက် ၁နာရီခွဲ ထက်ပိုပြီး ဂိမ်းမဆော့ရဘူးလို့ တားမြစ်တဲ့ အမိန့် ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ မနေ့ကတော့ အဲ့ဒိအမိန့်ကိုပြင်ဆင်ပြီး ကလေးတွေအနေနဲ့ တစ်ပတ်ကို ၃ နာရီထက် အွန်လိုင်းဂိမ်းတွေ မဆော့ရဘူးလို့ ထပ်မံအမိန့် ထုတ်လိုက်ပါတယ်။
အဲ့ဒိအမိန့်မှာ အွန်းလိုင်းဂိမ်းဖန်တီးတဲ့ ကုမ္ပဏီတွေအနေနဲ့ ကစားသမားတွေကို စနစ်တကျ ထိန်းချုပ်ထားဖို့ လည်း ပါပါတယ်။ ကလေးတွေ အွန်လိုင်းဂိမ်းမှာ မှတ်ပုံတင်ထားရင် သူတို့ရဲ့ ကစားချိန်ကို မှတ်ထားပြီ အချိန်ပြည့်ပါက ဖြတ်ချဖို့အတွက်လည်း ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
တရုတ်အမျိုးသား ပြန်ကြားရေး နဲ့ပြည်သူ့ အုပ်ချုပ်ရေးဝန်ကြီးဌာနက အသက် ၁၈ အောက် မည်သူမဆို တစ်ပတ်ကို အွန်လိုင်းဂိမ်း နဲ့ ဗီဒီယိုဂိမ်းတွေ ကို ၃နာရီပဲ ဆော့ရမယ်လို့ မနေ့က အမိန့် ထုတ်ပြန် လိုက်ပါတယ်။ အဲ့ဒိအမိန့်ကြောင့် တရုတ် အွန်လိုင်း ဗီဒီယိုဂိမ်း ဘီလူးကြီးတွေ ဖြစ်တဲ့ Tencent ကနေ Net Ease တိုကအထိ အားလုံး လှုတ်လှုတ်ရှား ရှားဖြစ်ကုန်ပါတယ်။
၁၈ နှစ်အောက် ကလေးတွေ က သောကြာ ၊ စနေ ၊ တနင်္ဂနွေ လို အားလပ်ရက်တွေမှာ ည ၈ နာရီကနေ ၉ နာရီအထိပဲ ကစားခွင့်ရမှာပါ။ ဒါပေမဲ့ တရားဝင်ရုံးပိတ်ရက်တွေမှာလည်း ညဖက် ၁ နာရီ ကစားခွင့် ရကြမှာပါ။
ဝန်ကြီးဌာနကတော့ ကလေးတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ကျန်းမာသန်စွမ်း နိုင်အောင် လို့ အခုလို အမိန့်ထုတ်လိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဂိမ်းကုမ္ပဏီတွေကို မှတ်ပုံတင်ထားတဲ့ သူတွေကို နောက်ကြောင်စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ညွှန်ကြားထားပါတယ်။ အွန်လိုင်း ဗီဒီယိုဂိမ်းဆော့တဲ့ ကလေးမှန်သမျှကို အချိန်စစ်ဆေးမှု လုပ်ဖို့ကိုလည်း ဆိုထားပါတယ်။
“ ၁၈ နှစ်အောက် အွန်လိုင်း ဗီဒီယိုဂိမ်းကစားတဲ့ ကလေး က ပြည်တွင်း မှာ သန်း ၁၁၀ ကျော်ရှိပါတယ်။ ကျနော်တို့ က ကစားသမားတွေရဲ့ အရေအတွက် ကို လျှော့ချနိုင်ဖို့ရယ် ကစားချိန် လျှော့ချဖို့ ရယ် နဲ့ သူတို့ရဲ့ မုန့်ဖိုးတွေ မဆုံး ရှုံးစေဖို့အတွက် ရည်ရွယ်ပြီး အခုလို အမိန့် ထုတ်လိုက်တာဖြစ်တယ်”လို့ ဘေဂျင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
REF: CNBC,Photo:Credit reddit
Zawgyi
တစ္ပတ္ကို ၃နာရီပဲ အြန္လိုင္းဂိမ္းကစားရမယ္လို႔ တ႐ုတ္က ျပည္တြင္းကေလးေတြကို ထပ္မံ တားျမစ္

ေမာင္ယႆ ( ၾသဂုတ္ ၃၁ )
တ႐ုတ္အစိုးရ က ျပည္တြင္းက ကေလးေတြ အြန္လိုင္းဂိမ္းစြဲလမ္းၿပီး အခ်ိန္ေတြျဖဳန္းေနတဲ့ အတြက္ ၂၀၁၉ ခုႏွစ္တုန္းက ကေလးေတြကို တစ္ရက္ ၁နာရီခြဲ ထက္ပိုၿပီး ဂိမ္းမေဆာ့ရဘူးလို႔ တားျမစ္တဲ့ အမိန႔္ ထုတ္ခဲ့ပါတယ္။
ဒါေပမဲ့ မေန႔ကေတာ့ အဲ့ဒိအမိန႔္ကိုျပင္ဆင္ၿပီး ကေလးေတြအေနနဲ႔ တစ္ပတ္ကို ၃ နာရီထက္ အြန္လိုင္းဂိမ္းေတြ မေဆာ့ရဘူးလို႔ ထပ္မံအမိန႔္ ထုတ္လိုက္ပါတယ္။
အဲ့ဒိအမိန႔္မွာ အြန္းလိုင္းဂိမ္းဖန္တီးတဲ့ ကုမၸဏီေတြအေနနဲ႔ ကစားသမားေတြကို စနစ္တက် ထိန္းခ်ဳပ္ထားဖို႔ လည္း ပါပါတယ္။ ကေလးေတြ အြန္လိုင္းဂိမ္းမွာ မွတ္ပုံတင္ထားရင္ သူတို႔ရဲ႕ ကစားခ်ိန္ကို မွတ္ထားၿပီ အခ်ိန္ျပည့္ပါက ျဖတ္ခ်ဖို႔အတြက္လည္း ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။
တ႐ုတ္အမ်ိဳးသား ျပန္ၾကားေရး နဲ႔ျပည္သူ႔ အုပ္ခ်ဳပ္ေရးဝန္ႀကီးဌာနက အသက္ ၁၈ ေအာက္ မည္သူမဆို တစ္ပတ္ကို အြန္လိုင္းဂိမ္း နဲ႔ ဗီဒီယိုဂိမ္းေတြ ကို ၃နာရီပဲ ေဆာ့ရမယ္လို႔ မေန႔က အမိန႔္ ထုတ္ျပန္ လိုက္ပါတယ္။ အဲ့ဒိအမိန႔္ေၾကာင့္ တ႐ုတ္ အြန္လိုင္း ဗီဒီယိုဂိမ္း ဘီလူးႀကီးေတြ ျဖစ္တဲ့ Tencent ကေန Net Ease တိုကအထိ အားလုံး လႈတ္လႈတ္ရွား ရွားျဖစ္ကုန္ပါတယ္။
၁၈ ႏွစ္ေအာက္ ကေလးေတြ က ေသာၾကာ ၊ စေန ၊ တနဂၤေႏြ လို အားလပ္ရက္ေတြမွာ ည ၈ နာရီကေန ၉ နာရီအထိပဲ ကစားခြင့္ရမွာပါ။ ဒါေပမဲ့ တရားဝင္႐ုံးပိတ္ရက္ေတြမွာလည္း ညဖက္ ၁ နာရီ ကစားခြင့္ ရၾကမွာပါ။
ဝန္ႀကီးဌာနကေတာ့ ကေလးေတြရဲ႕ ႐ုပ္ပိုင္း ဆိုင္ရာနဲ႔ စိတ္ပိုင္း ဆိုင္ရာ ျပန္လည္က်န္းမာသန္စြမ္း ႏိုင္ေအာင္ လို႔ အခုလို အမိန႔္ထုတ္လိုက္တာပဲျဖစ္တယ္လို႔ ဆိုပါတယ္။
ေနာက္ၿပီး ဂိမ္းကုမၸဏီေတြကို မွတ္ပုံတင္ထားတဲ့ သူေတြကို ေနာက္ေၾကာင္စစ္ေဆးမႈေတြ လုပ္ဖို႔အတြက္ ၫႊန္ၾကားထားပါတယ္။ အြန္လိုင္း ဗီဒီယိုဂိမ္းေဆာ့တဲ့ ကေလးမွန္သမွ်ကို အခ်ိန္စစ္ေဆးမႈ လုပ္ဖို႔ကိုလည္း ဆိုထားပါတယ္။
“ ၁၈ ႏွစ္ေအာက္ အြန္လိုင္း ဗီဒီယိုဂိမ္းကစားတဲ့ ကေလး က ျပည္တြင္း မွာ သန္း ၁၁၀ ေက်ာ္ရွိပါတယ္။ က်ေနာ္တို႔ က ကစားသမားေတြရဲ႕ အေရအတြက္ ကို ေလွ်ာ့ခ်ႏိုင္ဖို႔ရယ္ ကစားခ်ိန္ ေလွ်ာ့ခ်ဖို႔ ရယ္ နဲ႔ သူတို႔ရဲ႕ မုန႔္ဖိုးေတြ မဆုံး ရႈံးေစဖို႔အတြက္ ရည္႐ြယ္ၿပီး အခုလို အမိန႔္ ထုတ္လိုက္တာျဖစ္တယ္”လို႔ ေဘဂ်င္းအစိုးရ ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။
REF: CNBC
Photo: reddit
No Comments